နှင်းမဝေနိုင်တဲ့ဆောင်း
ဆောင်းရဲ့အငွေ့အသက်တွေကို ပြည့်ပြည်ဝဝ ခံစားရရှိခြင်းမရှိတဲ့ ဆောင်းရာသီရဲ့ နံနက်ခင်းတစ်ခု
မှာဖြစ်ပါတယ်။လူတစ်စုဟာ ဓားတွေ၊ လွှတွေ၊ ရဲဒင်းတွေ ကြိုးတွေကို အသုံးပြုပြီး သစ်ပင်ကြီး တစ်ပင်ကို ခုတ်
ဖြတ်ဖို့ ပြင်ဆင်နေခဲ့ကြပါတယ်။သစ်ပင်ကြီးကို ဘာအတွက်ခုတ်ကြမှာလဲ ၊ဘာ့ကြောင့် ခုတ်ကြတာလဲ။တချို့ အ
ကိုင်း၊ အခက်ေတွေကိုပဲ ခုတ်မှာလား ၊ဒါမှမဟုတ် အဲဒီ့အပင်ကြီးရဲ့ ပင်စည်အရင်းကနေပဲ ခုတ်လှဲပြစ်လိုက်ကြ
မြာလား ဘယ္လို ခုတ်ကြမှာလဲဆိုတာကိုတော့ ကျွန်တော်လည်း မသိပါဘူး။ကျွန်တော် သိတာက အဲဒီ့နေ့က
ကောင်းကင်ကြီးတစ်ခုလုံးမှာ မိုးရဲ့ အရိပ် မိုးရဲ့အရောင်တွေ တွဲလွဲဲခိုနေခဲ့ကြတယ် ဆိုတာကိုပါပဲ။
တကယ်လည်း အဲဒီနေ့က ဆောင်းဟာ လိင်ပြောင်းဖို့ စိတ်အား ထက်သန်နေသူတစ်ယောက်ရဲ့ ပုံစံ
မျိုးနဲ့ မိုးရဲ့ အရိပ် မိုးရဲ့ အရောင်တွေကို ညို့နေအောင် ပန်ဆင်ထားခဲ့ပါတယ်။(မိတ်ဆွေတစ်ယောက်ကတော့ ဘ
င်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတယ်ဆိုတဲ့ လေဖိအားနည်း ရပ်ဝန်းကြောင့်လို့ဆိုပါတယ်။)ဘာကြောင့်ဖြစ်
ဖြစ် အဲဒီနေ့က ကျွန်တော်တို့ မြို့ကလေးကနေ မြင်ရတဲ့ ကောင်းကင်ကြီးတစ်ခုလုံးမှာ မိုးသားတိမ်ညိုတွေ ဆိုင်း
အုံ့ ခဲပြစ်နေတာကတော့ အသေအချာပါပဲ။အမှန်အတိုင်း ဝန်ခံရရင် နှင်းတွေ တဖြဲဖြဲ ကျနေသင့်တဲ့ အချိန်မှာ မိုး
ရဲ့ အရိပ်အရောင်တွေကို မြင်နေရတဲ့ ကိစ္စက ကျွန်တော့် အတွက်တော့ သိပ်အဆင်မပြေလှပါဘူး။။ပြောသာ ေ
ပြာသာပြောရ ဆောင်းရာသီမှာ မိုးရွာတဲ့ဆိုတဲ့ ကိစ္စက ဒီဘက် သက္ကရာဇ်တွေမှာ မလိုချင်ဘူးဆိုရင်တောင် ငြင်း
ဆန်ဖို့ သိပ်မလွယ်ကူတော့ပါဘူး။နှင်းစက် နှင်းမှုန်တွေ တဖြဲဖြဲ တမှုန်မှုန် ကျဆင်းနေတဲ့ နံနက်ခင်းတွေရဲ့ ကြား
ထဲမြာ မိုးသားညိုညိုတွေ ညိုမည်းအုံ့ခဲနေတဲ့ နံနက်ခင်းတွေကို တွေ့ရတဲ့ကိစ္စက အတိအက် မဟုတ်တောင် ဝီရိ
ယထား စောင့်ကြည့်မှ တွေ့ကြရမဲ့ အခြေအနေမျိုး မဟုတ်တော့ပါဘူး။ပြောရရင် ဆောင်းရာသီမှာ မိုးရွာတယ်
မိုးသားတွေ အုံ့ခဲ ညိုမည်းနေတာကို တွေ့ရတယ်ဆိုတဲ့ ကိစ္စဟာ ထူးဆန်းသလိုလိုနဲ့ မထူးဆန်းတော့တဲ့ ကိစ္စပဲ
ဖြစ်ပါတယ်။း(။တချို့နှစ်တွေမှာဆိုရင်ဆောင်းဟာ လုံးဝ ရောက်မလာခဲ့ဘူးလိုတောင်မှ ထင်မိပါတယ်)
သေချာတာက ကျွန်တော်တို့ ငယ်ငယ်တုန်းက ဆောင်းဆိုတာက အခုလို လေအေး ပေးစက်တွေ
ပန်ကာတွေရဲ့ အကူအညီနဲ့ အေအးဓာတ္ကို ဖန်တီးရယူနေရတဲ့ အခြေအနေမျိုး မဟုတ်ပါဘူး။အနွေးထည် ထူ
ထူကိုဝတ် ခြံထဲကိုဆင်း၊ သစ်ရွက်ခြောက်တွေကို စုပုံ မြှိုက်ရှို့ပြီး ခန္ဓာကိုယ်ကို အနွေးဓာတ်ရအောင် ပြုလုပ်ပေး
ကြရတဲ့အထိ အေးမြနေတဲ့ဆောင်း ဒီလိုဆောင်းမျိုးဖြစ်ပါတယ်။ညအိပ်ရာဝင်တဲ့အခါ စောင်အထပ်ထပ်ကို တင်း
နေအောင် ဆွဲခြုံအိပ်စက်ကြရတဲ့အထိ အေးမြမှု အငွေ့အသက်တွေကို ပေးတတ်တဲ့ ရာသီ ဒီလို ရာသီမျိုး ဖြစ်ပါ
တယ်။ကိုယ့်နံဘေးမှာ ရှိနေတဲ့ မိဘေတြ ချစ်ခင်သူတွေရဲ့ ရင်ခွင်ထဲကို အတင်းတိုးဝှေ့ဝင်ရောက်ကြရတဲ့ အထိ
ဆောင်းပီပီသသရှိတဲ့ ရာသီမျိုး ဖြစ်ပါတယ်။
မနက်စောစော အိပ်ရာကနေထ ပါးစပ်ဟပြီး ဟားခနဲ လုပ်လိုက်
ရင် အငွေ့တွေ တလွင့်လွင့် ထွက်လာတတ်တဲ့အထိအေးမြတဲ့ ဆောင်း ရာသီမျိုးပဲ ဖြစ်ပါတယ်။”မှိုင်အုပ်ဆီးကြွေ
ချမ်းထွေထွေသည် ဝေဘိသည်လည်း အိုဘဲ့နှင်း”ဆိုသလို တစ်နေ့လုံး အနွေးထည်ကို မချွတ်စတမ်းဝတ်ထားရတဲ့ အေးမြတဲ ဆောင်းနေ့ရက်မျိုးများပဲ ဖြစ်ပါတယ်။ဆောင်းရာသီပဲလားဆိုတော့ မိုးရာသီဟာလည်း မိုးရာသီ ပီပီသသ စိုစွတ်အေးမြလို့ နွေရာသီကလည်း နွေရာသီလို ကိုယ်ပိုင် သင်္ကေတတွေနဲ့ သာယာလို့ လှပလို့။ဘယ်လောက်အထိ တာဝန်ကြေခဲ့ကြပါသလည်းဆိုရင် နှင်းတွေကြောင့် ကျွန်တော်တို့မြို့ကလေးနဲ့ ရွှေမြို့တော်ကြီးကို ဆက်သွယ်ပေးနေတဲ့ သင်္ဘောကြီးတွေဟာ သူတို့ရဲ့ ထွက်ခွာချိန်တွေကို အကြိမ်ကြိမ် နောက်ဆုတ်ပေးခဲ့ကြရတဲ့အထိပါပဲ။မြစ်ထဲကို ရောက်နေတဲ့ သမ္ဗာန်ကလေးတွေဟာ ရုတ်တရက် ကျရောက်လာတဲ့ နှင်းတွေကြောင့် လမ်းပျောက်ခဲ့ကြရတယ်ဆိုတဲ့ သတင်းတွေကို အကြိမ်ကြိမ် အထပ်ထပ် ကြားခဲ့ကြရတဲ့ အထိပါပဲ။
(အဲဒီကာလတုန်းက ဆောင်းဟာ သဘာဝအတိုင်း ပေါက်ရောက်ပွင့်လန်းနေတဲ့ တောပန်းကေလေးတစ်ပွင့်နဲ့
အလားသဏ္ဌာန်တူပြီး ဒီနေ့ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ဆောင်းကတော့ လူတွေရဲ့ ပယောဂကြောင့် ကြီးထွာ
းခြင်တိုင်း ကြီးထွားခွင့် မရတဲ့ ဘွန်ဆိုင် သစ်ပင် တစ်ပင်နဲ့ တူတယ်လို့ ကျွန်တော်ကတော့ င်္ဒီလိုပဲ ထင်မြင်မိပါတ
ယ်)
တကယ်တော့ နွေ မိုး ဆောင်းဆိုတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ရာသီဥတုတွေထဲမှာ ဆောင်းရာသီဆိုတာ
ကျွန်တော့်စိတ်ကို အစွဲဆောင်နိုငိဆုံး ရာသီတစ္ခုပဲ ဖြစ်ပါတယ်။နှင်းစက် နှင်းမှုန်တွေ တဖွဲဖွဲတသုန်သုန် ကျဆင်း
နေတဲ့ ဆောင်းနံနက်ခင်းတွေဟာ မိုးသားတွေ အုံခဲ့ ညိုမည်းနေတဲ့ မိုးရာသီရဲ့ ကောငိးကင်ကြီးနဲ့ ဥသြသံနဲ့ သ
စ်ရွက်နုကလေးတွေကို ပိုင်ဆိုင်ထားတဲ့ နွေရက်တွေထက် ကျွန်တော့်ရဲ့ စိတ္ကို ပိုပြီး ညှိုငင် ယူနိုင်စွမ်းပါတယ်။
အထူးသဖြင့် အေးအေးမြမြ ဆောင်းရဲ့ အငွေ့အသက်က နွေရာသီရဲ့ နွေးထွေးမှု မိုးရာသီနေ့ရက်တွေရဲ့ စိမ်းမြမှု
တွေထက် ကျွန်တော်စိတ်ကို ပိုပြီး ကျေနပ်မှု ဖြစ်စေပါတယ်။ဆေင်းနံနက်ခင်းတွေမှာ စောစောထပြီး လမ်းလျှော
က်ရတာဟာ မိုးရာသီရဲ့ မိုးရေစက်တွေထဲမှာ ပြေးလွှာခုန်ပေါက်ရတာထက် ကျွန်တော့်ကို ပိုပြီး ပျော်ရွှင်စေပါတ
ယ်။ဆောင်းရာသီမှာ ပွင့်တတ်တဲ့ ဂေါ်သဇင်ပန်းတွေက နွေဦးကို ကြိုတတ်တဲ့ တော်ဝင်ပိတောက်ပန်းတွေထက်
ကျွန်တော့်ကို ပိုပြီး လန်းဆန်းမှုကို ပေးနိုင်ကြပါတယ်။(စကားမစပ် ကျွန်တော်က ပိတောက်ပန်းတွေကို နွေရဲ့ သ
င်္ကေတလို့ အသိအမှတ်ပြုသလို ဂေါ်သဇင်ပန်းတွေကိုလည်း ဆောင်းရဲ့ ဘုရင်မတွေလို့ သတ်မှတ်ပါတယ်)သေ
ခ်ာတာက ဘယ္လ ဘယ်ရက်တွေက ဆောင်းရာသီ ဖြစ်တယ်လို့ ဘယ်သူတွေကပဲ သတ်မှတ် သတ်မှတ် အေ
အးဓာတ်တွေ တဖျပ်ဖျပ် ခုန်မနေရင် ဆောင်းဟာ ဆောင်းမဖြစ်နိုင်ပါဘူး။နှင်းစက် နှင်းမှုန်တွေ တဖြဲဖြဲ တသုန်သု
န်မကခုန်နေရင် ဆောင်းဟာ ဆောင်းလို့ မမည်နိုင်ပါဘူူး။တကယ်လည်း ဆောင်းရဲ့ သင်္ကေတကိုက အေးမြခြင်း
ပဲ ဖြစ်ပါတယ်။ဆောင်းမှန်ရင် နှင်းပုဝါကို ခြုံထားရမယ်ဆိုတဲ့ သတ်မှတ်ချက်မျိုးမရှိပေမဲ့ ဆောင်းမှန်ရင်တော့ နှင်း
စက် နှင်းမှုန်တွေနဲ့ ချစ်ခင်ရင်နှီးပုံ ပြရမှာပါပဲ။
ဘယ်လိုပဲ ဖြစ်ဖြစ် ဆောင်းရာသီ အပါအဝင် နွေ မိုး ဆောင်းဆိုတဲ့ ရာသီဥတုတွေဆိုတာက သစ်
တော သစ်ပင် သဘာဝ ပတ်ဝန်ကျင်တွေနဲ့ ကင်းကွာလို့ မရနိုင်ပါဘူးဆိုတာတော့ အေသအခ်ာပဲ ဖြစ်ပါတယ်။
တကယ်လည်း သစ်တော သစ်ပင်များဟာ ရာသီဥတုကို ထိန်းညှိပေးနိုင်တာမို့ သစ်တောရှိတဲ့ အရပ်ဒေသ
တွေဟာ ရာသီဥတု မျှတတယ်လို့ ဆိုပါတယ်။သစ်တောတွေရှိတဲ့ အရပ်တွေဟာ မိုးရွာသွန်းမှုကို ဖြစ်ပေါ်စေပြီး
မိုးခေါင်မှုကို ကင်းဝေစေနိုင်တယ်လို့ ဆိုပါတယ်။( ကျွန်တော်တို့ မြန်မာနိုင်ရဲ့ အလယ်ပိုင်းဒေသတွေမှာ မိုးခေါင်
ရေရှားရခြင်းက အဲဒီ့ဒေသတွေမှာ သစ်တောသစ်ပင်တွေ နည်းပါးခြင်းအချက်က အဓိက ဖြစ်တယ်လို့ ဆိုပါတ
ယ်။လေ့လာသူများရဲ့ အဆိုအရ သစ်တောသစ်ပင်များနဲ့ ရာသီဥတု ပြောင်းလဲလာမှုတွေဟာ တိုက်ရိုက်သက်ဆို
င်နေတယ်လို့ ဆိုပါတယ်။ကမ်ဘာကြီး တစ်နေ့တခြား ပူနွေးလာတာ အေးမြတဲ့ ဆောင်းရာသီနေ့ရက်တွေ လျှော့န
ည်းလာတာလို့ ဖြစ်စဉ်တွေ ဖြစ်ပေါ်လာတာဟာ မော်တော်ကားများ ဆိုင်ကယ်များ စက်ရုံများမှ ထွက်ပေါ်လာတဲ့
ဆိုးရွားတဲ့ ဓာတ်ငွေ့တွေကို စုပ်ယူဖို့ သစ်ပင်တွေ လုံလောက်စွာ မရှိတော့လို့ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။( သစ်
ပင်တွေဟာ ညစ်ညမ်းတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေကို စုပ်ယူပြီး ကမ်ဘာကြီးအတွက် ကျွန်တော်တို့အ
တွက် အလွန်အသုံးဝင်သော မရှိမဖြစ် သန့်စင်သော အောက်စီဂျင်များကို ပြန်လည် ထုတ်လွှတ်ပေးပါတယ်)။
အဲဒီလိုပါပဲ မိုးခေါင်တာ ရေကြီးတာ တောမီးလောင်တာ ရေခဲတောင်တွေ အရည်ပျော်မှု မြင့်တက်လာတာလို အ
ခြေအနေတွေ အားလုံးဟာလည်း သစ်တော သစ်ပင်တွေ နည်းပါးလာခြင်းနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။ရာ
သီဥတု အခြေအနေတို့သာပဲလားဆိုတော့ မိုးမျှော်အဆောက်အဦးကြီးများကနေ ကျေးရွာဇနပုဒ်က တဲကေလးမ်
ား ဆောက်လုပ်ဖို့ အထိတိုင်အောင် သစ်တောသစ်ပင်များရဲ့ ကျေးဇူးနဲ့ မကင်းလွတ်နိုင်ပါဘူး။ကျွန်တော်တို့ စား
သောက် နေကြရတဲ့ အစားအသောက် ဆေးဝါး သစ်သီး၊ သစ်ဥ၊ သစ္ဖု၊ သစ်ရွက်၊ သစ်မြစ်များအားလုံးဟာ သစ်
တောသစ်ပင်များဆီက ရရှိနေတာပဲ ဖြစ်ပါတယ်။( ယနေ့ အလွန်ခေတ်စား ထင်ရှားနေတဲ့ ပလတ်စတစ် လုပ်ငန်
းတွေမှာ ထည့်သွင်းအသုံးပြုကြရတဲ့ ဆဲလျူလို့ ဆိုတာဟာ သစ်ပင်ကနေ ထုတ်ယူရရှိတဲ့ ပစ္စည်းတစ်ခုဖြစ်တယ်
လို့ ဆိုပါတယ်။)
ပြောချင်တာက ဆောင်းက ဆောင်းမပီသတော့တာ မိုးဟာ မိုးအဖြစ် မထင်ရှားတော့တာ မိုးဟာ
မိုးဖြစ်တာထက် ပိုလာတာ နွေဟာ မီးလို ပူလောင်လာတာအဆုံး အားလုံးသော ရာသီဥတု အခြေအနေတွေဆို
တာ သစ်တောသစ်ပင်တွေ နညိးပါးလာခြင်းနဲ့ တိုက်ရိုက်ပတ်သက် ဆက်နွယ်နေတယ်ဆိုတဲ့ အကြောင်းကိုပဲ
ဖြစ်ပါတယ်။။အထူးသဖြင့် ဆောင်းမှာ နှင်းကျသံ တဖြောက်ဖြောက် ကို မကြားရတော့တာဟာ ဆောင်းမနက်စေ
ာစောမှာ အခုတ္ခံရေတာ့မဲ့ သစ်ပင်ကြီးလို သစ်ပင်တွေနဲ့ သက်ဆိုင်နေပါတယ်။ထင်းဖြစ်သွားတဲ့သစ်ပင်ကြီးေ
တြ မီးသွေလိုလောင်စာဘဝကို ရောက်သွားတဲ့ သစ်ပင်ကြီးတွေ မိုးမျှော်တိုက်ကြီးတွေရဲ့ အစိတ်အပိုင်းတွေ ဖြစ်
သြားတဲ့ သစ်ပင်ကြီးတွေနဲ့ သက်ဆိုင်နေပါတယ်။အဲဒီ့လိုပါပဲ သစ်တော သစ်ပင်တွေ နည်းပါးပျောက်ဆုံးကုန်တာ
ဟာလည်း ခေတ်မီတိုးတက်လာခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်တဲ့စက်ရုံတွေ များပြားလာတာ ကားေ
တြ ဆိုင်ကယ်တွေ များပြားလာတာ လူဦးရေ တိုးပွားလာတာတွေနဲ့လည်း သက်ဆိုင်နေပါတယ်။
သေချာတာကတော့ ဒါဟာ ဆောင်းနံနက်ခင်းတစ်ခုမှာ မိုးသားတိမ်ရိပ်တွေနဲ့ အုံ့မည်း ခဲပြစ်နေတဲ့ ကောင်းကင်ကြီးကို ကြည့်မြင်မိရာကနေတစ်ဆင့် ပြန့်ကား ထွက်ပေါ်လာတဲ့ ကျွန်တော့်ရဲ့ စိတ်အပိုင်းအစများပဲ ဖြစ်ပါတယ်။တနည်းအားဖြင့် မိုးရိပ်တွေကို မက်မက်မောမော ပန်ဆင်ထားတဲ့ ဆောင်းရာသီရဲ့ ကောင်းကင်ကြီးအောက်မှာ သစ်ပင်ကြီး တစ်ပင်ကို ခုတ်လှဲပြစ်ဖို့ ကြိုးစားနေကြတဲ့ လူတစ္စုကို မြင်တွေ့မိရာကနေ တစ်ဆင့်တွေးမြင်မိခဲ့တဲ့ နှင်းမဝေနိုင်တဲ့ ဆောင်းနံနက်ခင်းတစ်ခုရဲ့ အကြောင်းပဲ ဖြစ်ပါတယ် ဆိုတဲ့အကြောင်း။
#မင်းည
Picture-Original
Daily Eleven 2.1.2022 တွင် ဖော်ပြခဲ့သော အက်ဆေးဖြစ်ပါသည်။
No Comments