နှင်းရည်စက်လက်

နှင်းရည်စက်လက်

မေမေ့ဆီမှာ
စိတ်ရဲ့အသုံးစရိတ်အနေနဲ့
စာရင်းပြပြီး
ခရီးစဉ်လေးတစ်ခုကိုတောင်းယူခဲ့ ၊
တောင်ကုန်းလေးပေါ်မှာ
တည်ရှိနေတဲ့ မြို့ကလေးလို့
ပြောမယ့်အစား
တောင်ကုန်းလေးပေါ်မှာ ဖူးပွင့်နေတဲ့
မြို့ကလေးလို့ ပြောကြရအောင်ပါ၊
နေလုံးနီနီရေ
ကိုယ် ကျေးဇူးအထူးတင်ပါတယ်
ပန်းတွေဝတ်ထားတဲ့
နှင်းကို မင်းချွတ်ချလိုက်တဲ့အခါ
သဘာဝရဲ့ ကိုယ်ထည်လှလှကို
အထင်းသား ကိုယ်မြင်ခွင့်ရတယ်။
ဒီနေရာလေးဟာ တကယ်တော့
ကဗျာရေးဖို့မကောင်းပါဘူး ၊
ဘာမွမေရးဘဲ မွှေးရနံ့တွေကိုသာ
ငေးကြည့်နေဖို့ ကောင်းပါတယ် ။
ကဲ ကိုယ့်ရာဇဝင်အတွက်တော့
101ဆိုတဲ့
အိပ်ခန်းလေးမပါလည်း ဖြစ်တယ် ၊
ဥရောပတိုက်ကြီးမပါလည်း ဖြစ်တယ် ၊
ပန်းပွင့်နဲ့ နေရောင်ခြည်တွေ
မပါလည်းဖြစ်တယ် ၊ မြို့ကလေးရေ
မင်းကတော့မပါလို့ မဖြစ်ပါဘူးကွယ်
ဒါပေမယ့် မေမေရယ်
မြို့ကလေးသာ သူလှနေတာ
သူသိမနေရင် သူဟာဒိထက်ပိုပြီး
လွေနမွာပဲ ၊ သူ့ထံမှာ သားပျော်ပါတယ်
ဒါပေမယ့် မေမေရယ်
လေကောင်းလေသန့််တွေ ၊ ပန်းခင်းတွေ
တိမ်တွေ ၊ တောင်ကုန်းမြင့်မြင့်တွေ
နှင်းစက်တွေနဲ့ မြို့ကလေးကို
နဂိုရည်အတိုင်းထားပြီး သားပြန်ခဲ့ ။
အဲဒီနေ့ကပေါ့ မေမေရယ်
မနက်စောစောကြီး
မြို့ကလေးအပေါ်ကို ချယ်ရီပန်းတွေ
အားရပါးရကြွေကျလို့ ၊ အပြင်ဘက်က
နှစ်ယောက်ထိုင်ခုံလေးအပေါ်မှာ
အမေ့သားရဲ့
နှလုံးသားငယ် မိုးရေတွေ ရွဲလို့ ။ ။
( ၁၉၈၇ )
Photo:Credit

About The Author

greenness_mm

No Comments

Leave a Reply