ပထမဆုံး ဝေလငါးဘေးမဲ့ဒေသကို ဖန်တီးနိုင်ခဲ့တဲ့ ဒိုမီနီကာကျွန်း
ကမ္ဘာ့အကြီးဆုံး တိရစ္ဆာန်တစ်မျိုးဖြစ်တဲ့ မျိုးသုဉ်းလုနီးပါး စပမ်းဝေလငါးတွေက ကာဗွန်ဒိုင်အောက်ဆိုဒ် စုဆောင်းသိမ်းဆည်ယူရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပြီး ၎င်းတို့ရဲ့ အညစ်အကြေးတွေက အာဟာရဓာတ်ရေနေ ပင်တွေအတွက် အာဟာရကြွယ်ဝပါတယ် ။
ကာရေဘီယံကျွန်းစုထဲက ဒိုမီနီကာကျွန်းမှာ အဲ့ဒိအကောင်ကြီးတွေအတွက် ကမ္ဘာ့ပထမဆုံးသော အဏ္ဏဝါဘေးမဲ့ ဧရိယာကို ဖန်တီးလိုက်နိုင်ပြီဖြစ်ပါတယ် ။ အရေးပါတဲ့လုပ်ငန်းတွေဖြစ်တဲ့ သူနာပြုစုခြင်း နှင့် အစာကျွေးရန်အတွက် ကျွန်းနိုင်ငံအနောက်ဘက်ခြမ်း တစ်ခုလုံးကို ဘေးမဲ့ ဧရိယာအဖြစ် သက်မှတ်ပြီး နောက်ထက် စတုရန်းကီလိုမီတာ ၈၀၀ နီးပါးကိုလည်း အရံအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း အစိုးရက ပြီးခဲ့အပတ် တနင်္လာနေ့တွင် ကြေညာခဲ့ပါတယ်။
“ကျွန်ုပ်တို့သည် ကြီးကျယ်ခမ်းနားပြီး ဉာဏ်ရည်မြင့်မားသော တိရစ္ဆာန်များ အန္တရာယ်မှ ကင်းဝေးစေရန်နှင့် ကျွန်ုပ်တို့၏ ရေနှင့် ကျွန်ုပ်တို့၏ ရာသီဥတုကို ဆက်လက် ကျန်းမာစေကြောင်း သေချာစေလိုပါသည်” လို့ ဒိုမီနီကာ ဝန်ကြီးချုပ် Roosevelt Skerrit က ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ် ။ သိပ္ပံပညာရှင်တွေကတော့ အရန်ထာတဲ့နေရာတွေမှာ တိရစ္ဆာန်များကို အကာအကွယ်ပေးရုံသာမက ရာသီဥတုဖောက်ပြန်မှုကိုလည်း တိုက်ဖျက်နိုင်မယ်လို့ ဆိုပါတယ်။
စပမ်းဝေလငါးများကရေအောက် မီတာ ၃၀၀၀ အထိ မငုတ်ခင်မှာ မစင်စွန့်တဲ့ လုပ်ငန်းတွေကို ရေမျက်နှာပြင် အနီးတွင် လုပ်လေ့ရှိပါတယ် ။ အဲ့ဒိလုပ်ဆောင်ချက်က အရေးကြီးတဲ့ လုပ်ငန်းစည်ဖြစ်ပြီး ၎င်းတို့ရဲ့ အာဟာရ ဓာတ်ကြွယ်ဝသော မစင်တွေက သမုဒ္ဒရာမျက်နှာပြင်တစ်လျှောက်မှာရှိတဲ့ ရေမျောအပင်တွေအတွက် အစာအာဟာရဖြစ်စေပါတယ် ။ အဲ့ဒိအပင်တွေက လေထုထဲက ကာဗွန်တွေကို စုပ်ယူပြီးတော့ သေဆုံးသွားတဲ့ အခါမှာ ရေအောက်ထဲကို ရောက်သွားကြပါတယ်။
ဒိုမီနီကာရှိ စပမ်းဝေလငါးတွေက အခြားနေရာတွေက ဝေလငါးများထက် ပို၍ဝမ်းသွားတယ်လို့ ကာရစ်ဘီယံ အရှေ့ပိုင်းရှိ စပမ်းဝေလငါးများကို အဓိကသုတေသနအစီအစဉ်တစ်ခုဖြစ်သည့် Dominica Sperm Whale Project ကို တည်ထောင်သူ Shane Gero က ပြောပါတယ် ။ “အဲ့ဒိလို့နည်းနဲ့ စပမ်းဝေလငါးများက ကျွန်ုပ်တို့ကိုယ်စား ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်နေတာပါ “လို့ Gero က အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ပါတယ် ။
မောင်ယဿ
REF: euronews
No Comments