ပန်းချီ
ဘဲငန်းတွေက
ရေထဲကသူ့အရိပ်ကို
အတောင်ပံတွေ ထဲ ဖြန့်ကြည့်လို့
တိမ်တွေရေသောက်ဆင်းတဲ့အခါ
ကန်ရေပြင်ဟာ အ်ပာ
ကမ်းစပ်မှာ ရေတိမ်နစ်
မှော်ပင်တချို့
လေ အလာဆို လှိုင်းကြက်ခွပ်
တေနရာမွာ
သစ်ပင်စိမ်းစိမ်းတွေ ကိုင်းညွှတ်
ငါးတစ်ကောင်တစ်လေ
ထခုန်လိုက်တဲ့အခါ
ကန်ရေပြင်ခမျာ လှုပ်ခတ်
နေဝင်ချိန်
အမှောင်ဆည်းဆာ
မကြာခင်ရောက်လာခဲ့တယ်။
မြားနတ်မောင်၊ ၁၉၉၈
#Photo:MCN
No Comments