ပြည်

ပြည်

မြူဆိုင်းလမ်းတွေအတိုင်း တိုးဝင်သွားရင်
ဆိုင်ကယ်မီးတလက်လက် နှင်းတဖျပ်ဖျပ်
လိပ်ပြာအတွေး လွင့်လွင့်ဝဲဝဲ
နာဖျားနေ့ရက်တွေအတွက်
ခင်ဝမ်း သီချင်းများရှိ
ခင်ဝမ်း သီချင်းများအတွက်
ကြင်နာတတ်သော နားများရှိ
စက်ခေါင်းတွဲတန်းရှည်ကြီးနဲ့
ရကောက်ရထားဟာ အလွမ်းဖြေဆေးကို
မြို့ရဲ့ အလယ်ခေါင်ကို တိုက်ရိုက်တင်ပို့တယ်
အစိမ်းသက်သက်ဖြစ်သွားတဲ့တစ္ဆေပုံပြင်များအတိုင်း
နှင်းငွေ့အိပ်ရာဖူးငုံခင်းလေးတွေ
ယမ်းငွေ့တဝေ မြူငွေ့ဆိုင်းဆိုင်း
အတွေးတန်းမီးအိမ်လေးတွေ တမှိတ်မှိတ်
ကြယ်ကလေးတွေ တဖိတ်ဖိတ်
ဒုက္ခတရားတွေ
ဘယ်လောက်ဝေဝေ ဆည်းလဲသံခိုနန်းမြင့်
ဆံတော်ရှင်အရိပ်အောက်
မျက်လှည့်ပြသလို ခနတော့
ငြိမ်းချမ်းမိမယ်
မင်း‌ကြီးတောင်ပန်းပွင့်များ
ဝေဝါးရှုခင်းကို တောက်ပစေမယ်
ခုတော့ သူစိမ်းတွေ မဟုတ်တော့ဘူး
မြို့ပြကြီးအလယ်ခေါင်က ကျနော်လည်း
ဧရာဝတီ ညာဘက်ခြမ်းရဲ့ နှလုံးသားဖြစ်ခဲ့ပြီ။။
ရွှေကြယ်မိုး

About The Author

greenness_mm

No Comments

Leave a Reply