ပြန်လာမယ့်နှင်းတွေ

ပြန်လာမယ့်နှင်းတွေ

ပုစဉ်းပျံလေးတွေ ဝဲနေတယ်
ဆောင်းဝင်လာတော့မယ်

လေသံတိုးတိုးလေးနဲ့
ကိုယ့်ငွေ့နွေးနွေးလေးကို လွမ်းရ

တချိန်ကအကြောင်းဟာ
တနေ့နေ့ကို မျှော်တလင့်လင့်

နှင်းရည်စိုလက်တဲ့ လမ်းကလေးပေါ်
အရင်လိုစိတ်နဲ့ ကြည်နူးရိပ်

အချစ်ရေ
ရောက်ရာအရပ်က ပြန်လှည့်ပါ
ရင်ထဲမှာ တကျည်ကျည်မြည်နေပြီ။
.
ထွန်းကို

About The Author

greenness_mm

No Comments

Leave a Reply