ဗျိုင်းအိုနှင့် ထွေးညို
နေမင်းညိုရင် ဟိုကန်စောင်းက
ငါးတွေချောင်းတဲ့ ငွေဗျိုင်းအို ။
နေမင်းကွယ်တောင် ဘယ္မရေတာ့
နွမ်းလျပါလို့ စိတ်မချို ။
ပြာလဲ့ရေညို ဟိုကန်စောင်းက
အပျိုချောင်းတဲ့ မောင်ထွေးညို ။
ငွေဗျိုင်းအိုနှယ် ဘယ္မတွေ့လို့
မရွှင်ချမ်းမြေ့ သောကပို ။
ဗျိုင်းအို၊ ထွေးညို ။
စိတ်ကူးချိုချိုစာအုပ်တိုက်က ၂၀၁၅ ခုနှစ်တွင် (ဒုတိယအကြိမ်) ထုတ်ဝေသည့် ငွေတာရီ ကဗျာပေါင်းချုပ်မှ ကူးယူဖော်ပြသည်။
No Comments