ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်လာနိုင်သည့် စောင့်ကြည့်ရမည့်လေဖိအားနည်းရပ်ဝန်း INVEST-99W ထိုင်းပင်လယ်ကွေ့တွင် စတင်ဖြစ်ပေါ်

ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီဘာဂါဝန်မြို့အနောက်ဘက် ထိုင်းပင်လယ်ကွေ့မှာ စတင်ဖြစ်ပေါ်ပြီး အနောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ကြောင်း၊ ကပ္ပလီပင်လယ်တောင်ပိုင်းကို နိုဝင်ဘာလ ၂၇ ရက်နဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းကို နိုဝင်ဘာလ ၂၈ ရက်နေ့တွေမှာ ရွေ့လျားဝင်ရောက်လာပြီး လေတိုက်နှုန်း တနာရီ မိုင် ၄၀ အထိ ရှိလာနိုင်ကာ မုန်တိုင်းငယ်ဖြစ်လာနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်တွေမှာ တွေ့ရပါတယ်။
မြန်မာနိုင်ငံအပေါ်သက်ရောက်နိုင်မဲ့ မိုးလေဝသအခြေအနေများ

မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း၊ ကမ်းနီးရေလုပ်ငန်းလုပ်ကွက်တွေမှာ နိုဝင်ဘာ ၂၈ ရက်နေ့က စ ပြီးတော့ အရှေ့ဘက်မှ လေပြင်းတိုက်ခတ်တာ တနာရီ မိုင် ၃၀ ခန့်အထိရှိနိုင်ပြီး လှိုင်းအမြင့် ၆ ပေ မှ ၇ ပေအထိ ရှိနိုင်ပါတယ်။
နိုဝင်ဘာ ၂၈ ရက်နဲ့ ဒီဇင်ဘာလဆန်းပိုင်းမှာတော့ မိုးလဲရွာလာနိုင်မဲ့အခြေအနေများရှိကြောင်းတွေ့ရပါတယ်။

ကုန်းတွင်းပိုင်းမှာမိုးရွာနိုင်မဲ့အခြေအနေတော့အလွန်နည်းပါးတာတွေ့ရပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ အရှေ့ပိုင်းနဲ့ တနင်္သာရီတိုင်းတောင်ပိုင်းဒေသအချို့မှာသာ မိုးရွာနိုင်ပြီး တနင်္သာရီတိုင်တောင်ပိုင်း မြိတ်မြို့အောက်ဘက်ဒေသတွေမှာတော့ မိုးများနိုင်ကြောင်းတွေ့ရပါတယ်။

………
မိုးလေဝသပညာရှင် ဦးဝင်းနိုင်ရဲ့ ခန်းမှန်းချက်တွေကို ဖော်ပြခြင်း ဖြစ်ပါတယ်။
No Comments