မိသားစုသစ်ပင်
မိစုံဖစုံမရှိ
အရာရာ မစုံလင်တော့လို့
ငါ သစ်ပင် စိုက်တယ်
အရိပ်ဝေနေတာကြည့်ပြီး
ငါ့အဖေလို ခံစားလို့လည်း ရတယ်
ငါ့အမေကို ကူတွဲပြီး
အရိပ်ထဲ ထိုင်နေလို့လည်း ရတယ်
အပွင့်ကလေးတွေ ပွင့်ရင်
ညီမလေးရေလို့ အော်ခေါ်လိုက်မယ်
သစ်စေ့ကလေးတွေကတော့
ငါ့ ညီလေးပေါ့
မိသားစု ပြန်စုံလင်ဖို့
ငါ သစ်ပင်စိုက်ပါတယ်။ ။
…………
လူနှင်းချို-မတ္တရာ
No Comments