မူလာရှီးဒီကြိုးတံတား နှင့် မူလာချောင်း
မူလာချောင်းဟာ ပူတာအိုဒေသ မူလာရှီးဒီရွာလေးမှာရှိပြီး ချောင်းရေဟာ ရေခဲတောင်ကနေ မြစ်ဖျားခံ စီးဆင်းလာတာကြောင့် အအေးဆုံးချောင်းလို့ ဆိုနိုင်ပါတယ်။ ရေကလည်း ပြာလဲ့ကြည်စိမ်းနေလေ့ရှိပါတယ်။ မူလာချောင်းကို ဖြတ်ကူးဖို့အတွက် ၁၉၅၈ ခုနှစ်က ဝါးနဲ့လုပ်တဲ့ကြိုးတံတားကို တည်ဆောက်ခဲ့ပြီး ပူတာအိုနဲ့ ၇ မိုင်အကွာမှာ တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါတံတားကိုပဲ ၁၉၉၆ ခုနှစ်မှာ ပြန်လည်ပြုပြင်ခဲ့ပါတယ်။ ၂၀၁၅ ကားကြီးတွေပါ ဖြတ်ကူးသွားလာနိုင်တဲ့ ကြန္ကရစ္တံတားကို ကြိုးတံတားရဲ့ မလှမ်းမကမ်းမှာ တည်ဆောက်ခဲ့ပါတယ်။ မူလာချောင်းနဲ့ မူလာရှီးဒီတံတားများဟာ ပူတာအိုဒေသရဲ့ အထင်ကရ နေရာတစ်ခုဆိုရင် မှားမယ်မထင်ပါဘူး။ ဒါ့အပြင် မူလာရှီးဒီရွာလေးကို ၁၉ ခုနှစ်မှာ သာသနာပြုရန်ရောက်ရှိလာတဲ့ မစ္စတာရောဘတ်မော့စ်က အမေရိကန်ကနေ ဂရိတ်ဖုမျိုးစေ့တွေယူလာပြီး စိုက်ပျိုးခဲ့တယ်လို့လည်း သိရပြီး ဒီရွာလေးဟာ မြန်မာနိုင်ငံအတွက် ဂရိတ္ဖုသီး စတင်ပြန့်ပွားရာ နေရာတစ်ခုလို့လည်း ဆိုကြပါတယ်။
Greeness
ref-Myanmar Traval
Photo-Dr.mac

		
No Comments