မဲခေါင်ဆင်ဥယျာဉ်
မဲခေါင်ဆင်ဥယျာဉ်ဟာ လာအိုနိုင်ငံအတွင်းမှာရှိတဲ့ ဆင်တွေကို သဘာဝအတိုင်းထိန်းသိမ်းပြီး ဆင်တွေရဲ့ သဘာဝရှင်သန်သွားလာနေထိုင်မှုတွေနဲ့ ပြည့်နှက်နေတဲ့နေရာတစ်ခု ဖြစ်ပါတယ်။
ဆင်တွေကို စိတ်ဝင်စားသူတွေနဲ့ လာအိုနိုင်ငံဆီအလည်အပတ်လာရောက်သူ ခရီးသွားကမ်ဘာ့လူသားတွေအနေနဲ့ လာအိုနိုင်ငံက ဆင်ဥယျာဉ်ကို မျဖစ္မနေသွားရောက် လည်ပတ်သင့်ကြောင်း အကြံပြုချင်ပါတယ်။
ဒီဆင်ဥယျာဉ်ကို ၂၀၀၈ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး ဆင်များကို ရုပ်ပိုင်းဆိုင်ရာကျန်းမာဖွံဖြိုးရေး၊ သိမြင်မှုအာရုံမြင့်တက်ရေးနဲ့ မျိုးဆက်ပွားများမှုအခွင့်အလမ်း ပိုမိုရရှိရေးအတွက် တည်ဆောက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
မဲခေါင်ဆင်ဥယျာဉ်မန်နေဂျာ Wendy Leggat က ဒီဥယျာဉ်ကိုတညဆောက်ရခြင်း ရည်ရွယ်ချက်က ဆင်တွေကို သူတို့နဲ့ထိုက်တန်တဲ့အခွင့်အလမ်းနဲ့ ဆင်တွေအတွက် ကိုမိုကောင်းမွန်တဲ့ဘဝကို ဖန္တီးပေးရန် ရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်တယ် ပြောပါတယ်။ Greeness ပရိသတ်များ၊ ပတ်ဝန်းကျင်ချစ်ုမတ်နိုးသူများ၊ ဆင်တွေကို စိတ်ဝင်စားသူများလည်း လာအိုကို ရောက်ဖြစ်ရင် ဒီဆင်ဥယျာဉ်လေးကို သြားရောက်လည်ပတ်လေ့လာဖို့ တိုက်တွန်းပါတယ်။ အားလုံး လြတ္လပ္စြာ ခရီးသွားရင်း ပတ်ဝန်းကျင်ကိုလေ့လာရင်း လွတ်လပ်တဲ့စိတ်ကို ရွက်လွှင့်ရင်း ခရီးတွေသွားနိုင်ပါစေကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို ပိုမိုလေ့လာ ချစ်မြတ်နိုးနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
Photo#Mekong Elephants Park
No Comments