မျိုးတုန်းတော့မယ့် နှုတ်သီးနီ ကူရက်ဆောင် ကြက်မျိုး အင်္ဂလန်မှာ မျိုး ဖောက်ပြီး ပွားဖို့ လုပ်နေ

မျိုးတုန်းတော့မယ့် နှုတ်သီးနီ ကူရက်ဆောင် ကြက်မျိုး အင်္ဂလန်မှာ မျိုး ဖောက်ပြီး ပွားဖို့ လုပ်နေ

ကမ္ဘာပေါ်မှာ အကောင်ရေ ၂၀၀ သာရှိတော့တဲ့ နှုတ်သီးနီ ကူရာဆောင် ကြက်မျိုးတွေကို ပြန်လည်ထိန်းသိမ်းဖို့ အတွက် အင်္ဂလန် တိရစ္ဆာန်ရုံ တစ်ရုံက မျိုးပွားတဲ့ကိစ္စတွေကို ဆောင်ရွက်နေရာမှာ အောင်မြင်သွားတယ်လို့ သိရပါတယ်။
အင်္ဂလန် ချက်စတာတိရစ္ဆာန်ရုံ ဝန်ထမ်းတွေက တိရိစ္ဆာန်ရုံ ထဲက ဟောင်းလောင်းငှက်အိမ်အလွတ်တစ်ခုမှာ ဥ၂ လုံးကို တွေကလို့ ဖောက်ရာမှ ရှားပါးတဲ့ နှုတ်သီးနီ ကူရာဆောင် ကြက် မျိုးတွေဖြစ်တယ်ဆိုတာကို တွေ့လိုက်ရပါတယ်။
ကူရာဆောင်ကြက်မျိုးတွေက တောင်အမေရိက မှာဒေသရင်း ကြက်တွေဖြစ်ပြီး ဘရာဇီနိုင်ငံတောင်ပိုင်း အတ္တလန်တစ်တော မှာပဲတွေ့ရတော့တဲ့ မျိုးတွေ ဖြစ်ပါတယ်။
တောပြုန်းမှုကြောင့်ရယ် ၊ အမဲလိုက်မှုရယ်ကြောင့် အဲ့ဒိ အကောင်တွေက မျိုးတုန်းလုနီးပါ ဖြစ်နေပါတယ်။ လက်ရှိ ကျန်နေသေးတဲ့ အကောင်တွေမှာ အထီးတွေပဲ များပြီး အမကို မတွေ့ ရသလောက် နည်းပါတယ်။ အင်္ဂလန်မှာ တွေ့ရတဲ့ ဥ ၂လုံးကတော့ အရင်က ကူရာဆောင်ငှက်တွေ ထားတဲ့ အိမ်ဖြစ်ပါတယ် ။
ဒါပေမဲ့ လောလောဆယ်မှာ တိရိစ္ဆာန်ရုံမှာ ကူရာဆောင် နှုတ်သီးနီ ကြက်တွေ မရှိတော့ပါဘူး ။အခြား အမဲရောင် ကူရာဆောင်တွေ တော့ရှိပါတယ်။ ကူရာဆောင်တွေ က တစ်သားကို ဥ ၄ လုံးပဲကျပါတယ်။
“ ကျနော်တို့ ဂရုတစိုက်နဲ့ ဥကိုဖောက်ခဲ့ပါတယ်။ ကြက်ပေါက်တွေကို အခြားကူရာဆောင် ကြက်မရဲ့ ထိန်းသိမ်းမှု အောက်မှာ ထားထားပါတယ်။ အခုတော့ ကျနော်တို့ အဲ့ဒိမျိုးတုန်းတော့မယ့် အကောင်တွေကို နည်းပညာအကူအညီနဲ့ ပွားအောင် လုပ်နိုင်နေပါပြီ။ သူတို့ မိသားစုတွေ ဖြစ်နေပါပြီ “ တိရစ္ဆာန်ရုံ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။
နောက်ဆုံးသိရတဲ့ စာရင်းအရ ဘရာဇီးမှာတောင် နှုတ်သီးနီ ကူရာဆောင် ၁၃၀ ကနေ ၁၇၀ ကြားမှာပဲရှိ တော့တယ်လို့ သိရပါတယ်။ အခုကြက်ပေါက် ၂ကောင်ကနေ နောက်ထပ်မျိုးပွားနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။
မောင်ယဿ ( နိုဝင်ဘာ ၂၆ )
REF; green citizen
Photo : mongabay

About The Author

greenness_mm

No Comments

Leave a Reply