မျှော်လင့်သစ်ပင်
သူနမ်းလျှင် ပန်းပွင့်ဖြစ်
သူပစ်တော့ ဝါရွက်ကြွေ..
မျှော်လင့်ခြင်း ဆိုတဲ့အပင်အောက်
ခင် လျှောက်ရင်း.မြင်စေ..
ပန်းမပွင့်တဲ့ အခန်းဆက်နွေ
အလွမ်း ရွက်တွေကြွေနေရဲ့။
အပင်ရင်းမှာတော့
ခင်နင်းလျှင်ရွက်ကြွေပျောက်
ခင်လျှောက်မှရွက်ကြွေစင်
ရက်ရှည်ပင် မညှိုးခြောက်သေးပါဘူး…
မိုးပေါက်ကလေးလို ခင်သာနမ်းလျှင်..
ပန်းပွင့်ဝေမတဲ့။
မောင်စိန်ဝင်း(ပုတီးကုန်း)
(သမုဒယနှင်းဆီပြာ ကဗျာပေါင်းချုပ် မှ)
No Comments