မြစ်တစ်စင်း၏တန်ဘိုး
ပရွတ်၊ မေငးစု၊ ရေစို၊ ကသပေါင်း ဒီဝေါဟာရတွေက ကျေးရွာတွေရဲ့အမည်နာမတွေဖြစ်တယ်။ နာမည်တွေက ခပ်ဆန်းဆန်းပဲ။ ကိုယ်နဲပက်သက်ဆက်စပ်တဲ့ရွာတွေလည်း မဟုတ်ပါဘူး။ တစ်နေ့က စာရေးဆရာတစ်ယောက် ဖုန်းဆက်တယ်။ သူလှိုင်သာယာဘက်သွားစရာရှိတယ် လိုက်ဦးမလားတဲ့။ လူရောစိတ်ပါ မအီမသာဖြစ်နေတာက တကြောင်း အားနေတာကတကြောင်းကြောင့် လိုက်မယ်လို့ ပြောဖြစ်လိုက်တယ်။ တကယ်သွားတော့ လှိုင်သာယာ ကိုလွန်ပြီး အပေါ်မှာပြောခဲ့တဲ့ ရွာတွေအထိရောက်သွားတယ်။ သြားရတဲ့ခရီး ကလည်းမနည်းဘူး။ အသင်းတိုက်ကနေ စံပြဈေး။ စံပြဈေးကနေ လှိုင်သာယာမီးခွက်ဈေး။ မီးခွက်ဈေးကတဆင့် ပန်တိုင်ကို သြားတဲ့ YBS -၅၂ စီးရတယ်။ မငေးစုမှာဆင်းပြီး ဆိုင်ကယ်ကယ်ရီနဲ့ ကက်သပေါင်းကိုသွားရတယ်။ ဆိုင်ကယ်ကယ်ရီသမားကပြောတယ်။ မေငးစု၊
ရေစိုနဲ့ကက်သပေါင်းက မြို့နယ်ချင်းမတူဘူး။ မငေးစုနဲ့ ရေစိုက ပန်းလှိုင်မြစ်ရဲ့ ဒီဘက်ခြမ်း ထန်းတစ်ပင်မြို့နယ်ဖြစ်တယ်။ ကက်သပေါင်းက ပန်းလှိုင်မြစ်ရဲ့ဟိုဘက်ခြမ်း တွံတေးမြို့နယ်ဖြစ်တယ်လို့ဆိုတယ်။
မြစ်ဆို တဲ့စကားလုံးက ကျွန်တော်နဲ့ရင်းနှီးကျွမ်းဝင်မှု သိပ်မရှိပါဘူး။ မြစ်တွေကို မြင်ခွင့်ငေးခွင့်ရဖို့ဆိုတာလည်း ကျွန်တော့်အတွက်တော့ ဒုလ္လဘတရားတစ်ခုဖြစ်တယ်။ မြန်မာနိုင်ရဲ့မြစ်တွေထဲက ကျွန်တော် တမေ့တမောငေးခွင့်ရခဲ့တဲ့မြစ်တွေက ဧရာဝတီမြစ်နဲ့ ကုလား တန်မြစ်(ကစ္စပနဒီမြစ်) နှစ်စင်းတည်းသာရှိပါတယ်။ ဒီမြစ်နှစ်စင်းဟာ ကျွန်တော့်ကို ကြည်နူးနှစ်သက်မှု ဝမ်းနည်းဆွေးမြေ့မှုတွေ အပြည့်အဝပေးခဲ့ကြဖူးတယ်။ ခုတော့ အဲဒီမြစ်တွေဆီ အလည်အပတ်မရောက်တာတောင် ဆယ်စုနှစ်တစ်စုနီးပါးကြာခဲ့ပါပြီ။ ရန္ကု န်မှာတော့ ရန်ကုန်မြစ်နဲ့ ပဲခူးမြစ်ကိုနေ့စဉ်နီးပါးတွေ့နေရပေမယ့် သူတို့အသံကို ကျွန်တော်ကြားရဖို့မလွယ်ပါဘူး။ ကျွန်တော်ကိုယ် တိုင်က နေ့စဉ်ပြေးလွှားနေရတဲ့ ရုန်းကန်လှုပ်ရှားမှုထဲ ကျွန်တော့်အသံကိုလည်း သူတို့ကြားအောင်ပြောဖို့ မလွယ်လှပါဘူး။
အခုတော့ ရန်ကုန်မြို့ရဲ့အပြင်မှာ၊ စိတ်အေးလက်အေး ကျွန်တော် မြစ်တစ်စင်းကိုငေးခွင့်ရပါတော့မယ်။ ဒါ ကျွန်တော့်အတွက် သဘာဝတရားကေပးတဲ့ ဆုလာဘ်တစ်ခုဖြစ်တယ်။ ကျွန်တော့်ရင်ထဲအသံတွေကို မြစ်တစ်စင်းကိုပြောခွင့်ရတော့မယ်။ မြစ်တစ်စင်း ရဲ့အသံတွေကိုလည်း ကျွန်တော်နားဆင်ခွင့်ရတော့မယ်။
ဆိုင်ကယ်နောက်က ထိုင်လိုက်ရင်း ကျွန်တော်ကြည်နူးပီတိဖြစ်နေမိတယ်။ မြစ်တွေရဲ့အသံဟာ တစ်နေရာနဲ့တစ်နေရာ မတူကြဘူး။ မန္တလေးမြို့က ဧရာဝတီမြစ်နဲ့ ပုဂံညောင်ဦးက ဧရာဝတီမြစ်ရဲ့အသံဟာ မတူပါဘူး။ စစ်တွေမြို့က ကုလားတန်မြစ်နဲ့ ပုဏ္ဏားကျွန်းက ကုလားတန်မြစ်ရဲ့အသံဟာလည်း မတူညီပါဘူး။ ဒါပေမယ့် မြစ်ဆိုတာ သူ့အပေါ်မှီခိုနေထိုင်သူတွေအပေါ် သူ့ရဲ့တန်ဘိုးကို မျက်နှာမလိုက် လူမျိုးမခွဲခြားဘဲ သာတူညီမျှပေးလေ့ရှိပါတယ်။ သစ်ပင်တွေ စမ်းချောင်းတွေလိုပါပဲ။ မြစ်တွေဟာ အသက်ရှိသောသဘာဝရင်းမြစ်တစ်ခုလို့ ကျွန်တော်မြင်ပါတယ်။ အဲဒါကြောင့် အခု မြစ်တစ် စင်းနဲ့တွေ့ရတော့မယ်ဆိုတဲ့အခါ ကျွန်တော်ရင်ခုန်နေမိတာဖြစ်တယ်။
ဆိုင်ကယ်ကယ်ရီမောင်းသူက တံတားတစ်စင်းပေါ်မှဖြတ်တဲ့အခါ တွံတေးနဲ့ ထန်းတစ်ပင် မြို့နယ်နှစ်ခုရဲ့အစပ် နယ်နိမိတ်လို့ပြော တယ်။ ဒါဆို အခု ကျွန်တော်မြင်နေရတာ ပန်းလှိုင်မြစ်ပေါ့။ ဟုတ်တယ်။ ကျွန်တော်မြင်နေ တွေ့နေရတာ ပန်းလှိုင်မြစ်ပါပဲ။ မြစ်ပြင်အကျယ်အဝန်းက ရေမြောင်းကြီးတစ်ခုသာသာ အနေအထားမှာပဲရှိပါတယ်။ မြစ်ထဲမှာ သင်္ဘောမပြောနဲ့ စက်လှေအကြီးစား တစ်ီးတောင် ခုတ်မောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ မြစ်ဆိုပေမယ့်လည်း မြစ်ရဲ့ဧရိယာအကျယ်အဝန်းက ကျွန်တော်တွေ့ဖူးတဲ့ မုန်းချောင်း မန်းချောင်း တောင်ကုတ်ချောင်း လမုချောင်းစတဲ့ ချောင်းတွေလောက်တောင် ရေပြင်မကျယ် မြစ်မဆန်တာကို တွေ့ရတယ်။ ကျွန်တော်က ပန်းလှိုင်မြစ်ဆိုတာကိုကြားဖူးပေမယ့် သူ့အကြောင်းကို ကျွန်တော်ကောင်းကောင်းမသိပါဘူး။ မြစ်တစ်စင်းဖြစ်တယ် ဆိုရင်ပဲ အဲဒီမြစ်ကိုမြတ်နိုးစုံမက်စိတ်က ကျွန်တော်မှာရှိနေပါတယ်။ကျွန်တော် ဗေဒါပင်တွေအုံခဲနေတဲ့ မြစ်ရေမြင်ကိုငေးပြီး ဆို့နင့်သွားမိတယ်။
” အရင်တုန်းက ဒီနေရာတွေကအစ မြစ်ကြီးပဲ။ နောက်မှ ကောသွားတာ။ မြစ်ကြောင်းမရှိတော့ဘဲ ဒီနေရာတွေအကုန်လုံး လယ်ကွင်းတွေချည်းဖြစ်ကုန်တာ “လို့ ဒေသခံတစ်ဦးက လယ်ကွက်တချို့ကိုလက်ညိုးပြီးပြောတယ်။ လက်ရှိမြင်တွေ့နေရတဲ့မြစ် ဆိုတာ ပြီးခဲ့အစိုးရလက်ထက်ကမှ မြစ်ကြောင်းအတိုင်းတူးမြောင်းပုံစုံပြန်ဖောက်ထားတာဘို့သိရတယ်။ ဒီအတိုင်းဆို ဒီနေရာမှာ မြစ်ဆိုတာမရှိတော့တဲ့အထိ ပျောက်ဆုံးသွားတာပဲ။ ဘာကြောင့်ဒီလောက်အထိုဖြစ်သွားတယ် ကျွန်တော်မသိပါဘူး။ မြစ်တစ်စင်း ကို အသက်ဝိဉာဉ်မဲ့သွားအထိ သေဆုံးသွားအထိ ဘယ်သူတွေကများသတ်ပစ်ခဲ့ကြတာလဲ။ ဒေသခံတွေကလား။ရာသီဥတုက လား။ လောဘရမ္မက်တွေကလား။ ဒါမှမဟုတ် မြစ်ကိုယ်တိုင်ကပလား။ ကျွန်တော် မြစ်ဆီကအသံကိုနားထောင်ကြည့်ပေမယ့် အရမ်းတိုးဖျော့လွန်းတာကြောင့် ဘာမှသဲသဲကွဲကွဲမကြားရဘူးဖြစ်နေတယ်။
တကယ်တော့ ပန်းလှိုင်မြစ်ဆိုတာ ခပ်သေးသေးမြစ်တစ်စင်းသာဖြစ်တယ်။ လှိုင်မြစ်ထဲက ခွဲထွက်လာပြီး လှိုင်မြစ်ထဲကိုပဲပြန်လ ည်စီးဆင်းသွားတဲ့မြစ်တစ်စင်းပါ။ မြစ်ဆိုတာ သေးသေးကြီးကြီး မြစ်ရဲ့တန်ဘိုးကတော့တူညီကြပါတယ်။ မြစ်ကြီးရင် သူ့အပေါ်မှီ ခိုတဲ့ဧရိယာကျယ်ဝန်းပြီး မြစ်သေးရင်တော့ သူ့အပေါ်မှီခိုနေထိုင်တဲ့ ဧရိယာက ကျဉ်းမယ်။ ဒါပေမယ့် မြစ်ကြီးမြစ်သေးမြစ်လတ် ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့တန်ဘိုးကညီမျှပြီး သူတို့ပေါ်မှီခိုနေထိုင်ကြတဲ့ဘဝတွေကလည်း အတူတူပဲဖြစ်တယ်။ မြစ်ရေရှိမှ မြစ်ရေသောက်ရမှ ရှင်သန်နေထိုင်နိုင်မယ့်ဘဝတွေဖြစ်တယ်။ အဲဒါကြောင့်လည်း ဧရာဂတီမြစ်ဆုံစီမံကိန်းကို ပြည်သူ မီဒီယာများနဲ့ အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းတွေ တဦးချင်းတယောက်ချင်းတွေ စုစုစည်းစည်းနဲ့ မြစ်ဆုံစီမံကိန်းရပ်တန့်ရေးအတွက် တစ်သံတည်းထွက်ခဲ့ကြတာမလား။ မြစ်တစင်းညစ်ညမ်းမှုဖြစ်ရင် အဲဒီမြစ်ကိုမှီနေထိုင်တဲ့ပြည်သူတွေအနေနဲ့ ရေထုညစ်ညမ်းမှု ကို ခံရမြာပဲ။
လယ်ကွင်းတချို့ကိုလက်ညှိုးထိုးပြပြီး “အရင်က ဒီလယ်ကွင်းတွေကမြစ်ပြင်ကြီးပဲ၊ ဒီနေရာတဝိုက်မှာ မြစ်ကလုံးလုံးကောသွားတာ ။အဲဒီတုန်းကဆို မိုးစပါးပဲစိုက်လို့ရတယ်။ ခုတော့ မြစ်ရဲ့ကျေးဇူးနဲ့ နွေစပါးပါစိုက်လို့ရနေပြီ။ ” သူ့စကားထဲမှာ မြစ်ကိုပြန်ဖော်ပေး ခဲ့တဲ့အရင်အစိုးရကိုကျေးဇူးတင်နေပုံရတယ်။ အဲဒီအတွက် သူတို့ကိုအပြစ်ပြောစရာမရှိပါဘူး။ ဒေသခံပြည်သူဆိုတာ သူတို့ဒေသ ကိုဖွံဖြိုးတိုးတက်အောင်လုပ်ပေးရင် ဘယ်အစိုးရကိုမဆို ကျေးဇူးတင်ကြမှာပဲလေ။ ကျွန်တော့်မွေးရပ်ဇာတိဖြစ်တဲ့ တမာကုန်းရွာ ဆိုတာ အိမ်ခြေတစ်ထောင်ကျော်ရှိပါတယ်။ ကျွန်တော်တို့ရွာရဲ့အနောက်ဖက်မှာတော့ နိုင်ငံကျော်အငြိမ့်မင်းသမီးကြီးဖြစ်တဲ့ လေ ဘာတီမမြရင်ရဲ့ရွာရှိပါတယ်။ ကျွန်တော်တို့ရွာလမ်းတွေဟာ မြေသားလမ်းတွေဖြစ်ပြီး ဆယ့်နှစ်ရာသီ ဖုန်ထူဗွက်ထလမ်းတွေပါ။ အရင်အစိုးရလက်ထပ်က ရန်ကုန် မန္တလေးလမ်းမကနေ ကျွန်တော်တို့ကတ္တရာလမ်းခင်းပေးခဲ့တယ်။ ကျွန်တော်တို့ရွာကနေ လေ ဘာတီမမြရင်ရဲ့ရွာအထိ ကတ္တရာလမ်းမဟုတ်ပေမယ့် လမ်းရယ်လို့ဖြစ်အောင် မြေသားလမ်းကိုတဖြောင့်တည်းညီအောင် ဖောက်ပေးခဲ့ပါတယ်။ ဒီအလုပ်တွေက အစိုးရတစ်ခုအနေနဲ့ ဘာမှမဟုတ်ဖြည့်ဆည်မှုတခု မခမ်းနားတဲ့ဖြည့်ဆည်းမှုတခုဖြစ်တယ် ။ ဒါပေမယ့် အဲဒီဖြည့်ဆည်မှုလေးလေးကိုပဲ ဒေသခံရွာသူရွာသားတွေဟာ ကျေးဇူးတင်နေကြပါတယ်။ အခု ကျွန်တော်တွေ့နေရ တဲ့ ပန်းလှိုင်မြစ်ဘေးကဒေသခံတွေအနေနဲ့ ကောသွားတဲ့မြစ်ကြောင်းကိုပြန်ဖော်ပေးတဲ့အရင်အစိုးရကို ကျေးဇူးတင်ကြမှာ သေချာတယ်။ အရင်က သူတို့နွေစပါးစိုက်မရတာက အခုနွေစပါးစိုက်ရသွားပြီမဟုတ်လား။
ကျွန်တော့်အတွေးကတော့ အစိုးရတွေအပေါ် သိပ်ပြီးလေးလေးနက်နက်မတွေးဖြစ်ပါဘူး။ ကျွန်တော်တွေးနေမိတာက မြစ်တစ်စင်းရဲ့ပေးဆပ်မှုနဲ့ တန်ဘိုးကိုသာဖြစ်တယ်။ မြန်မာနိုင်ငံဟာ မြစ်ချောင်းအင်းအိုင်ထူထပ်ပြီး ရေချိုမြစ်တွေလည်းပိုင်ဆိုင်ထားတဲ့နိုင် ငံတနိုင်ငံဖြစ်တယ်။ သံလွင် စစ်တောင်း ချင်းတွင်း ဧရာဝတီစတဲ့မြစ်ကြီးတွေဆိုတာ နိုင်ငံသူနိုင်ငံသားတွေမှီခိုအားထားရတဲ့ ရေချို မြစ်တွေဖြစ်တယ်။ ဒီမြစ်တွေကိုမှီခိုနေရတဲ့ လယ်ကွင်းတွေစိုက်တွေရဲ့ ဧရိယာအကျယ်အဝန်းက ဘယ်လောက်များတယ်လို့ အတိအကျကျွန်တော်မသိပေမယ့် ပြောပလောက်တဲ့အနေအထားမဟုတ်ဘူးလို့ ဘယ်လိုမှပြောမရတာထက်ကို များမယ်ထင်ပါ တယ်။ ကျွန်တော်တို့ရဲ့နိုင်ငံတော်ကြီးကိုယ်တိုင် ဒီမြစ်ကြီးတွေကို ကျောရိုးပြုပြီး နိုင်ငံတော်တခုအဖြစ် နိုင်ငံလားမြောက်ခဲ့ရတာမ ဟုတ္လား။ သမိုင်းသုတေသီဒေါက်တာသန်းထွန်းရဲ့အယူအဆအရ မွန်ဂိုရိုက်စ်တွေဟာ ဧရာဝတီမြစ်ဝှမ်းတလျှောက် ရေကြည်ရာမြက်နုရာ အခြေချနေထိုင်ကြရင်း မြန်မာလူမျိုးမြန်မာနိုင်ငံရယ်လို့ဖြစ်လာတယ်လို့ဆိုပါတယ်။ မေခ မလိခကနေဖြစ်တည်လာ တဲ့ဧရာဝတီအပါအဝင် မြန်မာနိုင်ငံမှာရှိနေတဲ့မြစ်တွေဟာ နိုင်ငံတော်ရဲ့သမိုင်းမှာ သူ့အခန်းသူ့အကန့်နဲ့သူ အားလုံးပါဝင်ပက်သက်နေမှာ သေချာပါတယ်။
ကျွန်တော်တို့ကံကောင်းနေသေးတဲ့တချက်က ခုချိန်တိုင်အောင် ကျွန်တော်တို့မြစ်တွေ မပျက်စီးသေး မသေဆုံးသေးခြင်းဖြစ်တယ် အိန္ဒိယနိုင်ငံရဲ့သမိုင်းမှာ နိုင်ငံအနေနဲ့ရောယဉ်ကျေးမှုအနေနဲပါ အင်မတန်အရေးပါတဲ့ မြစ်တစ်စင်းရှိပါတယ်။ ကျွန်တော်တို့နဲ့ရင်း နှီးလွန်းတဲ့မြစ်ဖြစ်တဲ့ ဂင်္ဂါမြစ်ပါ။ အိန္ဒိယနိုင်ငံရဲ့အကြီးဆုံးမြစ်ဖြစ်ပြီး ဟိန္ဒူဘာသာဝင်တွေအထွတ်အမြတ်ထားတဲ့မြစ်လည်းဖြစ်ပါ တယ်။ အခုတော့ အဲဒီမြစ်က ကမ်ဘာမှာ ရေထုညစ်ညမ်းမှုအများဆုံးမြစ်တွေထဲကမြစ်တစ်စင်းဖြစ်နေပါတယ်။ နောက်ထပ် ကျွန်တော်တို့ရဲ့အိမ်နီးချင်းနိုင်ငံကြီး တခုဖြစ်တဲ့တရုတ်နိုင်ငံမှာလည်း မြစ်ဝါမြစ်ဆိုတာသမိုင်းနဲ့ချီပြီးခမ်းနားခဲ့တဲ့မြစ်တစ်စင်းပါပဲ။ တရုတ်နိုင်ငံရဲ့ဒုတိယအကြီးဆုံးမြစ်ဖြစ်သလို ကမ်ဘာမှာလည်း ခြောက်ခုမြောက်အရှည်လျားဆုံးမြစ်ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ဒီမြစ်ကလည်း ကမ်ဘာ့ရေထုအညစ်ညမ်ဆုံးမြစ်တွေထဲက တစ်စင်းဖြစ်နေပါပြီ။
ကျွန်တော်တို့ရဲ့မြစ်တွေလည်း တစ်နေ့မှာ ဂင်္ဂါမြစ်လို မြစ်ဝါမြစ်လိုဖြစ်မသွားဘူးလို့ပြောမရပါဘူး။ လယ်ယာစိုက်ပျိုးရေးကို အခြေပြုထားတဲ့နိုင်ငံတခုမှာ မြစ်တွေကိုသာသေဆုံးခွင့် ပေးလိုက်ရင် ဒေသခံပြည်သူတွေရဲ့အနာဂတ်ဟာမတွေးရဲစရာပါ။ ဒါ့ကြောင့်ကျွန်တော်မြစ်တွေရဲ့အသံကိုနားစွင့်ထားပါတယ်။ မငိုတတ်တဲ့မြစ်တွေဆီက ငိုသံတွေထွက်လာမှာကို ကျွန်တော်စိုးရွံ့မိပါတယ်။ မြစ်တစ်စင်းသေသွားချိန်မှ အဲဒီမြစ်ရဲ့တန်ဘိုးကို သိပြီး ခြောက်သွေ့အက်ကွဲနေတဲ့မြေကြီးတွေပေါ်ကို ကျွန်တော့်မျက်ရည်တွေသွန်မချချင်ပါဘူး။ ခင်ဗျားတို့အားလုံးကိုလည်း မြစ်တွေရဲ့အသံကိုနားစွင့်ထားစေလို ပါတယ်။ ဘယ်အစိုးရခေတ်မှာပဲဖြစ်ဖြစ်ပေါ့။ ဘယ်နေ့ ဘယ်အချိန်မှာပဲဖြစ်ဖြစ်ပေါ့။ မြစ်တွေရဲ့အသံကိုနားလည်လာတဲ့အခါ။ မြစ်တွေရဲ့တနဘိုးကိုသိသွားတဲ့အခါ။ မြစ်တွေဆိုတာ ကျွန်တော်တို့အချစ် ဆုံးသောသူတစ်ယောက်လို ကျွန်တော်တို့ဘဝအတွက် ဘယ်လောက်အရေးပါအရာရောက်တယ်ဆိုတာ ခံစားမိမြာ ဖြစ်ပါတယ်။
ပန်းလှိုင်မြစ်ကြောင်းရဲ့တိမ်ကောသွားတဲ့ ဧရိယာတဝိုက်ကပြည်သူတွေဟာ မြစ်ရေမသောက်ရတဲ့ကာလတလျှောက်မှာ ဘယ္လို ခံစားကြရမလဲ။ တကယ်လို့များဧရိယာအကျယ်အဝန်းပိုကြီးတဲ့ ဧရာဝတီ စစ်တောင်းစတဲ့မြစ်ကြီးတွေ သာကော သွားရင် ပန်းလှိုင်မြစ်ကြောင်းကိုပြန်ဖော်ရသလောက် လွယ်ကူမှာမဟုတ်တာတော့သေချာတယ်။ မြစ်ရေသောက်ဧရိယာ တွေလည်း ဒီထက်အဆပေါင်းများစွာ ပိုမိုဒုက္ခရောက်မှာသေချာပါတယ်။ အဲဒီနေ့က ပန်းလှိုင်မြစ်ဆီကနေ အိမ်ပြန်ရောက် သည်အထိ မြစ်တွေရဲ့အသံဟာ ကျွန်တော့်အာရုံမှာကပ်ငြိပါလာခဲ့ပါတယ်။ ။
ခိုင်သွေးကို
29.1.2018 Weekly Eleven
No Comments