မြန်မာ့တောင်တန်းများ (ကီမိုတောင်)
ကီမိုတောင် သို့မဟုတ် ကျောက်ပန်းတောင် သည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် တည်ရှိသည်။ တောင်အမြင့်မှာ ၄,၂၆၉ ပေ ဖြစ်သည်။ ပလက်ဝမြို့မှ မိုင် ၂၀ အကွာ၊ ဆမီးမြို့မှ ၅ မိုင်အကွာ၊ ယောင်ဝရွာမှမိုင်အကြာတွင်တည်ရှိသည်။
ကျောက်ပန်းတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော တည်ရှိသည့် နေရာလည်း ဖြစ်သည်။
ကျောက်ပန်းတောင်ကို ဒေသနေ ခူမီးလူမျိုး နှင့် ခေါင်စိုလူမျိုးက “ကီမိုတောင်”၊မြိုလူမျိုးတို့က “ကိမ်မာတောင်”၊ မတူချင်းလူမျိုးတို့က “ကီးမိုမိုတောင်”၊ ဒိုင်ချင်းလူမျိုးတို့က “ကြစ်မတောင်”၊ ရခိုင်လူမျိုးအချို့က “ချင်းမပန်းတောင်းတောင်”ဟုလည်း ခေါ်ကြသည်။
ကျောက်ပန်းတောင်ထိပ်သည် နှစ်မိုင်နီးပါးကျောက်သားပြင်အဖြစ် တည်ရှိပြီး လခြမ်းပုံ သို့ အင်္ဂလိပ်အက္ခရာ C ပုံသဏ္ဌာန်ဖြစ်သည်။ တောင်ပတ်လည်တွင် ကျယ်ပြန့်လှသော ချောက်ကမ်းပါးကြီးနှင့် ဝန်းရံထားသည်။ တောင်၏ ၁၅ မိုင်အကွာအဝေးကို တစ်ဖက်တစ်ချက်စီတွင် တောင်ပူစာငယ် နှစ်လုံးဖြင့် ပိုင်းခြားထားသည်။ အနောက်ဘက်ရှိ တောင်ပူစာငယ်၏ အမြင့် မှာ ၄၂၆၉ ပေ ရှိပြီး အရှေ့ဘက်တောင်ပူစာငယ်၏ အမြင့်မှာ ၃၃၇၃ ပေ ရှိသည်။ တောင်၏ ၁၅ မိုင်ဝန်းကျင် ပတ်လည်အတွင်း တစ်တောင်နှင့်တစ်တောင် အကွာအဝေးနှင့် အရွယ်အစားတူညီသည့် တောင်ပူစာငယ် ၈၈ လုံးဖြင့်လည်း ဝန်းရံထားသည်ဟု ဆိုသည်။
#Greeness
Ref:internet
Photo:internet
No Comments