မြန်မာ့တောင်တန်းများ (ပင်းပက်တောင်)
ပင်းပက်တောင်ခေါ် ထင်းရှူးပင်တောင်သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး သံသတ္ထုများတည်ရှိ ထုတ်လုပ်ရာနေရာလည်း ဖြစ်သည်။ တောင်ကြီးမြို့မှ အရှေ့တောင်ဘက် ၇ မိုင်အကွာတွင် တည်ရှိသည်။
တောင်သည် ခန့်မှန်းခြေ ဧရိယာ ၈ စတုရန်းမိုင်ခန့် လွှမ်းမိုးထားသည်။ တောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၁၄၀၀ မီတာ၊ ၄၅၂၄ ပေ အထက်တွင် တည်ရှိသည်။ တောင်ဧရိယာဝန်းကျင်တွင် လူ ၇၀၀၀ ပတ်ဝန်းကျငခန့်် နေထိုင်ကြပြီး အများစုသည် ပအိုဝ်းလူမျိုးများ ဖြစ်ကြပြီး ရှမ်းနှင့် အိန္ဒိယလူမျိုးများလည်း နေထိုင်ကြသည်။
တောင်ကို ဝန်းရံထားသည့် လွင်ပြင်ကို ဟိုပုန်းလွင်ပြင်ဟု သိကြသည်။ ထိုလွင်ပြင်တွင် လူ ၃၅၀၀၀ ခန့်မှန်းခြေ နေထိုင်ကြပြီး ရွာပေါင်း ၁၀၀ ခန့်ရှိသည်။ သဘတ်စမ်းချောင်း (Thabat Stream) သည် ပင်ပတ်တောင်တစ်လျှောက် တောင်ဘက်သို့ စီးဆင်းလျက် ရွိကာ မိုင် ၁၀၀ ခန့် ဆက်လက်စီးဆင်းပြီးနောက် ပေါင်မြစ်နှင့် ပေါင်းဆုံသည်။
လက်ရှိတွင် ပင်ပက်တောင်သည် စိုက်ပျိုးမြေချဲ့ထွင်ခြင်းနှင့် ထင်းခုတ်ခြင်းများကြောင့် သစ်တောပြုန်းတီးမှုဒဏ်ကို ကြုံတွေ့နေရသလို ပင်းပက် သတ္တုတူးဖော်ရေး စီမံကိန်းကြောင့်လည်း တောင်ကြီး၏ ဂေဟစနစ်သည် ကြီးမားသော အပျက်သဘောကို ဆောင်လျက်ရှိသည်။ သတ္တု တူးဖော်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများကို ခံစားရမည်ဖြစ်ကာ တွင်းဖွင့်မိုင်းများကြောင့်လည်း ပတ်ဝန်းကျင်ရှုခင်းများကို သိသိသာသာ ပြောင်းလဲစေမည်ဖြစ်သည်။ ၎င်းစီမံကိန်းကြောင့် နေရင်းဒေသများ ဆုံးရှုံးခြင်း၊ သစ်တောပြုန်းတီးခြင်းနှင့် ပင်ပက်တောင်အနီးရှိ ရေအရင်းအမြစ်များအား နုန်းချခြင်းကို ပိုမိုဖြစ်ပေါ်စေသည်။
#Greenness
Ref:internet
Photo:theecologist
No Comments