မြန်မာ့ရေအရင်းအမြစ်
မိုးလေဝသပညာရှင် ဆရာနိုင်ရွှေမိုးရဲ့ ၂၀၀၅ ခုနှစ် စာပေဗိမာန်စာမူဆု၊ သုတပဒေသာ(သိပ္ပံနှင့် အသုံးချသိပ္ပံ)စာမု ပထမဆုရ စာအုပ်ဖြစ်ပါတယ်။
မြန်မာ့ရေအရင်းအမြစ်နဲ့ပတ်သက်ပြီး တော်တော်လေး အသေးစိတ်ရေးထားတာ တွေ့ရပါတယ်။
ရေရဲ့ ပေါင်းစပ်ဖွဲ့စည်းပုံနဲ့ ဖွဲ့တည်မှု၏ မူလအစ၊ သီးခြားတည်ရှိရာနေရာတွေ၊ ရေရဲ့ ထူးကဲတဲ့ဂုဏ်ရည်နဲ့ နှိုင်းမရတဲ့ အားမာန်တွေ၊ အဆုံးအစမဲ့ ဇလသံသရာ၊ ဇီဝလောကအတွက် အကျိုးပြုဆုံး ဒြပ်ပစ္စည်း၊ ဇလဒေါမာန်နဲ့ ဇလပေးတဲ့အန္တရာယ်၊ မြစ်ရေ ခန့်မှန် မြစ်ရေထိန်းကျောင်းမှု၊ မြန်မာနိုင်ငံနှင့် ကမ္ဘာ့ရေအကိပ်အတည်း စသဖြင့် အကြောင်းအရာအစုံအလင်ကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။
လေ့လာလိုသူတွေအတွက် အတော်လေး အဆင်ပြေမယ့် စာအုပ်တစ်အုပ်လို့ ဆိုရပါမယ်။
စာအုပ်က ၂၀၀၇ ခုနှစ်က ထုတ်ဝေခဲ့တာဆိုတော့ စာအုပ်ဆိုင်တွေမှာ ရှာရဖို့တော့ မလွယ်တော့ပါဘူး။ စာအုပ်အဟောင်းဆိုင်တွေမှာတော့ တခါတလေ တွေ့ရတတ်ပါတယ်။
No Comments