ယူကရိန်းက ၃နှစ်အတွင်း သစ်ပင် သန်း ၁ထောင် စိုက်မယ်လို့ ဆို

ယူကရိန်းက ၃နှစ်အတွင်း သစ်ပင် သန်း ၁ထောင် စိုက်မယ်လို့ ဆို

ဂလက်စကို COP26 ညီလာခံပြီးသွားပြီးနောက် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီယီက ၃နှစ်အတွင်း တိုင်းပြည်နဲ့ အနှံ့ သစ်ပင်မျိုးစိတ်အစုံ သန်း ၁ထောင် စိုက်ပျိုးပြုစုပေးမယ်လို့ ကြေညာလိုက်ပါတယ်။ ကမ္ဘာကြီးရဲ့ အဆုတ်လို့ ခေါ်တဲ့ သစ်ပင်တွေက ဥရောပ၂၇နိုင်ငံမှာ ၁၀စုနှစ်အတွင်း သစ်ပင် သန်း ၃ထောင် စိုက်ပျိုးဖို့အတွက် ယူကရိန်းအစိုးရက ဦးဆောင်ပြီး လုပ်နိုင်မယ်လို့ မျှော်လင့်ကြောင်း ကိုလည်း ဆိုပါတယ်။
ယူကရိန်းက သစ်ပင်တွေကို မျိုးဖောက်ပြီး အစေ့ထုတ်မယ့် စင်တာတွေ တည်ဆောက်နေပါတယ်။ ယူကရိန်နိုင်ငံ မြောက်ပိုင်း ဇိုင်တိုမာဒေသမှာ အပင်တွေ မျိုးဖောက်တဲ့လုပ်ငန်းတွေကို လုပ်သားအင်အား အများအပြား သုံးပြီး လုပ်ဆောင်မှု စတင်နေပါပြီ။ “ ဥရောပသမဂ္ဂက အပင်သန်း၃ထောင် စိုက်မယ်ဆိုတဲ့ အစီအစဉ်ထဲကနေ သီးသန့်ခွဲထွက်ပြီး သစ်ပင်သန်း၁ထောင်စိုက်မယ့်ကိစ္စကို လုပ်ဆောင်နေတာဖြစ်ပါတယ်။ ကျနော်တို့က ၃နှစ်အတွင်း အပြီးစိုက်မှာပါ။ ဥရောပက ဆယ်နှစ်အတွင်းမှာ သန်း ၃ထောင်စိုက်ဖို့ လုပ်နေတာပါ” လို့ သစ်တောဝန်ကြီး ယူရီယီ ဘိုလော့ခ်ဟိုဘတ် က ဆိုပါတယ်။
ယူကရိန်နိုင်ငံမှာ သစ်တောက ၁၆ % ပဲရှိပါတယ်။ ရာသီဥတုဖောက်ပြန်မှုကို ကာကွယ်ဖို့ ဆိုရင် သစ်တော ဧရိယာကို လက်ရှိထက် ၄ဆ ဖြစ်အောင် စိုက်ပျိုးမှ အဆင်ပြေမှာပါ။ လောလောဆယ်မှာ ယူကရိန်းနိုင်ငံအနောက်ဖက်ဒေသတွေမှာ အပူချိန်တိုး လာတာတွေ ၊ မြေအောက်ရေ ပိုနက်သွားတာတွေ ကြောင့် ကာပါသီယံတောင်တန်းဝန်ကျင်မှာ ခြောက်သွေ့မှုတွေပိုလာပါတယ်။ အပူချိန်တိုးလာလို့ ဥရောပက ထင်ရှုးတောတွေက ခြောက်သွေ့မှုတွေကို သိသိသာသာ ခံစားနေရပါတယ်။ ၂၀၁၉ တုန်းက ဆွစ်ဇာလန်သိပ္ပံပညရှင်တစ်စု ရဲ့ သုတေသနစစ်တမ်းမှာ လက်ရှိကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကိုစုတ်ယူဖို့ ဆိုရင် သစ်ပင်သန်းပေါင်း ၁သန်း ကျော် စိုက်ပျိုးမှ ရမှာဖြစ်တယ်လို့ ဆိုထားပါတယ် ။
တကယ်လို့ သစ်ပင်စိုက်ပျိုးမှု နည်းသွားပြီ ဆိုရင် ကမ္ဘာကြီးပူနွေးလာမှု နဲ့ ရာသီဥတု ဖောက်ပြန်မှုဖြစ်စဉ်ရဲ့ တရားခံဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုကို ဘယ်လိုမှ တားဆီးလို့ ရမှာ မဟုတ်ပါဘူး ။ လာမယ့်နှစ်တွေအတွင်းမှာ ကမ္ဘာလေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက် တန်ချိန် သန်းပေါင်း ၈သိန်းလောက်မထုတ်နိုင်ဘူးဆိုရင် သေချာပေါက် ရာသီဥတုဖောက်ပြန်မှုကို ဆိုးဆိုးဝါးဝါး ခံစားရမယ်လို့ ဆိုထားပါတယ်။
မောင်ယဿ ( နိုဝင်ဘာ ၂၃ )
REF: euronews
Photo : euronews

About The Author

greenness_mm

No Comments

Leave a Reply