ရာသီဥတုပြောင်းလဲမှု ဆိုင်ရာအတွက် မဖြစ်မနေဖတ်သင့်တဲ့ စာအုပ်
၂၀၂၀ မှာ ရာသီဥတုပြောင်းလဲမှု ဇာတ်လမ်းတစ်ပုဒ် ရှိခဲ့ပါတယ်။ ကမ္ဘာအပူချိန် မြင့်တက်လာတယ်။ ဆိုးဝါးတဲ့ သက်ရောက်မှုတွေ ကို နေရာတိုင်း မှာ ခံစားနေရပါတယ်။ ရာသီဥတုပြင်းထန်လွန်းခြင်းက သဘာဝဘေးအန္တရာယ် ဖြစ်လာပါတယ်။ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို သိပ္ပံပညာရှင်တွေက ချက်နဲ့ လက်နဲ့ ဖော်ထုတ်ပြနေပါတယ်။ လူနည်းစုနဲ့တင်မကဘူး လူအများစု သိအောင် သတင်းအချင်အလက်တွေကို ရေးသားဖော်ထုတ်ပေးတဲ့ စာအုပ်တွေရှိနေပါတယ်။ အဲ့ဒိစာအုပ်တွေထဲက အချို့ကို ဖတ်ညွှန်းအနေနဲ့ ဖော်ပြပေးတာပါ။ အရိုးသားဆုံးပြောရရင် စာရေးသူကိုယ်တိုင် လိုင်းပေါ်တင်ထားတဲ့ အမြည်းတွေကိုပဲ ဖတ်ဖူးသေးတာပါ။
Being the Change: Live Well and Start a Climate Revolution by Peter Kalmus
ပီတာကဲလ်မက်စ် ( ၄၇ နှစ် )ဆိုတာ အမေရိကန် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာသိပ္ပံပညာရှင်တစ်ယောက်ပါ။ ကယ်လီဖိုးနီးယားက တောင်တွေ တောတွေထဲကိုသွားပြီး ရာသီပြောင်းလဲမှုကြောင့် သစ်တောတွေ ဘယ်လောက် ထိခိုက်နေတယ် ဆိုတာတွေကို ရေးသား ဖော်ထုတ်နေတဲ့ စာရေးဆရာ တစ်ယောက်လည်း ဖြစ်ပါတယ်။
အမျိုးသားအာကာသသိပ္ပံ အဖွဲ့ ( နာဆာ ) ရဲ့ သုတေသန ဓာတ်ခွဲခန်းတစ်ခုမှာ အချက်အလက်ရှာပေးတဲ့ သိပ္ပံပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ ဟားဗတ်တက္ကသိုလ်မှာ သိပ္ပံဘွဲ့ယူခဲ့ပြီး ကိုလံဘီယာတက္ကသိုလ်မှာ ပါရဂူဘွဲ့ယူခဲ့ပါတယ်။
သူ့ရဲ့စာအုပ်ထဲမှာ ရာသီဥတုဆိုင်ရာသိပ္ပံပညာ ၊ ဂေဟစနစ်ကို ကြိုတင်ခန့်မှန်းခြင်း နဲ့ လူနေမှုဘ၀ သိပ္ပံဆိုင်ရာ အချက်အလက်တွေ ကို ရေသားဖော်ပြထားပါတယ်။ ကမ္ဘာ့လေထုထဲကို ကာဗွန်ထုတ်လွှတ်မှု ပမာဏက သစ်တောတွေနဲ့ ဆက်စပ်ပုံကို ကိုယ်တိုင် တောတွေထဲကို သွားပြီး အချက်အလက် စုဆောင်းထားတာဖြစ်လို့ တိကျခိုင်မာတဲ့အချက်တွေ ဖြစ်ပါတယ်။
စာရေးသူကိုယ်တိုင် အမြည်းပဲ ဖတ်ဖူးပါတယ်။ ကမ္ဘာ့ ရာသီပြောင်းလဲမှုကို စိတ်ဝင်စားတယ်ဆိုရင် မဖြစ်မနေဖတ်သင့်တဲ့ စာအုပ်တစ်အုပ်လို့တော့ ဆိုထားပါတယ်။ စင်ကာပူ အမေဇုံ ကမှာရင် ၂၈ဒေါ်လာ ကျသင့်မှာပါ။
ရေးသူ-မောင်ယဿ
No Comments