ရေစီးကြောင်းများပြောင်းလဲခြင်း

ရေစီးကြောင်းများပြောင်းလဲခြင်း

ရုံးဆင်းချိန်က ပုံမှန်ငါးနာရီဆိုပေမယ့် ခုလိုကြားရက်တွေမှာ တခြားအလုပ်ကိစ္စရှိရင် လေးနာရီလေးခွဲခန့်ဆို အိမ်ပြန်လို့ရပြီ။ ဒီနေ့လည်း လေးနာရီခွဲကတည်းက ကွန်ပြူတာကို Shut Down ချထားလိုက်တယ်။ တစ်နေကုန် ကွန်ပြူတာ မော်နီတာကို ကြည့်ရလို့ နွမ်းနယ်နေတဲ့ မျက်လုံးတွေကို အနားပေးရင်း မှေးနေမိတယ်။
” အကို ဒီနေ့ ကျနော့်အိမ် လိုက်ခဲ့ဗျာ” အသံကြားလို့ မျက်လုံးဖွင့်ကြညိ့မိတော့ ရုံးမှာအလုပ်အတူတူလုပ်နေတဲ့ ဒီဇိုင်နာ။ ဘယ်ကိုလဲဆိုတော့။ သူ့အိမ်ကိုတဲ့။ ကျွန်တော်က မလိုက်ဘူးပြော။ သူက ဇွတ်ခေါ်။ ငြင်းလို့မရတော့တဲ့ အဆုံး သူ့အိမ်ကို လိုက်ခဲ့ရတယ်။ သူ့အိမ်က ရန်ကုန်၊ တောင်ဒဂုံ၊ ၁၀၅၊ ၁၀၆ ရဲ့ အပြင်ဘက်ကိုရောက်တယ်။ YBS -7 နတ်စင်ကားစီးပြီး ၁၀၆ လမ်းဆုံမှာ ဆင်းရတယ်။ ကားပေါ်ကဆင်း လမ်းလျှောက်ရတာ ခြေသလုံးတွေ ပါ တောင့်လာတယ်။ မရောက်သေးဘူးလားမေးတော့ အေးအေးဆေးဆေး လျှောက်ပါဦးအကိုတဲ့။ တစ်နေကုန် စားပွဲကုလားထိုင်မှာထိုင်ပြီး မော်နီတာကို ထိုင်ကြည့်နေရတာ၊ စာတွေပဲထိုင်ဖတ်နေရတာ ညောင်းနေရောပေါ့တဲ့။ အဲဒါကြောင့် အကို့ကို ကျန်းမာရေးအရ လမ်းလှောက်စေချင်လို့ ခေါ်လာတာတဲ့။ ဒါနဲ့ လမ်းလျှောက်လာလိုက်တာ။ မလျှောက်လို့ကလည်း မရဘူးလေ။ အဲဒီရွာဆီရောက်ဖို့ ဘက်စ်ကားမှမရှိဘဲ။
ဒီလိုနဲ့ သူနေထိုင်ရာ ကျည်စုအနောက်ရွာဆိုတာ ရောက်လာပါရော။ သူ့အိမ်ရောက်။ ရေမိုးချိုး။ ခဏတဖြုတ်နားနေတုန်း အသက်ငါးဆယ်ကျော်၊ ခြောက်ဆယ်အရွယ် အဘိုးကြီးတစ်ယောက် ရောက်လာတယ်။ သူ အိမ်မှာ လေး၊ငါး၊ခြောက်ရက်မရှိဘူးဆို အဲဒီအဘိုးကြီးကို သော့အပ်ခဲ့တာတဲ့။ အဘိုးကြီးက သူ့ကို တူလိုသားလိုချစ်တာကြောင့် သူမရှိတဲ့အချိန်တိုင်း သူ့အိမ်ကို ဂရုတစိုက် စောင့်ရှောက်ပေးတယ်တဲ့။ သူ့ရဲ့မိတ်ဆက်ပေးမှုအရ၊ သူ့ရဲ့ စကားတွေအရ ကျွန်တော်နဲ့ အဘိုးကြီးလည်း စကားဖောင်ဖွဲ့မိကြရော။ ဒီရပ္ကြက္က အင်မတန်နားအေးတာပဲ လို့ ကျွန်တော်ကပြောတော့။ ဒါရပ်ကွက်မဟုတ်ဘူး။ အဘတို့ ဘိုးစဉ်ဘောင်ဆက် နေခဲ့တဲ့ရွာ လို့ ပြောတယ်။ ဒါဆို အဘတစ်သက်လုံး အေအေးချမ်းချမ်းနေခဲ့ရမှာပဲ လို့ ကျွန်တော်ကပြောတယ်။ သူကလည်း ထောက်ခံ တယ်။ ဒါပေမယ့် အဲဒီအဘဆက်ပြောတာက ခုတော့ အရင်လို အေးအေးချမ်းချမ်းမရှိလှတော့ပါဘူး။ အဘတို့ ရွာသူရွာသားမဟုတ်တဲ့သူတွေ ရောက်လာကြတယ်။ မြေတွေ၊ အိမ်တွေ၀ယ်ပြီး အခြေချနေထိုင်လာကြတယ်။ သီချင်းတွေ အကျယ်ကြီး ဖွင့်ကြ။ အကျယ်ကြီးဆိုကြနဲ့။ ရန်ဖြစ်တော့လည်း အော်ကြီးဟစ်ကျယ်။ နောက်ပိုင်း နားအေးတယ်ကို မရှိတော့ ပါဘူး ငါ့တူရာ တဲ့။ ကျွန်တော်ကိုယ်တိုင် ကြုံဆုံခဲ့ဖူးတဲ့ ကိစ္စဖြစ်တာကြောင့် အဲဒီ အဘကို နားလည်မပေးနိုင်စရာ အကြောင်းမရှိပါဘူး။ ဒါပေမဲ့ တစ်ချို့ရေစီးကြောင်းတွေဟာ ကျွန်တော်တို့ လက်မခံလို့မရပါဘူး။ လူဦးရေတိုးပွားနှုန်းအရ၊ နည်းပညာဖွံ့ဖြိုးမှုအရ၊ လမ်းပန်းဆက်သွယ်ရေးနဲ့ ကုန်ဈေးနှုန်းနဲ့ လူမှုဘ၀ လိုအပ်ချက်တွေအရ ရေစီးကြောင်းတွေဟာ အမြဲတမ်းရွေ့လျားနေမှာပဲဖြစ်ပါတယ်။ ဘယ်တံတိုင်း၊ ဘယ်တမံနဲ့မှ လုံအောင်ကာထား၊မစီးဆင်းနိုင်အောင် ပိတ်ပင်ထားလို့မရပါဘူး။
သန်လျင်မြို့ဘက် ကြိုက်ခေါက်စေတီတော်နဲ့ မလှမ်းမကမ်းမှာ ရှေးရှေးခေတ်ကတည်းကရှိခဲ့တဲ့ ရွာကြီးတစ်ရွာ ရှိပါတယ်။ မြို့ပြဖွံ့ဖြိုးတိုးတက်မှုအရ အဲဒီရွာကြီးဟာ လက်ရှိမှာ မြို့ပြအ၀န်းအ၀ိုင်းထဲ ရောက်ရှိနေပါပြီ။ အရင်က ဆိတ်ငြိမ်တဲ့ ခြံ၀န်းကျယ်ကြီးတွေနဲ့ သာယာအေးချမ်းတဲ့ ပတ်၀န်ကျင်လူမှုအဖွဲ့အစည်းဟာလည်း လှုပ်လှုပ်ခတ် ခတ်ဖြစ်လာတယ်။ လွန်ခဲ့တဲ့ နှစ်ပိုင်းတွေကတော့ အဲဒီရွာကြီးရဲ့ အစွန် လယ်ကွင်းတွေထဲမှာ ရပ်ကွက်အသစ် တစ်ခုရောက်လာတယ်။ ဒေသခံရွာသူရွာသားတွေက ဒါကို သိပ်သဘောမကျလှဘူး။ ပိုဆိုးတာက အဲဒီရပ်ကွက် အသစ်ကိုသွားဖို့အတွက်က ရွာကိုဖြတ်ပြီးမှ ရွာလယ်လမ်းမကြီးအတိုင်း သွားရခြင်းပဲဖြစ်တယ်။ လမ်းပေါ်မှာ ခြေချင်း လိမ်သွားလာနေကျသူတွေကို ကြည့်ပြီး သူတို့စိတ်ထဲမှာ ဘ၀င်မကျလှဘူး။ အဲဒီထက် သူတို့ရဲ့စိတ်ထဲ မွာ အရင်လို လုံခြုံမှုကို မခံစားရေတာ့ဘူး။ ဖြစ်ချင်တော့ အရင်က ခြံ၀န်းတံခါးတောင်မထားတဲ့ရွာလေးဟာ ခြံ ၀န်း တံခါးတွေကို ခိုင်ခိုင်ခန့်ခန့် လုံလုံခြုံခြုံဖြစ်အောင် ကြိုးစားလာတယ်။ အခြေအနေအရ မလုံခြုံလို့ကလည်း မရ တော့ဘူး။ ဟိုမွာ သူခိုးကပ်လို့ ဒီမွာ သူခိုးကပ် လို့ဆိုတဲ့ အသံတွေ၊ ဟိုအိမ္က ဆိုင်ကယ်ပျောက်တယ် ဒီ အိမ္က စက်ဘီးပျောက်တယ် ဆိုတဲ့ သတင်းတွေ မကြာခဏကြားလာရတယ်။ အပူအပင်ကင်းကင်း အေးအေး သက်သာနေခဲ့တဲ့ လူ့အဖွဲ့အစည်းလေးတစ်ခု ပြောင်းလဲလာတဲ့ ရေစီးကြောင်း၀ဲဂယက်မှာ စီးမျောပါသွားခဲ့တယ်။
ဒီရက်ပိုင်း မင်းဘူးက အကိုကဗျာဆရာတစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ အကြောင်းက ကျွန်တော် မန်းစက် တော်ရာ ဘုရားပွဲတော်ဖွင့်ပွဲကို သွားမယ်လို့ စိတ်ကူးထားတယ်။ မင်းဘူး-အမ်း လမ်း အနောက်ရိုးမ တောင်ပေါ် က ဂုတ်ကြီး၊ဂုတ်၀နဲ့ နတ်ရေကန်တောင်ကိုလည်း သွားချင်တယ်။ ပြီးတော့ သစ်တစ်ခြမ်းဝါးတစ်ခြမ်း ဖြစ်နေတဲ့ မကွေးတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ် နယ်နိမိတ်အစပ်ကိုလည်း သွားချင်တယ်။ နောက် ငဖဲ-စေတုတ္တရာ လမ်း ပိုင်းက ကျေးရွာတစ်ချို့ကိုလည်း သွားချင်တယ်။ နောက်တစ်ခု ကျွန်တော် မဖြစ်မနေလုပ်ချင်တာက မန်းစက် တော်ရာ ဘုရားပွဲတော် ဖွင့်ပွဲရက်မှာ စေတုတ္တရာနယ် ရိုးမအခြေ ကျေးရွာတွေက လှည်းတန်းတွေနဲ့ ဘုရားလာ ဖူးကြတဲ့ လှည်း၀ိုင်းတွေကို မြင်ချင်တွေ့ချင်တာလည်းပါတယ်။ အဲဒီတော့ ၂ ရက်ခန့်နဲ့ နေရာစုံအောင် သွားနိုင်ဖို့ တည်းခိုတဲ့နေရာက သွားရေးလာရေး လမ်းကြောင်းသင့်ဖို့ လိုတယ် မဟုတ္လား။ ဒါနဲ့ ပဒါန်းမှာ တည်းခိုခန်းရှိ မရွိ မင်းဘူးက ကဗ်ာဆရာကို ဖုန်းဆက်မေးဖြစ်တယ်။ ပဒါန်းက ကျွန်တော်သွားလိုတဲ့ နေရာအားလုံးကိုသွားဖို့ လမ်းပန်းဆက်သွယ်ရေး ဗဟိုကျတယ်။ ဒါပေမယ့် မင်းဘူးက ကဗျာဆရာရဲ့ ပြောစကားအရ လှည်း၀ိုင်းတွေက အရင်ကလိုရှိ၊မရှိ မသေချာတော့ဘူးတဲ့။
လွန်ခဲ့တဲ့ ၂၀၁၀ ၀န်းကျင်ခုနှစ်များက ကျွန်တော် စေတုတ္တရာနယ်ဘက်ကို ရောက်ခဲ့ဖူးတယ်။ အဲဒီတုန်းကတော့ အင်မတန် သွားရေးလာရေးခက်ခဲတဲ့ နေရာဒေသတွေပါပဲ။ ငဖဲကေန စေတုတ္တရာအထိ တောင်ဆင်းတောင် တက်တွေနဲ့ မြေသားလမ်းပဲရှိတာ။ သူတို့ရဲ့ရွာတွေကနေ ငဖဲလို၊စေတုတ္တရာလို မြို့ပေါ်ကို မပြောနဲ့ တစ်ရွာနဲ့တစ် ရွာ ကူးလူးသွားလာဖို့တောင် မလြယ္ကူဘူး။ မန်းစက်တော်ရာဘုရားပွဲကတော့ သူတို့ဒေသရဲ့ အကြီးကျယ်ဆုံး ဘုရားပွဲဖြစ်သလို ဒေသခံတွေ အေလးအျမတ္ထားရတဲ့ ပွဲတော်လည်း ဖြစ်တယ်။ ကံကောင်းတာက ဘုရားပြဲစ တင်ချိန်က မိုးလွတ်တဲ့ နွေဦးရာသီဖြစ်နေတာဖြစ်တယ်။ မြေသားလမ်းပေါ် ဗွက်ထတာတွေ မရှိတော့ အဆင်ပြေ ပြေ အသုံးပြုလို့ရတာပေါ့။ ဒုန်ချောင်း၊ မန်ကျီးစု၊ အရှေ့ဖအိုင်း၊ အနောက်ဖအိုင်း၊ ကူတော်၊ အုန်းတော စတဲ့ ကျီးချောင်း၀န်းကျင် စေတုတ္တရာနယ်ဘက်က ရွာတွေက ဘုရားပွဲတော် ဖွင့်ပွဲနေ့မျိုးနဲ့ တန္ခူးလ သင်္ကြန်ပွဲတော် ရက်တွေမှာ လှည်းတွေနဲ့ ဘုရားဖူးသွားကြလေ့ရှိပါတယ်။ အုန်တောရွာခံတစ်ယာက် ပြောဖူးတာက သူတို့ရွာက ဘုရားဖူးလှည်းတွေ အကုန်စုပြီး မန်းစက်တော်ရာဘုရားကို မနက်စောစောသွားကြတယ်။ လမ်းမှာရှိတဲ့ ချောင်း ရိုးမွာ လှည်းတွေထိုးပြီး တစ်ညအိပ်ရတယ်။ နောက်တစ်နေ့မနက် စောစောထ ခရီးဆက်မှ မန်းစက်တော်ရာကို မွန်းလွဲကျော်မှ ရောက်တယ်လို့ ဆိုပါတယ်။ တကယ်တော့ အုန်းတောရွာနဲ့ မန်းစက်တော်က မိုင်နှစ်ဆယ်ကျော် ကျော်ပဲေ၀းပါတယ်။
မင်းဘူးက ကဗျာဆရာရဲ့ လှည်း၀ိုင်းတွေက အရင်လို ရွိ၊မရွိ မသေချာတော့ဘူးဆိုတဲ့ စကားကြောင့် ငဖဲမြို့မှာရှိတဲ့ ညီမငယ်တစ်ယောက်ဆီ ဖုန်းဆက်မေးဖြစ်တယ်။ သူလည်း အတိအကျမသိတော့လို့ တခြားသူတွေကိုမေးကြည့် ပေးတယ်။ အဲဒီရွာတွေက လှည်းတွေနဲ့ မလာကြတော့ဘူးတဲ့ အကို။ အခုဟာက ငဖဲ-စေတုတ္တရာလမ်းကလည်း အရင်လို မဟုတ်တော့ဘူး။ ကတ္တရာလမ်းဖြစ်နေပြီ။ သူတို့က ဆိုင်ကယ်တွေကိုပဲ အဓိကထားပြီး သုံးကြတော့တာ။ ဟုတ်တာပေါ့။ အမွန္က ကျွန်တော် မေ့နေခဲ့တာ။ လွန်ခဲ့တဲ့ တစ်နှစ်ခန့်ကတည်းက သူ ကျွန်တော့်ကို ပြောခဲ့ဖူးတယ်။ ကျွန်တော် ရောက်ခဲ့ဖူး၊ နေခဲ့ဖူးတဲ့ ရွာလေးတွေကအစ မန်းချောင်း၊ မန်းဆည်၊ စစ်ကဲ တောင်နဲ့ ငဖဲမြို့ကအစ ပြောင်းလဲသွားခဲ့ပြီလို့ ပြောခဲ့ဖူးတယ်။ အရင်တုန်းက ငဖဲနဲ့ ချောင်းဖြူရွာကို ဖြတ်ကူးရတဲ့ သစ်သားတံတားအိုလေးတောင် အခု သံဘောင်ကွန်ကရစ်တံတား ဖြစ်နေပါပြီ။ ဟိုတလောကလည်း အဲဒီဒေသဘက်က ရွာလေးတစ်ရွာ လျပ်စစ်မီးရရှိတော့မှာမလို့ ရွာလယ်လမ်းပေါ်က သစ်ပင်ကြီးတွေ ခုတ်ပစ်ရတယ်။ လျပ်စစ်မီးကြိုးပြေးမယ့် ဧရိယာအတွင်းက မီးကြိုးနဲ့မလွတ်နိုင်တဲ့ သစ်ပင်ကြီးတွေကိုလည်း ခုတ်ပစ်တယ်တဲ့။
အိမ်နဲ့ယာနဲ့ မနေတတ်။ စနစ္တက် ချက်ပြုတ်မစားတတ်တဲ့ ကျောက်ခေတ်ယဉ်ကျေးမှုကစလို့ ယနေ့ IT ခေတ်၊ နည်းပညာခေတ်ကြီးအထိ ရေစီးကြောင်းတွေ များစွာပြောင်းလဲ့ပါပြီ။ ကျွန်တော်တို့ ပိတ်ပင်တားဆီးလို့ မရနိုင်ဘူး။ ရေစီးကြောင်း တိုင်းမှာလည်း အဆိုးနဲ့အကောင်း၊ အားနည်းချက် အားသာချက်တွေက ဒွန်တွဲနေတာ မဟုတ္လား။ စေတုတ္တရာ နယ္ဘက္က ရွာလေးတွေအတွက် ရေစီးကြောင်းပြောင်းလဲမှုတစ်ခုမှာ လမ်းပန်း ဆက်သွယ်ရေး ကောင်းလာတယ်။ တစ်နေရာနဲ့ တစ်နေရာ သွားရေးလာရေးလွယ်ကူသွားတယ်။ ဒေသထွက် သီးနှံတွေ ပို့ဆောင်ရေး အဆင်ပြေသွားတဲ့အတွက် ရွာသူရွာသားတွေအတွက် အရင်ကထက် အစစအရာရာ ပိုမိုအဆင်ပြေသွားမှာ အမှန်ပါပဲ။ ရေစီးကြောင်းပြောင်းလဲမှုကြောင့် လူနေမှုဘ၀တွေ ပိုမိုတိုးတက် ကောင်းမွန် လာမယ္ဆိုတာ သိနေတာတောင် ကျွန်တော့်စိတ်က ၀မ်းနည်းနေမိသေးတယ်။ တစ်ခါတစ်ခါ လူတွေရဲ့အတ္တက တော်တော်ဆိုးပါတယ်။ ကျွန်တော် လည်း လူတွေထဲက လူတစ်ယောက်ပါပဲ။
ခေတ်ရေစီးကြောင်း ဖွံဖြိုးတိုး တက္လာတဲ့ ပြောင်းလဲမှုတွေကို ကျေနပ်ပီတိဖြစ်တယ်ဆိုပေမယ့် ပြန်မရနိုင်တော့တဲ့ တန်ဘိုးတွေအတွက် ၀မ်းနည်းကြေကွဲမိတာ အမှန်ပါပဲ။ အခုလည်း စေတုတ္တရာ၊ငဖဲဘက်မှာ အရင်လိုမဟုတ်တော့ဘူး အားလုံး ပြောင်းလဲကုန်ပြီဆိုတော့ ရင်ထဲမှာ ဆို့တက်လာတဲ့ ၀မ်းနည်းစိတ်ကို တားဆီးလို့မရဘူး။ ကျွန်တော့်အနေနဲ့ အရင်ကရှုခင်းလေးတွေ ၊ အရင်က ဘ၀လေးတွေကို အင်မတန်မြတ်နိုးခဲ့မိတော့ လက်ရှိအနေအထားမှာ ကောင်းမွန်သော ပြောင်းလဲမှုတွေဆိုရင် တောင် အဲဒီပြောင်းလဲမှုတွေထက် အရင်အခြေအနေတွေကို တသသနဲ့ ပြန်လည် လွမ်းဆွတ်နေချင်မိတယ်။ အဲဒါကြောင့်လည်း အဲဒီနယ်ဘက်ကိုသွားဖို့ စိတ်နဲ့ မကြာခဏ ကြိုးစား ခဲ့မိတာ မဟုတ္လား။ နောက်ဆုံးတော့လည်း ရေစီးကြောင်း၀ဲဂယက်တွေကို စိတ်ကတွန်းလှန်ရုံထက် ကျွန်တော် တို့ ဘာမှမတတ်နိုင်ခဲ့ပါဘူး။ ကျည်စု အနောက်ရွာက အဘလည်း ကျွန်တော့်လိုပဲ ရေစီးကြောင်းတစ်ချို့ကို စိတ်နဲ့တွန်းလှန်နေပုံ ရပါတယ်။ သူလည်း ရီေ၀နေတဲ့မျက်လုံးအိမ်နဲ့ အတိတ်ကိုငေးလျက်။ကျွန်တော်လည်း ရီေ၀ဆွေးမြေ့စိတ်နဲ့ အတိတ်ကိုတွေးလျက်ပါပဲ။
ဓာတ်ပုံ-ဌေးဝင်း(စေလ)
မန်းစက်တော်ရာ ဘုရားဖူးလှည်းတန်း

About The Author

greenness_mm

No Comments

Leave a Reply