ရေအားလျှပ်စစ်စီမံကိန်းတွေကြောင့် ကျား ၅ ပုံ ၁ ပုံက စားကျက်ပျောက်ပြီး သေဆုံး
ဒီလထုတ် ကွန်မြူနီကေးရှင်း ဘိုင်အိုလိုဂျီဂျာနယ်ပါ ဆောင်းပါတစ်ပုဒ်မှာ ကမ္ဘာ့ပေါ်က ကျား ၅ပုံ ၁ပုံက ရေအားလျှပ်စစ်စီမံကိန်းတွေကြောင့် ရေလွှမ်းလွင်ပြင်ဖြစ်သွား စားကျက်ပျောက်သွားကြတယ်လို့ ဖော်ပြထားပါတယ်။ ဒါအပြင် သူတို့ရဲ့လေ့လာမှုအရ ကျားသစ် အကောင်၂၀၀ မှာ တစ်ကောင် အစာပြတ်လပ်ပြီး သေဆုံး နေရတယ်လို့ လည်း ဆိုထားပါတယ်။
ကမ္ဘာကြီးမှာ စွမ်းအင်လိုအပ်ချက်တွေ တစ်နေ့ထက် တစ်နေ့ များလာတဲ့အတွက်ကြောင့် နိုင်ငံအသီးသီးက အစိုးရတွေနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေက ရေအားလျှပ်စစ်လုပ်ငန်းတွေကို တလမန်းကြမ်း တည်ဆောက် နေကြပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေ က သိပ္ပံပညာရှင်တွေနဲ့ တောတွင်းသားအခွင့်အရေး တောင်းဆိုတဲ့ အဖွဲ့တွေက ရေအားလျှပ်စစ်လုပ်ငန်းတွေကို မဟားဒယား လုပ်နေမယ်ဆိုရင် ရေလွှမ်းလွင်ပြင်တွေဖြစ်ပေါ်ပြီး ဒေသတွင်း ဇီဝမျိုးစိတ်တွေအတွက် အစားရေစာ ပြဿနာဖြစ်လာနေတယ်လို့ ထောက်ပြလာကြပါတယ်။
တရုတ်နိုင်ငံ ရှန်ဇန်သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်က အပူပိုင်းဒေသ ဇီဝပညာရှင် လုဂစ်ဘဆင် က “ စွမ်းအင်ပြဿနာဖြေရှင်း ဖို့ ရေအားလျှပ်စစ် လုပ်ငန်းတွေကို တည်ဆောက်ကြတယ်။ ဒါပေမဲ့ ဒေသတွင်းက ဇီ၀ မျိုးကွဲတွေအတွက် ပြဿနာဖြစ်လာကြတယ်။ ရေလမ်းခရီးမှာ အခက်အခဲတွေဖြစ်လာတယ်။ ဒေသခံလူ့အဖွဲ့အစည်းတွေရဲ့ အသက်မွေးဝမ်းကျောင်းမှုတွေ ထိခိုက်လာတယ်။ ဒါတွေကို ပြန်လည်စစ်ဆေးသင့်တယ်” လို့ ဆိုလာပါတယ်။
ဂစ်ဘဆင်တို့ အဖွဲ့က အဲ့ဒါတွေကို ထုတ်ဖော်ဖို့ တောတွင်းကို ဝင်ပြီး အချက်အလက်တွေကို ပြုစုကြပါတယ်။ ရေအားလျှပ်စစ်စီမံကိန်း ဒေသအတွင်းမှာရှိတဲ့ တောကောင်တွေကို ဒရုန်းတွေသုံးပြီး မှတ်တမ်းပြုကြပါတယ်။ အဲ့ဒိအကောင်တွေရဲ့ နေထိုင်စားသောက်မှုက အစ တစ်စချင်း မှတ်တမ်းပြုကြပါတယ်။
သူတို့ရဲ့ မှတ်တမ်းအရ ရေအားလျှပ်စစ်စီမံကိန်းကြီးတစ်ခုက ဆည်ဆောက်လိုက်တဲ့ အတွက် စတုရန်းမိုင် ၅၃၀၀ က ရေလွှမ်းလွှင်ပြင်ဖြစ်သွားပါတယ်။ အဲ့ဒိဒေသအတွင်း မှာ ကျား ၇၂၉ ကောင်နဲ့ ကျားသစ် ၉၁၅ ကောင် ရှိပါတယ်။ အဲ့ဒိထဲမှာ ပျှမ်းမျှခြင်း ကျား ကောင်ရေ ၁၀၀ကျော် နဲ့ ကျားသစ်ကောင်ရေ ၂၀ကျော် အစာငတ်ပြီး သေဆုံးခဲ့ပါတယ်။
“ လူသားတွေရဲ့ စွမ်းအင်ပြဿနာအတွက် ဘဝပေးလိုက်ရတဲ့ တောတွင်းက အကောင်တွေအများ ကြီးရှိပါတယ်။ ဒေသတွင်း ဇီဝမျိုးကွဲတွေ မျိုးတုံးတဲ့အထိ ဖြစ်လာနိုင်မယ်ဆိုရင်တော့ အဲ့ဒိစီမံကိန်းတွေကို ပြန်လည် သုံး သပ်ဖို့ လိုနေပြီ” လို့ သူက ဝေဖန်ခဲ့ပါတယ်။
မောင်ယဿ ( ဒီဇင်ဘာ ၁၂ )
REF : mongabay
Photo : mongabay
No Comments