ရောင်စုံငှက်ပြာခြောက်
မြန်မာနိုင်ငံမှာ Nuthatch လို့ ခေါ်တဲ့ ငှက်ပြာခြောက်မျိုးစိတ် (၉) မျိုး တွေ့နိုင်ပြီး၊ ဒီ(၉) မျိုးထဲမှာမှ White-browed Nuthatch ဆိုတဲ့ မျက်ခုံးဖြူငှက်ပြာခြောက်ငှက်လေးက မြန်မာနိုင်ငံမှာပဲ တွေ့နိုင်တဲ့ မြန်မာ့ဒေသရင်း (Myanamr Endemic) ငှက်မျိုးစိတ် ဖြစ်ပါတယ်။ ချင်းပြည်နယ်တောင်ပိုင်း၊ နတ်မတောင်အမျိုးသားဥယျာဉ်မှာ တွေ့နိုင်ပါတယ်။
ယခုဖော်ပြလိုက်တဲ့ သေးငယ်ပြီး လှပတဲ့ငှက်ကလေးတွေကတော့
Beautiful Nuthatch အမည်ရပါတယ်။ မြန်မာအမည် ရောင်စုံငှက်ပြာခြောက် လို့ သိရပါတယ်။ Beautiful အမည်နဲ့ လိုက်ဖက်အောင် အရောင်စုံလင်လှပတဲ့ ငှက်လေးဖြစ်ပါတယ်။ ဒီငှက်လေးကိုတော့ Wild Wings Group အဖွဲ့ဝင် ကိုမြင့်ကျော်က မြန်မာနိုင်ငံမြောက်ပိုင်း ပူတာအိုဒေသမှာ ရိုက်ကူးမှတ်တမ်းတင်ခဲ့တာပါ။
Credit-Wild Wings Group

		
No Comments