ရေးလက်စ စာ

ရေးလက်စ စာ

လက်တလော ကျွန်တော်တွေးနေတဲ့အကြောင်းက ဘာလဲလို့ တစ်ယောက်ယောက်က မေးလာခဲ့ရင် ရေးလက်စ စာအကြောင်းကို တွေးနေတယ်ပြောရမှာပဲ။ ပြောသာပြောရတာ ဘယ်သူကမှလည်း မေးတာမဟုတ်ပါဘူး။ ကျွန်တော့်မှာသာ တစ်ယောက်တည်းနေရင်းထိုင်ရင်း ရေးလက်စစာတွေ ပျောက်နေတာ။
ညနေခင်းက အရှေ့ဝိုင်းက အမကြီးအိမ် ရောက်သေးတယ်။ အမကြီးအိမ်ကလည်း ညနေဆိုပေမယ့် အားလုံးမှောင်နေပြီ။ အပြင်မှာ ညတာတိုတို အလင်းတိုတိုလေးတော့ ရှိနေသေးတယ်။ ဒါပေမယ့် မှောင်နေတာပါပဲ။ ဒါလည်း မီးပါပဲ။ မီးက ပြတ်တော့ မှောင်ပြီလေ။ အမယ် မနက္က ပြောသေးတာ….” မီးက သဘောကောင်းနေတယ်။ ဒီနေ့ မပြတ်တော့ဘူးလား မသိဘူး…” တဲ့။ အမကြီးက ပြောတာပါ။ အမကြီးယောကျ်ား ယောက်ဖကြီးကတော့ “ဟ….. ပြတ်ချင်တဲ့အချိန် ပြတ်မှာဟ..”တဲ့။ သူတို့လင်မယားကြား ဝင်မပါဘဲ။ ထိုင်ခုံလေးတစ်လုံး အသာယူပြီး မန်ကျီးပင်အောက် သွားထိုင်။ ရေးနေတဲ့စာက ဘယ်အကြောင်းတရားပါလိမ့်လို့ ပြန်တွေးဖြစ်တယ်။ ပေါ်လာသလားဆိုတော့လည်း ပေါ်မလာပါဘူး။ ပြဿနာက ဖုန်းကလည်း အားမရှိဘူး။ စာရွက် ဘောပင်သုံးပြီး စာရေးနေတာမဟုတ်တဲ့ ကျွန်တော့်အတွက် ဖုန်း အားမရှိတာကလည်း ပြဿနာ တစ္ခုပဲ။ ကိုယ်ရေးနေတဲ့စာ ကိုယ် ပြန်ကြည့်လို့မှ မရတာ။ ကဲ…. ထားပါ။ ရေးလက်စ စာအကြောင်း ပြန်တွေးကြည့်မယ်ဆိုပြီး….ပြန်တွေးတယ်။ အတွေးထဲ ပေါ်လာတာက ကျွန်တော်နဲ့ ငယ်ငယ်လေးကတည်းက ခြဲခြာခဲ့ရတဲ့ ကျွန်တော့်ဇာတိမြေဝန်းကျင်က ရွာလေးတွေအကြောင်းဖြစ်နေတယ်။
ပြီးခဲ့တ်ပတ်လောက်က ဖြစ်မယ်။ ကျွန်တော် ကျောင်းကုန်းဆိုတဲ့ ရွာလေးကို သွားဖြစ်တယ်။ ကျောင်းကုန်းဆိုတာ ကျွန်တော့်မွေးဇာတိ ဝမ်းတွင်းမြို့နယ်ထဲမှာရှိတဲ့ ရွာကြီးတစ်ရွာပါ။ အိမ်ခြေ ထောင်ဂဏန်းဝန်းကျင်ရှိမယ် ထင်ပါရဲ့။ အထက်ကျောင်းလည်းရှိ၊ လျပ်စစ်မီးလည်းရှိတော့ စည်ကားတဲ့ ရွာကြီးတစ်ရွာဆိုပါတော့။ အဲဒီရွာမှာရှိတဲ့ ကတ္တရာလမ်းကနေ မြောက်ဘက်ကို ဆက်သွားရင် ဝမ်းတွင်းမြို့နယ် အနောက်ခြမ်းက ဒလ၊ ပြည်တော်သာ၊ ပင်းတလဲ၊ တဲစု၊ လိမ်ပင်စတဲ့ ရွာတွေကိုဖြတ်ပြီး ဝမ်းတွင်းကို ရောက်တယ်။ အဲဒီလမ်းကြောကနေ ဒလဘက်မသွားဘဲ အရှေ့ဘက်ကို လိုက်သွားရင်တော့ စိန်ပန်းပင်၊ ဆည်ရွာနဲ့ ကျန်စစ်သားမင်းကြီး အိမ်ပြေးဘဝကနေ မင်းတစ်ပါးအဖြစ်ရောက်အောင် အစပြုရာရွာလေးဖြစ်တဲ့ ထီးလှိုင်ကို ရောက်တယ်။ အဲဒီရွာတွေကို ကျွန်တော် ရောက်ဖူးလား၊ မေရာက္ဖူးဘူးလား။ ပြန်တွေးကြည့်ပေမယ့် ဇေဝဇဝါပဲ။ အဲဒီ ကျောင်းကုန်းရွာ ကတ္တရာလမ်းမကြီးကနေ တောင်ဘက်ကိုလိုက်သွားရင်တော့ အိုမတွေ့၊ သဖန်း၊ စံပြစတဲ့ ရွာတွေကိုဖြတ်ပြီး မိတၳီလာမြို့ကို ရောက်တယ်။ တိတိက်က်ပြောရရင် မိတၳီလာဝန်ဇင်းရပ်ကွက်ကို ရောက်တယ်ဆိုပါတော့။ ဝန်ဇင်းရပ်ကွက်ဆိုတာ ဝန်ဇင်းမင်းရာဇာအမတ်ကြီးကို သညာပြုစွဲခေါ်တဲ့အမည်ပေါ့။
အဲဒီလမ်းအတိုင်းသွားပြီး အိုမတွေ့ရွာကနေ အရှေ့ကိုသွားတဲ့ ဖြောင့်ဖြူးနေတဲ့ မြေသားလမ်းအတိုင်း လိုက်သွားရင်တော့ ရွှေဖလားကန်၊ တမာကုန်းဆိုတဲ့ရွာတွေကို ရောက်တယ်။ ရွှေဖလားကန်ဆိုတာ နိုင်ငံကျော် အငြိမ့်မင်းသမီးကြီးဖြစ်တဲ့ လေဘာတီမမြရင်ရင်ရဲ့ မွေးရပ်မြေပေါ့။ အဲဒီရွာလေးမှာ ဆရာမြို့မငြိမ်းတို့ နန်းတော်ရှေ့ဆရာတင်တို့လည်း တစ်လကိုးသတင်း လာနေသွားဖူးတယ်လို့ ရွှေဖလားကန်အဆက်ဖြစ်တဲ့ အရင်က ရနံသစ်မဂ္ဂဇင်းနဲ့ ပြည်သူ့ခေတ်ဂျာနယ်ရဲ့ ဖြန့်ချိရေးနဲ့ ပုံနှိပ်တာဝန်ခံ အကိုကြီးနိုင်အေးမင်းက ပြောဖူးတယ်။ သူတို့ခေတ်က ရွှေဖလားကန်ရွာလေးဟာ သဘာဝချောင်းလေးရယ်၊ ကြာစွယ်ကြာခက်တွေနဲ့ သောက်ရေသုံးရေ ကန်တွေရယ်၊ စိမ်းစိုနေတဲ့ လယ်ယာစိုက်ခင်းတွေနဲ့ စိမ်းစိုပြီး နေချင့်စဖွယ် ကျေးလက်တောရွာလေးများ ဖြစ်ခဲ့မလားမသိဘူး။ ကျွန်တော် မြင်ခဲ့ရတဲ့ ရွာလေးကတော့ ဖုန္ထူခြောက်သွေ့တဲ့ ကြည်းကုန်းဒေသ ရွာလေးတစ်ရွာသာ ဖြစ်တယ်။ မြင်ရတာကလည်း ဝါကျင်သွေ့ခြောက်နေတဲ့ မြင်ကွင်မျိုးပါပဲ။ တမာကုန်းဆိုတာတော့ အိမ်ခြေထောင်ကျော်ရှိတဲ့ ယက်ကန်းလုပ်ငန်းကို အဓိကလုပ်ကိုင်တဲ့ရွာပေါ့။ ကျွန်တော့်ရဲ့ ချက်မြုပ်ဇာတိကလည်း အဲဒီ တမာကုန်းဆိုတဲ့ရွာပါပဲ။ တမာကုန်းကနေ ရှမ်းရိုးမတောင်တန်းကြီးကိုငေးမောရင်း အရှေ့ကို ဆက်သွားလိုက်ရင်တော့ ရန်ကုန်၊ မန္တလေး လမ်းမကြီးကိုရောက်ရော။ ကဲ ထားပါတော့လေ။ ကျွန်တော်ရေးနေတဲ့ ရေးလက်စစာဟာ အဲဒီရွာတွေ၊ လမ်းခရီးတွေအကြောင်းမှ မဟုတ်ဘဲ။ ဒါဆို ကျောင်းကုန်းရွာလေးအကြောင်းလား။ စိတ်ရဲ့ သိမှတ်မှုဟာ တကယ့်ကို ဇဝေဇဝါပဲ။ ဒါနဲ့မထူးပါဘူးလေဆိုပြီး အတွေးထဲ ဆက်ကူးပစ်လိုက်တယ်။ မီးမလာတော့ ယက်ကန်းစက်သံတွေ မကြားရ။ အားလုံးတိတ်ဆိတ်လို့။ တိတ်ဆိတ်ခြင်းဝန်းကျင်ထဲ အတွေးစိတ်ကူးတွေနဲ့ တစ်ယောက်ထဲဆူညံနေရတာလဲ အရသာတစ်မျိုးပဲ။ ဇဝေဇဝါအရသာဆိုပါတော့။
ကျောင်းကုန်းရွာ ရွာအပြင်မှာတော့ မာလကာခြံတွေ၊ ဆီး(ဇီး)ခြံတွေ ရှိတဲ့အပြင်၊ ကြက်သွန်စိုက်ခင်း၊ နှံစားပြောင်းစိုက်ခင်း၊ နေကြာစိုက်ခင်း၊ ကုလားပဲစိုက်ခင်းတွေနဲ့ စိုစိုေပြေပြေရှိတဲ့ ရွာလေးဖြစ်တယ်။ မနီးမေဝးမွာ တောင်ပုလုဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့တဲ့ တောင်ပုလုရွာနဲ့ နာမည်ကျော် တောင်ပုလုတောရကျောင်းလည်း ရှိတယ်။ ရွာရဲ့အနောက်ဖက်မှာတော့ တောင်ပုလုဆည်ရဲ့ ရေလွှဲပေါက်လည်း ရှိတယ်။ ရေလွှဲပေါက်ပေါ်က လှမ်းကြည့်လိုက်တော့ အညာဒေသသစ်ပင်တွေဖြစ်တဲ့ ရှား၊ တမာ၊ သန်း၊ ထနောင်း၊ ကန္တာရ၊ ဆူးဖြူ၊ သမုန်းစတဲ့အပင်တွေနဲ့ အုံ့ဆိုင်းနေတဲ့ တောညို့ညို့ကို တွေ့ရတယ်။ အဲဒီ တောတန်းညို့ညို့လေးရဲ့ အလယ်မှာ ရှားရှားပါးပါး တောင်တစ်လုံးကို တွေ့ရတယ်။ ပဲခူးရိုးမရဲ့ အငုတ်အစွယ် တောင်တစ်လုံးဖြစ်ပုံရပါတယ်။ တောင်နာမည်က မယ်ညိုတောင်တဲ့။ ကလေးဘဝတုန်းက တော်တော်လေးရင်းနှီးခဲ့တဲ့ တောင်တစ်လုံးရဲ့ နာမည်ပေါ့။ ဒါပေမယ့် မမြင်မတွေ့ဖူး။ မေရာက်ဖူးခဲ့ဘူး။ မယ်ညိုတောင်ဆိုတဲ့ နာမည်ကိုတောင် နှစ်ပေါင်းများစွာ မေ့နေခဲ့တယ်။ ကျောင်းကုန်းဆိုတဲ့ ရွာရောက်မှပဲ နာမည်ကို ပြန်မှတ်မိတာရယ်။ ဘာဆိုဘာမွ ခမ်းနားခြင်းမရှိတဲ့ ရိုးမတစ်ခုရဲ့ အငုတ်အစွယ်တောင်လေးတစ်လုံးကို ကျွန်တော် မေ့လျော့သွားခဲ့တာ ဘာမွတော့ မဆန်းပါဘူး။ ဘာမှခမ်းနားခြင်းမရှိဘူးဆိုတာကလည်း ဒီဒေသလေးကို ငယ်စဉ်ကတည်းက စွန့်ခွာသွားခဲ့တဲ့ ကျွန်တော့်အတွက်သာ ဖြစ်မှာပါ။ ဒီဒေသလေးမှာ အခြေချနေထိုင်သူတွေအတွက်တော့ ဒီတောင်လေး တစ်စုံတစ်ရာအရေးပါနေမှာ သေချာပါတယ်။ ခြောက်သွေ့လွန်းတဲ့ လွင်ပြင်ခေါင်ခေါင်ကြီးထဲမှာ ဒီတောင်လေးရဲ့ အနီးတစ်ဝိုက် ထူထဲတဲ့သစ်ပင်တွေနဲ့ စိမ်းညို့အုံ့ဆိုင်းနေတာက ဒီတောင်လေးကနေပေးတဲ့ အကျိုးကျေးဇူးပဲ မဟုတ်လား။
ရေးလက်စာအကြောင်း တွေးနေတာဖြစ်ပေမဲ့ ရေးလက်စစာက ပေါ်မလာဘဲ ဇဝေဇဝါတွေဖြစ်နေပြီး အနေဝေးခဲ့တဲ့ မွေးရပ်မြေဝန်းကျင်က ရွာလေးတွေအကြောင်းသာ အတွေးထဲ တရေးရေးပေါ်နေတယ်။ ငယ်ငယ်တုန်းကအကြာင်းတွေကလည်း ဇဝေဇဝါနဲ့ ပြန်ပေါ်လာပြန်တယ်။ ကျွန်တော် သိရသလောက် ဒီဝန်းကျင်တစ်ဝိုက်မှာ နာမည်ထူးထူးဆန်းဆန်းနဲ့ ရွာလေးတွေရှိတယ်။ ဒီရွာလေးတွေရဲ့နာမည်ကို လွန်ခဲ့တဲ့ ဆယ်စုနှစ် သုံးခုကျော်လောက်က ပြောင်းလဲပစ်ဖို့ ကြိုးစားခဲ့ဖူးသူတစ်ဦးလည်း ရှိခဲ့ဖူးတယ်။ အဲဒီလူ ဆုံးသွားတာတောင် နှစ်ပေါင်း ၂၀ ခန့် ရှိပြီထင်ပါရဲ့။ သူပြောင်းလဲချင်တဲ့ ရွာလေးတွေနာမည်က ခံဘူး၊ ခဲ့ဘဲ့၊ ဖက်ကုန်း၊ ကုန်းခံဆိုတဲ့ ရွာလေးတွေပါ။ သူဟာ အဲဒီရွာနာမည်တွေကို တော်တော်လေး သဘောမကျဖြစ်ခဲ့တာပါ။ နောက်ပိုင်း အဲဒီရွာလေးတွေရဲ့နာမည်ကို သန်းခေါင်းစာရင်းထဲအထိ ပြောင်းလဲနိုင်ခဲ့တယ်လို့ ကြားရပေမဲ့ အတိအက်တော့ မသိခဲ့ရဘူး။ ပြောင်းလဲနိုင်ခဲ့သည်ဖြစ်စေ မပြောင်လဲနိုင်ခဲ့သည်ဖြစ်စေ ဒီနယ်ဒေသကလူတွေကတော့ ရှေးယခင် သူတို့ခေါ်ခဲ့တဲ့ ရွာနာမည်တွေကိုသာ ခေါ်နေကြတာ တွေ့ရကြားရတယ်။ အသားက်သြားတဲ့ အေလ့အထတစ္ခုကို ပြန် ည်ပြုပြင်ယူဖို့ဆိုတာ မလွယ်တဲ့ကိစ္စပဲ မဟုတ္လား။ ကျွန်တော်ကတော့ ရွာနာမည်တွေကို ပြောင်းဖို့ထက် ကျေးရွာဒေသပတ်ဝန်းကျင်နဲ့ ကျေးလက်ဒေသဖံွ့ဖြိုးရေးအတွက်သာ ပိုမိုပြောင်းလဲစေချင်ပါတယ်။ ခြောက်သွေ့နေတဲ့ ကန္တာရလွင်ပြင်ကျယ်ကြီးကို စိမ်းစိုတဲ့စိုက်ခင်းလွင်ပြင်ကြီးအဖြစ် ပြောင်းလဲလိုက်နိုင်မယ်ဆိုရင်လို့ ဇဝေဇဝါတွေးလိုက်မိတယ်။ ပြီးတော့ ရေးလက်စစာက ဘာပါလိမ့်လို့ ဆက်တွေးနေမိပြန်တယ်။
ခိုင်သွေးကို
ဓာတ်ပုံ၊ တမာကုန်းရွာမှ လေဘာတီမမြရင်တို့ရွာသို့ သွားသောလမ်း

About The Author

greenness_mm

No Comments

Leave a Reply