ရွှေတွင်းမတူးဖြစ်အောင် ဆန္ဒပြတဲ့ လယ်သမားသပိတ်ကို ကိုလံဘီယာ အစိုးရက နှိမ်နင်း
လွန်ခဲ့တဲ့ ၅နှစ်လောက်က လယ်သမား အုပ်စုလေးတစ်စုက သူတို့ ထွန်ယက်စိုက်ပျိုးနေတဲ့ နယ်မြေတွေမှာ ကုမ္ပဏီတွေက ရွှေတွင်းတွေလာတူးဖို့ ကြိုးစားခဲ့ပါတယ်။ အဲ့ဒိလူနည်းစုကလေးက ရွှေတွင်းတွေလာ မတူးအောင် သပိတ်မှောက်ဆန္ဒပြမှုတွေ လုပ်ခဲ့ပါတယ်။ သူတို့ အောင်မြင်ခဲ့ပါတယ်။
အင်ဂလိုဂိုးလ်အာရှန်တီ ဆိုတဲ့ နိုင်ငံခြား ရွှေတူးဖော်ရေး ကုမ္ပဏီက တောင်အမေရိက အင်ဒီးစ်တောင်တန်းကြီး ပေါ်က ကာဂျာမာကာ ဒေသမှာ ရွှေတူးဖို့အတွက် စီမံကိန်းလုပ်ခဲ့ပြီး လေ့လာမှုတွေလုပ်ခဲ့တာပါ။ အဲ့ဒိစီမံကိန်းကို လယ်သမာေးတွ အင်နဲ့ အားနဲ့ ဆန္ဒပြခဲ့ကြပါတယ်။
လယ်သမားတွေက ဒေးဗစ်အန်ဂိုလစ် လှုတ်ရှားမှုဆိုပြီး သူတို့ရဲ့ သပိတ်ကို အရှိန်မြှင့်ခဲ့လို့ အစိုးရ က အလျှော့ပေးပြီး သဘာဝပတ်ဝန်းကျင်စောင့်ရှောက်ရေးကို သဘောတူခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ် နှစ်ဦးပိုင်းလောက်ကနေ စပြီး ရွှေတွင်းကုမ္ပဏီတွေက မြေပြင်စစ်ဆေးမှုတွေ ဖောက်ခွဲမှုတွေ တစ်စတစ်စ လုပ်လာကြပါတယ်။
အဲ့ဒိအခြေအနေကြောင့် အလုပ်သမားနဲ့ လယ်သမားလူတန်းစားတွေက အင်တိုက် အားတိုက် ဆန္ဒပြ မှုတွေ လုပ်လာခဲ့ကြပါတယ်။ အဲ့ဒါကို အစိုးရကလည်း အကြမ်းဖက်ဖြိုခွင်းမှုတွေ လုပ်နေပါတယ်။
“ ကျမတို့ က ၂၀၁၉ လောက်ကတည်းက ရွှေတွင်းကုမ္ပဏီတွေရဲ့ ခြေလှမ်းကို ရိပ်မိပါတယ်။ ဒါကြောင့် ဆန္ဒပြတဲ့ လုပ်ငန်တွေကို ကြိုကြား ကြိုကြား လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ဖက်က ဒီနှစ်ပိုင်းတွေမှာ ဖောက်ခွဲမှုတွေ ပါလုပ်လာလို့ လူစုပြီး ဆန္ဒ အကြီးအကျယ်ပြဖို့ လုပ်ခဲ့တာပါ” လို့ လှုံ့ဆော်ရေးသမား အမျိုးသမီးရှေ့နေ ဗီဗီယာနာ တာချာက ဆိုပါတယ်။
“ ဒေသတွင်းမှာ ရွှေတူးဖော်ရေး လုပ်ငန်းတွေကို လာလုပ်တယ်။ တိုင်းပြည်က နိုင်ငံရေး နဲ့ စီးပွားရေ အီလစ်တွေရဲ့ လက်ဝါးကြီးအုပ်မှုတွေကနေ အဲ့ဒိစီမံကိန်းပေါ်လာတာပါ။ ရလာတဲ့အကျိုးအမြတ်တွေက ဒေသတွင်းမှာဆင်းရဲမွဲတေပြီး ကျန်ခဲ့မယ့် ပြည်သူတွေရဲ့ ကျန်းမာရေး ၊ ပညာရေး ၊အလုပ်အကိုင်နဲ့ အခွန်ဘက်ညီမှုအတွက် ဖြစ်မလာဘဲ အီလစ်တွေရဲ့ အကျိုးအမြတ်အတွက်ပဲ ဖြစ်လာမှာမို့လို့ ဆန္ဒပြနေရတာပါ “ လို့ သူမက ဆိုပါတယ်။
၂၀၁၇တုန်းက တောင်အာဖရိကအခြေစိုက် အင်ဂလိုဂိုလ်အာရှန်တီ ကုမ္ပဏီက လန်ဒန် စတော့ဈေးကွက်မှာ ကာဂျာမာကာ ဒေသမှာ ရွှေ အလုံးအရင်းနဲ့ ထွက်ရှိနိုင်တယ်လို့ ကြေညာထားပါတယ်။
မောင်ယဿ ( ဒီဇင်ဘာ ၉ )
REF: euronews
Photo : euronews
No Comments