လာမယ့် ၁၅ နှစ်အတွင်း ဘက်ထရီတွေက အလကားနီးပါးလောက်ကို ရနိုင်မယ်လို့ IEA ဆို

လာမယ့် ၁၅ နှစ်အတွင်း ဘက်ထရီတွေက အလကားနီးပါးလောက်ကို ရနိုင်မယ်လို့ IEA ဆို

‘၂၀၃၀ စွမ်းအင်ရည်မှန်းချက်ပြည့်စုံဖို့ လက်ရှိလုပ်နေတဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မူတွေကို ၆ ဆ လောက်ပိုလုပ်ရပါလိမ့်မယ်။ အဲ့ဒါမှ ယန္တရားကြီးတွေလည်ပတ်နိုင်ပါလိမ့်မယ်” IEA အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) ရဲ့ အစီရင်ခံစာတစ်ခုမှာလာမယ့် ၁၅ နှစ်အတွက် လျှပ်စစ်သိုလှောင်ထားတဲ့ ဘက်ထရီတွေရဲ့ တန်ဖိုးက ၉၀% လောက်ထိကို ကျဆင်းသွားနိုငိတယ်လို့ပါရှိပါတယ်။ သန့်စင်တဲ့စွမ်းအင်နည်းပညာတွေက ဘက်ထရီတွေကို ဈေးနှုန်းကျဆင်းသွားအောင် လုပ်ပေးမှာပါ။ လက်ရှိသုံးနေတဲ့ လစ်သီယံအိုင်းယွန်းဘက်ထရီတွေ နေရာမှာအခြားပိုကောင်းတဲ့ ဓာတ်ပေါင်းတွေဝင်လာပြီး သေးသေးလေးနဲ့ အများကြီးသုံးလို့ရနိုင်တဲ့ ဘက်ထရီတွေကို ထုတ်လုပ်နိုင်တော့မှာပါ။

၂၀၂၀ တုန်းက လျှပ်စစ်ကားအစီးရေ ၃ သန်းကျော်ပဲရောင်းချခဲ့ရ နေရာက ၂၀၂၃ မှာ လျှပ်စစ်ကားအစီးရေ ၁၄ သန်းကျော်ရောင်းချနိုင်ခဲ့ပါတယ်။ ရာခိုင်နှုန်းအရပြောရရင် ၁၃၀ ရာခိုင်နှုန်းတက်လာတာဖြစ်ပြီး လျှပ်စစ်ကားတွေအတွက် သုံးတဲ့ ဘက်ထရီတွေချေးကြောင့် ဝယ်လိုအားမြင့်တက် လာတာပဲဖြစ်ပါတယ်။ ဒူဘိုင်းမှာကျင်းပခဲ့တဲ့ COP 28 ညီလာခံမှာတိုင်းပြည်တွေက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မူကို ၃ ဆ တိုးလုပ်မယ်လို့ ကတိကဝတ်ပြုခဲ့ကြပါတယ်။ အဲ့လိုလုပ်ဖို့အတွက်က ဘက်ထရီထုတ်လုပ်မူက အသက်လိုဖြစ်နေပါတယ်။ နေစွမ်းအင်ပဲဖြစ်ဖြစ်၊ လေစွမ်းအင်ပဲဖြစ်ဖြစ် ရလာတဲ့လျှပ်စစ်တွေကို ဘက်ထရီနဲ့ သိမ်းထားဖို့လိုပါတယ်။ နိုင်ငံအဆင့်ဓာတ်အားပေးလိုင်းတွေထဲကို ပိုလျှံဓာတ်အားကိုရောင်းပြီး ဝင်ငွေရအောင်လုပ်ဖို့က ဘက်ထရီတွေကအရေးပါပါတယ်။

IEAရဲ့ တွက်ချက်မူအရ ၂၀၃၀ မှာ ကမ္ဘာကြီးက ဂစ်ဂါဝပ် ၁၅၀၀ လောက်ကို သုံးတော့မှာကို ဘက်ထရီကနေ ဂစ်ဂါဝပ် ၁၂၀၀ လောက် ထုတ်မှာမို့လို့ ဘက်ထရီကိုဈေးကစားလို့မရဘဲ ဈေးနှုန်းလျော့ပြီးရောင်းမှာဖြစ်လို့ အများကြီးဈေးကျသွားဖွယ်ရာရှိနေတယ်လို့ဆိုပါတယ်။

ရင်ငြိမ်းနွေ
Ref; euronews

About The Author

greenness_mm

No Comments

Leave a Reply