လွန်ခဲ့တဲ့ နှစ်နှစ်သိန်းလောက်က ဖြစ်ခဲ့တဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် လူဝံကြီးများ မျိုးသုဉ်
ရာသီဥတုဖောက်ပြန်မှုကြောင့်ဖြစ်တဲ့ ခြောက်သွေ့ရာသီတစ်ခု ဝင်ရောက်ခဲ့တဲ့အတွက် ရှေး လူဝံအကောင်ကြီး မျိုးနွယ်စုတွေက ၎င်းတို့ရဲ့ အကြိုက်ဆုံးအသီးအနှံများကို လက်လှမ်းမမီနိုင်တော့တဲ့ အတွက်ကြောင့် မျိုးသုဉ်း သွားခဲ့တယ်လို့ ယူဆရကြောင်း လေ့လာမှုအသစ်တစ်ခုက ဆိုပါတယ်။
တရုတ်နိုင်ငံတောင်ပိုင်းတွင် တစ်ချိန်ကနေထိုင်ခဲ့သည့် Gigantopithecus blacki မျိုးစိတ်သည် သိပ္ပံပညာရှင်များ သိကြသည့် အကြီးဆုံးမျောက်ဝံကြီးမျိုးဖြစ်ပြီး အရပ် ၃ မီတာရှိပြီး အလေးချိန် ၂၉၅ ကီလိုဂရမ်အထိရှိပါတယ်။ သြစတြေးလျနိုင်ငံ Southern Cross တက္ကသိုလ်မှ သုတေသီ Renaud Joannes-Boyau က “ အစားအစာ ရှားပါးလာတဲ့အခါမှာ အဲ့လို အကောင်ကြီးတွေက သစ်ပင်ပေါ်ကိုတက်ပြီး သူတို့ရဲ့ အစာရင်းမြစ်သစ်အတွက် မရှာနိုင်ခဲ့ကြပါဘူး ။ အကောင်က ကြီးလွန်းအားကြီးတော့ သူတို့မတတ်နိုင်ဘဲ သေဆုံးကုန်ကြတာ” လို့ ပြောပါတယ်။
ခေတ်သစ် လူဝံများနှင့် ဆင်တူဖွယ်ရှိတဲ့ ဧရာမမျောက်ဝံကြီးများသည် တရုတ်နိုင်ငံ ကွမ်ရှီးဒေသ သစ်တော လွင်ပြင်တွင် နှစ်ပေါင်း ၂ သန်းခန့်က ရှင်သန်ခဲ့ပါတယ်။ ရာသီဥတု ပြောင်းလဲလာတဲ့အထိ အပူပိုင်းသစ်တော တွေမှာ အသီးအနှံတွေနဲ့ ပန်းတွေကို စားပြီး အသက်ရှင်ခဲ့ကြတာပါ ။ သုတေသီတွေက ကွမ်ရှီးဂူများအတွင်းက ရလာတဲ့ ဝတ်မှုန်နဲ့ အနည်နမူနာများအပြင် ကျောက်ဖြစ် ရုပ်ကြွင်းသွားများကိုလေ့လာခဲ့ပြီးနောက်မှာတော့ လွန်ခဲ့သည့်နှစ်ပေါင်း ၆သိန်းခန့်က အဲ့ဒိဒေသက သစ်တောများ ခြောက်သွေ့ရာသီနဲ့ ကြုံတွေ့လိုက်ရပြီး သစ်တောများ နည်းပါးသွားခဲ့ရတယ်လို့ ခွဲခြမ်းစိတ်ဖြာလေ့လာခဲ့ပါတယ်။
ဧရာမလူဝံကြီးတွေက ချက်ခြင်းကွယ်ပျောက်သွားတာမဟုတ်ဘဲ ။ လွန်ခဲ့တဲ့ နှစ် ၂သိန်း နဲ့ ၃ သိန်းကြားရောက်မှ လုံးဝမျိုးသုဉ်းသွားတာပါ။ သုတေသီတွေရဲ့ လေ့လာချက်မှာ တော့ သေးငယ်တဲ့ မျောက်တွေကတော့ အပင်တွေ ပေါ်ကို တက်ပြီး အစာရင်းမြစ်သစ်ကို ရှာခဲ့ကြပါတယ် ။ လူဝံကြီးတွေက သစ်ပင်ရဲ့ အခေါက်တွေနဲ့ ကျူပင်တွေလို အာဟာရမဖြစ်တဲ့ အစာတွေကို စားပြီး ရှင်သန်ပေခဲ့ပေမဲ့ ရေရှည်မှာ ဘယ်လိုမှ မရပ်တည်နိုင်ခဲ့ကြပါဘူး ။
“ရာသီဥတုပြောင်းလဲတဲ့အခါ သစ်တောတွေကပါလိုက်ပြီး ပြောင်းလဲလာပါတယ်။ အဲ့တော့ ဒေသတွင်း မျိုးစိတ်တွေအတွက် နှစ်သက်တဲ့ အစာအလုံအလောက် မရှိတော့ဘူး” လို့ တရုတ်နိုင်ငံ၏ ကျောရိုးရှိသတ္တဝါ သဏ္ဍာန်ဗေဒ ပညာရှင် Zhang Yingqi က ပြောပါတယ်။
မျိုးတုံးပျောက်ကွယ်သွားသော မျောက်ဝံကြီးများနှင့် ပတ်သက်၍ သိပ္ပံပညာရှင်အများစု သိထားသည်မှာ ရုပ်ကြွင်းသွားများနှင့် မေးရိုးအောက်မေးရိုးကြီးလေးခုကို လေ့လာခြင်းမှ ထွက်ပေါ်လာပြီး အားလုံးမှာ တရုတ်နိုင်ငံတောင်ပိုင်းတွင် တွေ့ရှိရတာဖြစ်ပြီး ပြည့်စုံသော အရိုးစုများကို မတွေ့ရသေးပါ ။
လွန်ခဲ့သောနှစ်ပေါင်း 2 သန်းနှင့် 22 သန်းကြားတွင် အာဖရိက၊ ဥရောပနှင့် အာရှတို့၌ နေထိုင်သည့် မျောက်ဝံကြီး မျိုးစိတ် ဒါဇင်များစွာရှိကြောင်း ရုပ်ကြွင်းမှတ်တမ်းများက ဖော်ပြပါတယ် ။ ယနေ့တွင် ဂေါ်ရီလာများ၊ ချင်ပန်ဇီများ၊ ဘိုနိုဘိုများ၊ အော်ရန်ဂူတန်နှင့် လူသားများသာ ကျန်ရှိပါတော့တယ် ။
မောင်ယဿ
REF: euroNews
No Comments