“ဝါခေါင်ရက်ဆက်မိုး”
(၁)
အခုတေလာ မိုးကပိုပြီး ရက်ဆက်လာသည်။ သြဂုတ်လ၏ အုံ့အုံမှိုင်းမှိုင်း အေးအေးလူလူရက်တွေလို့ပဲ ဆိုရမည်ပင်။ တောင်တရုတ်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်ဘက်တွင် မုန်တိုင်းရယ်လို့စသည်နှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသသည် နေရာစိပ်စိပ်မိုးထစ်ချုန်းရွာမည်ကို မိုးလေဝသသတင်း မကြည့်လည်း ဧရာဝတီသားမှန်လျှင် သိပြီးသားဖြစ်သည်။ ‘ဝါဆိုဝါခေါင် ရေဖောင်ဖောင်’ ဆိုသည့်အတိုင်း မိုးမစဲလေမစဲသည့် ဝါခေါင်လရာသီကို ရောက်ခဲ့ပြီ။ စာဆိုတော် ဦယာကေတာ့ –
“ရွှေသိဟ်ရာသီ၊
ခါမှီဆန်းစ ခန်းဝလေ။
တေဇောတစ်ခါ
လှည့်ပြန်လာသော်
လမှာဝါခေါင်
မိုးမှောင်လျှပ်စို့၊
သက်တံညို့သား”
ဟု သည်ရာသီကို ဖွဲ့ဆိုခဲ့သည်။
သည်ရာသီက Alexandrian Laurel ခေါ် ပုန်းညက်ပန်းများ ကြိုင်နေအောင် မွှေးပြီး မြိုင်နေအောင် ပွင့်သည့် ဝါဆိုအကုန် ဝါခေါင်အကူး လအထူး ဖြစ်သည်။
(၂)
ကိုယ့်အိမ်ခေါင်းရင်းဘက် ခြံအစပ်နားမှာ ပုန်းညက်ပင်တစ်ပင်ရှိသည်။ မိုးကပုတ်လိုက် လေကပုတ်လိုက်ဆိုပေသိ ပုန်းညက်ပန်းတွေက ဖွေးဖွေးဖြူအောင် ပွင့်နေသေးသည်။ အရွက်ထိပ်ဖျားမှာ တွဲလွဲခိုနေသော ရေစက်လေးများမှာ မိုးနေလက်သည့်အခါ စိန်ပွင့်ကလေးများနှယ် စိုစိုစက်စက် လက္လက္ပပ ရှိနေသည်။ ပွင့်ချပ်အဖြူရောင် ဝတ်ဆံအဝါရောင်ရှိပြီး “မွှေးလိုက်တာ” လို့ နှုတ်ကထုတ်ပြောရသည်အထိ သူ့ရနံ့ကကြွယ်သည်။ မိုးရေစက်တွေအောက်မှာပဲ မြိုင်နေအောင်ပွင့်၍ ကြိုင်နေအောင်မွှေးသည်။ မိုးလေအေးအေးထဲက ပုန်းညက်ပန်းနံ့က အေးကြိုင်နေအောင်မွှေးလှသည်။
မိုးနံ့ပါသော လေအေးအေးလေးကို တဝကြီးရှူရှိုက်ရသည့်အရသာ၊ မိုးနံ့ရောနေသည့် မြေသင်းနံ့ကို အားပါးတရ ရှူရှိုက်ရသည့် အရသာတို့က စိတ်အတွေးကိုပါ စိုစိုဖတ်ဖတ် လန်းလန်းဆန်းဆန်းဖြစ်လာစေသည်။
မိုးရေဖွေးဖွေးကြားက ခရုမ မပြဲအော်သံ၊ လယ်ပိုးကောင်သံ၊ ဖားအုံအင်သံတို့ကလည်း တူရိယာတန်ဆာပလာတစ္ခုလို ဆူ၍တစ္ဖုံ ညံ၍တစ်သွယ်
နှင့် မိုးဥတု၏အရသာကို ပြည့်စုံအောင်ဖြည့်ဆည်းပေးနေသည့်နှယ်။
“မိုးရွာလို့ ဖားအော်
အော်လေသည့်ဖား
ကင်လို့စား
အားရပါးရဝါး ”
လို့ ကိုယ်တို့ငယ်ငယ်ကအော်ဆိုခဲ့ဖူးသည်။ ဖားကိုကြွပ်နေအောင်ကြော်၊ ကင်ပွန်းချဉ်ရွက်၊ ဆူးပုပ်ရွက်၊ ငါးပိစိမ်း၊ ငရုတ်သီးဖတ်တို့နှင့် ရောလှိမ့်ပြီး
အမေချက်ထားသည့်နေ့ဆို ကိုယ္တို့သားအဖ ခေါင်းမဖော်စတမ်း လွေးခဲ့ကြပုံကို သတိရမိတော့ အေဖ့ကို ပိုလို့လွမ်းရသည်။
(၃)
မိုးရွာလျှင် ပျော်သူရှိမည်။ မပျော်သူလည်း ရွိ
လိမ့်မည်။ ကိုယ်နှိုက်ကမူ မိုးရွာလျှင် ပျော်သည့်သူထဲမှာ ပါ၏။ ”ဘဝနှင့်ဝမ်းစာ” ထမ်းပိုးထားရရှာသူများအဖို့ ဝမ်းတစ်ထွာမျှသော ဧရိယာလေးကို မိုးလုံအောင်ကြိုးစားဖုံးဖိကာ ရုန်းကန်ကြရသည်။ “ဒီမိုးနဲ့တော့ကွာ လုပ်စားဖို့မကောင်းတော့ပါဘူး” ဆိုသည့် ညည်းတွားသံကို ကိုယ့်ပတ်ဝန်းကျင်မှာ ခဏခဏ ကြားခဲ့ရဖူးသည်။ တချို့လူများအတွက် လောကဓံထဲတွင် ရာသီဥတုဆိုသည်မှာ သတ်မှတ်ချက်တစ်ခုကလွဲ၍ နှစ်သက်စရာတစ်ခုအနေဖြင့် ရွိမေနခဲ့ပါ။
မိုးပါးပါး ခွဲသည်နှင့် မတွေ့ရ မကြားရသည်မှာ ကြာပြီဖြစ်သော ငှက်ပေါက်စတို့၏ ဟန်မူရာနှင့် အသံစာစာကို မြင်ရကြားရသည်။ သူတို့လေးတွေက ခြံစည်းရိုးတန်း အနားရွိ မန်ကျည်းပင်ပုများပေါ်မှာ ကျလိကျလိနှင့် ခေါင်းခါလိုက် ကိုယ်ခါလိုက် လုပ်နေကြသည်။ မနက်မနက် ပုန်းညက်ပင်နား လာအော်နေသည်မှာ သင်းတို့ပင် ဖြစ်လိမ့်မည်ဟု တွေးမိသည်။ တစ်ခါတစ်ခါ သစ်တောက်ငှက် ပိစိလေးတစ်ကောင်လည်း ရောက်လာတတ်သေးသည်။
မိုးရက်ဆက်သည့်အခါ ပြတင်းတံခါးမဖွင့်ဘဲ အိပ်ဖြစ်သောကြောင့် ငှက်ပေါက်စတို့ စကားပြောသံညံညံကိုမကြားရသည်မှာ သုံးရက်ကျော်ရှိပြီ ဖြစ်သည်။ ငှက်တွေက သူတို့ချင်းချင်း စကားပြောတာလား၊ တေးဆိုတာလား ကွဲပြားရလေအောင် သေချာကြည့်သော်လည်း မိမိအနေဖြင့် သေချာမသိနိုင်ခဲ့ပါ။
(၄)
မိုးရေ အဝသောက်ထားသည့် သစ်ပင်ပျိုအိုတို့ကြောင့် မြင်လေရာရာ စိမ်းစိမ်းမြမြ ရှိနေပါသည်။ တရုတ်ကဗျာဆရာ လီယင် Li Ying ၏ “မိုးရွာပြီးစ” ကဗ်ာကို သတိရမိပါသည်။ မိုးရွာပြီးစမှာ သူ့ပြတင်းပေါက်မှ မြင်ရသည့်အရောင်တို့ကို လိမေ္မာ်ရောင်၊ ပန်းသီးညိုရောင်၊ ငါးရှဥ့်သွေးရောင်တွေလို့ ရေးခဲ့သည်။ ကိုယ့်ပြတင်းပေါက်မှ မြင်နေရသည့် အရောင်တို့ကတော့ စိမ်းစစိုစ အရောင်များသာဖြစ်သည်။
ကလေးရွယ်တုန်းကတော့ လယ်ကန်သင်းပေါင်ပေါ်မေးတင်နေသော ကန်စွန်းရိုးနီနီလေးများကို လက်သည်းဆိတ်ခူးရင်း ခရမ်းနုရောင် အပွင့်လုံးလုံးလေးများ ပွင့်နေသည့် ထိကရုံးပင်လေးများကို လက်ဖြင့် တို့ထိဆော့ကစားခဲ့ဖူးသည်။ တောပန်းနီနီလေးများကြားမှ ကြက်တက်ရွက် အနုအဖြာတို့ကို ဖွားနှင့်အတူတူ ခူးဆိတ်ခဲ့ဖူးသည်။ မိုးတိတ်ညနေတချို့သည် မြေးအဖွားနှစ်ယောက် ရွာနောက်နားက တောထဲသို့ ကြက်တက်ရွက်ခူး ထွက်ခဲ့ဖူးကြသည့်ရက်များပင်ဖြစ်သည်။
ကြက်တက်ရွက်ဆိုသည်မှာ လက်ဖက်ကဲ့သို့ သုပ္စားရေသာ အရွက်မျိုးဖြစ်ပြီး ခပ်ဆိမ့်ဆိမ့်အရသာရှိသည်။ လက်ဖက်ကဲ့သို့ ခါးသက်သက်မဟုတ်ပေ။ အရွက်နုကိုသာ ခူးရပြီး ရေနွေးတစ်ရေပြုတ် ရေစင်အောင်စစ်ပြီး ကတ်ကြေးဖြင့်နုပ်နုပ်ညှပ်၊ ကြက်သွန် ဖြူနီ ဆီသပ်၊ ထောင်းထားသည့် မြေပဲစေ့လေးစိပ်ကွဲ ဖြူး၊ သံပုရာရည်ညှစ်ပြီး သုပ်ရသည်။ ရေနွေးကျကျ တစ်အိုးတည်ပြီး ကြက်တက်ရွက်သုပ် စားရင်း မိုးညအတော်များများကို အရသာရွိရွိ ဖြတ်သန်းခဲ့ဖူးသည်။ ယခုမူ ကြက်တက်ရွက်သုပ် မစားရသည်မှာ ကိုးနှစ်ကျော်ရှိခဲ့ပြီ ဖြစ်သလို ကြက်တက်ရွက်ခူး မထွက်ဖြစ်သည်မှာလည်း ကိုးနှစ်ကျော်ရှိခဲ့ပါပြီ။ မ်က္စိထဲ ရေးရေးဖော်တော့ ခပ်ဝေးဝေးတစ်နေရာကို ဖွားရောက်သွားသည်မှာလည်း ကိုးနှစ်တောင် ကျော်ခဲ့ပြီဖြစ်သည်။
(၅)
ဖြားက အသားဖြူဖြူ ကိုယ်လုံးသေးသွယ်သွယ်နှင့် ရင်ဖုံးလက်ရှည် ပွင့်ရိုက်ချည်ထည်ကို အမြဲဝတ်တတ်သည်။ ယခုချိန်ထိ အမေနှင့် အမြဲပြောဖြစ်သည်က “ဖြားလို သနပ်ခါးလိမ်းတတ်ချင်လိုက်တာ” ဆိုသည့်စကားပင်ဖြစ်သည်။ ရှင်မတောင်သနပ်ခါးကို ညက်ညက်လေးသွေးပြီး ဖွေးဖွေးကလေးဖြစ်အောင် လိမ်းတတ်သည့် ဖြားကို မျက်စိထဲရေးရေးဖော်တော့ အဆွေးဓာတ်ကပေါ်လာသည်။
ဪ .. အဲဒီတုန်းကတော့ လယ်ကန်သင်းကြားမှာ မြေးအဖွားနှစ်ယောက် မြက်ကြားမှိုကောက်ခဲ့ရတာ၊ မြေပဲပင်ပေါက်တူးခဲ့ရတာ၊ လယ်ခရုတွေ ကောက်ခဲ့ရတာ၊ ပုစွန်လုံးဝါဝါတွေ နှီးပလိုင်းထဲထဲ့လို့ ပြေးပြေးလွှားလွှား ကောက်ခဲ့ကြတာတွေ။ အေတြးက တိမ်တွေလို ဟိုးငယ်ဘဝကို လှပ်ခနဲပြေးသွားသည်။
ကိုယ်အူဝဲဆိုထဲက အျဖားနားမြာပဲ နေခဲ့ရသည်။ အအိပ်ကြမ်းသော သူ့သမီးက သူ့မြေးကို ဖိမိမှာစိုးလို့ဆိုပြီး အူဝဲရွယ်ကတည်းက အျဖားက သူ့နားခေါ်ထားခဲ့သည်။ မသိနားမလည်သည့် အရွယ်ကစလို့ သိနားလည်သည့် အရွယ်တိုင်အောင် အဖွားနဲ့ပဲ အတူအိပ်ခဲ့ရသည်။ မိရိပ်ဖရိပ်ထက် ဖွားအရိပ်မှာသာ ကိုယ်ကပျော်ခဲ့သည်။ ဘဝ၏အောက်မေ့ဖွယ်ရာ တဒင်္ဂအခိုက်အတန့်များပင် ဖြစ်ပါ၏။
ယခုမူ မိုးခဲ့ဖူးသည့်အရိပ်တို့ မရှိတော့၊ ထွေးခဲ့ဖူးသည့်လက်တို့ မရှိတော့၊ ဆိုသိပ်ခဲ့သည့် အိပ်ရာဝင်တေးတို့ ဆိတ်ဆိတ်တိတ်ခဲ့ပါပြီ။ ဝါလွင့်လွင့် ခဝဲပွင့်လေးတွေ မပွင့်သည်မှာလည်း ကိုးနှစ်ကျော်ရှိခဲ့ပြီဖြစ်သည်။
ဝါခေါင်မိုးတို့ ရက်ဆက်ဖြိုးထားသောကြောင့် မြင်လေရာရာ သစ်ပင်တို့က စိမ်းမြမြရှိနေသေးသည်။ မိုးနံ့လှိုင်နေသည့်လေကို ရှူရှိုက်ရသည့် ခံစားချက်မှာ အင်မတန် စိမ်းလန်းဖွယ်ရာ ဖြစ်ပါသည်။ ခဝဲစေ့တစ်ထွေးကို စည်းရိုးအစပ်နား ကြဲပက်လိုက်ရင်း ရွာတောင်ဘက်အစွန်နားကိုငေးမိတော့ တိမ်ညိုညိုတစ်အုပ် ကသုတ်ကရက် ပြေးလာသည်ကို တွေ့ရသည်။
ပြေးလာသည့် တိမ်ညိုအုပ်ထဲမှာ စွဲစွဲငြိငြိ ရှိခဲ့ဖူးသော ဂီတနက်သန် ကိုစောညိန်း၏ သီချင်းတစ်ပုဒ်ပါ ရောပါလာသည် ထင်မိသည်။ အုံ့ခနဲမှိုင်းလာသည့်စိတ်ကို လွမ်းတဲ့စိတ်နဲ့ ဆိုရလျှင်။ ညှိုးရက်တဲ့ ဒေဝါဆွေနတ်ရှင်။ ဪ .. မိုးသက်လေနှင်။
သိမ့်ဟေသာ
Weekly Eleven (23-8-2021)မွ ပြန်လည်ကူးယူ ဖော်ပြပါသည်။
No Comments