#ဝါးရိပ်
ဝါးပင်ကလေးများ အစီအရီ ပေါက်နေကြသော နေရာလေးတစ်ခု။ ထိုဝါးပင်လေးများအောက်မှာ သစ်သားခုံတန်းလျားလေးနှစ်ခု ဘေးချင်းယှဉ်လျက် တည်ရှိနေသည်။ ကျွန်တော်သည် ထိုခုံတန်းလျားနှစ်ခုထဲမှ တစ်ခုတွင် ထိုင်ကာ စာဖတ်နေခြင်းဖြစ် သည်။ အပြင်မှာ စူးစူးရဲရဲတောက်ပနေသော နေ၏အပူရှိန်သည် ကျွန် တော်ထိုင်နေသည့် ဝါးပင်ရိပ်အောက်သို့ ရောက်မလာခဲ့ပါ။ ထို့ကြောင့် ကျွန်တော်သည် အေးအေးချမ်းချမ်းနှင့် သက်သောင့်သက်သာ စာဖတ်ခွင့်ရနေပါသည်။ စာဖတ်ရသည်မှာလည်း ဇိမ်ရှိလှပါပေသည်။ သြော် အေဟာဝတ ချမ်းသာပေစွ … ချမ်းသာပေစွ။
ကျွန်တော် ထိုကဲ့သို့ စာဖတ်နေစဉ်လေပြည်ညင်းသည် တစ်ခါတစ်ရံ ဝေ့ဝိုက်ကာ တိုက်ခတ်လေ၏။ ထိုအခါ မြေပြင်ပေါ် သို့ ကြွေကျနေသော ဝါးရွက်ကလေးများ ရှက်တိုက်ပြေးလွှားသံကို ကြားရသည်။ ထို့အပြင် အပင်ပေါ် ရွိ ဝါးရွက်အချင်း ချင်း ပွတ်တိုက်သံကိုလည်း ကြားရသည်။ ခပ်လှမ်းလှမ်းရှိ လမ်းမကြီး ဆီမွ ကားသံ၊ ဆိုင်ကယ်သံများကိုလည်း ကြားရသည်။ ထိုအသံမ်ားကို ဖယ်လိုက်လျှင်တော့ ကျွန်တော့်ပတ် ဝန်းကျင်သည် ပကတိ တိတ်ဆိတ် ငြိမ်သက်လျက်။ ကျွန်တော်သည် စာဖတ်နေရင်း မျက်လုံးညောင်းလာသည့်အခါ ခေါင်းပေါ် မွာ အုပ်မိုးနေသည့် ဝါးပင်များကို မော့ကြည့်မိသည်။ ဝါးပင်စည်များသည် အဝါရောင်အဆင်းဖြင့် ဝင်းဝါနေကြသည်။ ဝါး ရွက်များကတော့ အချို့က အစိမ်းရောင်။ အချို့က အဝါရောင်။ ခြုံငုံကြည့်လိုက်လျှင် အစိမ်းထဲမှာ အဝါပြောက်လေးများ ကြိုကြားစွန်းပေနေသည့် ဝါးရုံရိပ်။ သို့မဟုတ် အဝါနှင့် အစိမ်းကြဲပက်ထားသည့် ဝါးရုံတော ပန်းချီကား တစ်ချပ်။
ဤခုံတန်းလျားလေးသို့ မရောက်ခင်
နေရောင်ထဲမှ ဖြတ်လာစဉ်က ကျွန် တော်ရော မီပါ ထီးအတူတူ ဆောင်းလာခဲ့ကြသည်။ ထီးရွက်သည် နေအပူဒဏ်ကို ကာကွယ်ပေးနိုင်သော် လည်း ပတ်ဝန်းကျင်မှာ တရှိန်ရှိန်ထနေသည့် အပူရှိန်ကိုတော့ ကာကွယ်ပေးနိုင်စွမ်း မရွိပါ။ ယခု ဝါးပင်ရိပ်အောက်သို့ ကျွန်တော်တို့ ရောက်လာမှပင် အဆိုပါ အပူရွိန္ကေန လုံးဝလွတ်မြောက်သွားရသည်။ ” သစ်ပင်ရိပ်သည် တကယ့်ကို အေးမြပါလား” ဟု ကျွန်တော်တို့ လက်တွေ့ကျကျ သိလိုက်ရတော့သည်။ ကျွန်တော်သည် အပူဒဏ်မှ သက္သာရာ ရစေသည့် ဝါးပင်ကလေးများကို ငေးကြည့်ရင်း ” တော်တော် တန္ဖိုးရွိတဲ့ ဝါးပင်တွေပဲ ” ဟုလည်း တွေးနေမိသည်။ ဝါးပင် သည် နေစရာအိမ် အဖြစ်လည်း ကျွန်တော်တို့ကို အကျိုးပြုသည်။ ထိုင်စရာ ခုံအဖြစ်လည်း အကျိုးပြုသည်။ ယခု နားခိုစရာ အရိပ်အဖြစ်လည်း အကျိုးပြုသည်။ ဝါးပင်၏ အကျိုးပြုပုံ တော်တော်များလှပါလား။ ဆက်ပြီး စဉ်းစားကြည့်လျှင် ဝါးပင်အကျိုးပြုပုံတွေ ဒီထက်မက ထွက်လာပေဦးမည်။
လောလောဆယ် ဝါးပင်အောက် ရောက်တုန်းရောက်ခိုက် သူ့အရွက် သူ့အခက်အလက် သူ့ပင်စည်များကို ကျွန်တော် သေချာကြည့်လိုက်ချင်ပါသေးသည်။ ထို့ကြောင့် သူ့ပင်စည်ကို ကျွန်တော့်လက်ချောင်းလေးများဖြင့် ကိုင်ကြည့်သည်။ သူ့အသားသည် ချောချောမွေ့မွေ့။ သူ့အရောင်သည် ဝါဝါသွေ့သွေ့။ သူ့ကို ထိရသည် မွာ အရသာရှိသည်။ သူ့ပင်စည် ချော ချောပြေပြေ ရှိလှပုံသည် လူက ဖန်တီးထားခြင်း မဟုတ်ဘဲ သဘာဝအလျောက် ဖြစ်တည်နေခြင်း ဖြစ်
သည်။ သူ့အဆစ်နေရာကိုလည်း ကျွန်တော် ကိုင်ကြည့်သည်။ ထိုအဆစ်နေရာသည် ဝါးနှစ်ချောင်းကို တေ့ဆက်ထားသလို ထင်ရသည်။ ထိုနေရာလေးကို ကြမ်းရှရှ ကွင်းအရစ်ကလေးနှင့် ပတ္ထားသလို ထင်ရသည်။ တချို့ အဆစ်နေရာများတွင် ကိုင်းခွဲသပ်သပ် ဖြာထွက်မည့် အရိပ် အယောင်ပြ အဖုလုံးကလေးများပင်ပါလိုက်သေးသည်။ တကယ်လည်း ထိုနေရာမှပင် ဖြာထွက်သော ဝါးကိုင်း သေးသေးမျှင်မျှင်ကလေးများကို တွေ့ရပါသည်။ ကျွန်တော်သည်သူ့ပင်စည် ဖွဲ့စည်းပုံကို သေသေ ခ်ာ ခ်ာ စေ့စေ့စပ်စပ်ကြည့်ရင်း သူ့အသားကို လက်ဖဝါးဖြင့် ပွတ်ကြည့်နေမိပြန်သည်။ အေးမြမြ အထိ အတွေ့ကို ခံစားရသည်။ သူ့နဂို အတွင်းဓာတ်ကိုက အေးမြပုံရ၏။ ထို့ကြောင့် ကျွန်တော့် လက္ဖဝါးမွာ အေအးဓာတ္ကို ခံစားနေရခြင်း မဟုတ်ပါလား။ နေခြစ်ခြစ်တောက် ပူနေသည့် ပတ်ဝန်းကျင်မှာပင် သူသည် အေအးဓာတ္ကို မစွန့်။ အေအးဓာတ္ကို ထုတ်လွှတ်မြဲ ထုတ်လွှတ်ပေးနေ သည်။ သူသည် ဝင်းဝါအေးမြသည့် သဘာဝ ဝါးပင်ကလေးပါလားဟု ကျွန်တော် အတွေးပွားမိသည်။
ထို့နောက်မှာတော့ ကျွန်တော့်မျက် လုံးသည် ဦးခေါင်းအပေါ်ကို မော့သွားသည်။ ကျွန်တော့် ခေါင်းအပေါ် မွာ ထီးရွက်လို ပြန့်ကားအုပ်မိုးထားသည့် သူ့အခက်အလက်၊ သူ့အရွက်များ။ ရိုးတံရှည်ရှည်ကလေးများမှ ဖြာထွက်လာသော သူ့အရွက်ရှည် မျောမျောကလေးများသည် လှလည်းလှသည်။ ချစ်စရာလည်း ကောင်းသည်။ ကျွန်တော့်ခေါင်းအထက်မှနေ၍ သူ့အခက်အလက်များ အဆင့်ဆင့် အထပ်ထပ် မြင့်တက်သွားကြလေသည်။ သူ့အရွက်များသည်လည်း ထို့အတူသာပင် အထပ်ထပ် အဆင့်ဆင့် မြင့်တက်မြဲ မြင့်တက်သွားကြ၏။ ထိုသို့မြင့်တက်ကြရာတွင် သူ၏ကိုင်းဖျား ကိုင်းနား
နှင့် အရွက်များသည် အစီအစဉ်တကျ မဟုတ်ဘဲ ကြုံရာကျပန်း ခွဲဖြာ ထွက်နေကြသည်။ အဆိုပါမြင်ကွင်းကို ထိုင်ခုံပေါ်မှ မော့ကြည့်မိလိုက်သောအခါ ကျွန်တော့်စိတ်ထဲ –
” ဝါးပင်ဝါးရွက်၊ ဝါးခက္လက္တို့၊ ပန်းစကြာသွင်၊ လှည့်သည်ထင်သည်၊ ရှုမြင်အံ့ဖွယ်ပါတကား ” ဟူ၍ ကဗျာစပ်ချင်စိတ်ပင် ပေါက်လာမိသည်။ တကယ်လည်း ကျွန်တော်ကြည့်သလိုသာ ကြည့်မည်ဆိုလျှင် မည်သူမဆို
ပန်းစကြာမှန်ပြောင်းကို လှည့်ပြီး
ကြည့်ရသလို ခံစားရမွာ သေချာပါသည်။ ထို့ကြောင့်လည်း ” သဘာဝသည် စိတ်ကူးထက် ဆန်းကြယ်သည် ” ဟု ပြောတတ်ကြခြင်း ဖြစ်ပါလိမ့်မည်။
ဝါးပင်များသည် အမြင်အားဖြင့်လည်း ဆွဲဆောင်မှု ရှိကြသည်။ အထိ အတွေ့အားဖြင့်လည်း အေးမြမှု ရှိကြသည်။ မျက်စိပသာဒလည်းပေးသလိုအရိပ်အာဝါသလည်းပေးသည်ဟု ဆိုရပေတော့မည်။ သစ်ရိပ် ဝါးရိပ္မ်ား တစ်နေ့တခြား ရှားပါးလာသည့် ယခုလိုအချိန်မျိုးမှာ မမျှော်လင့်ဘဲ ဝါးပင်ရိပ်အောက်သို့ ရောက်လာခဲ့ရသည် အတွက် ကျွန်တော့်မှာ အံ့သြ ဝမ်းသာနေမိသည်။ ခေတ္တ နားခိုခွင့်ပေးကြသော ဝါးပင်လေးများနှင့် ခုံတန်း လျားလေးကိုလည်း ကျေးဇူးတင်နေ မိသည်။ တကယ်တော့ ကျွန်တော်တို့ခေတ်မှာ အခုလို သစ်ပင်ရိပ်ကောင်း ကောင်းရရှိဖို့ မလြယ္ကူလွေတာ့ပါ။ ထီးအရိပ် ဘယ်လိုပင် လုံခြုံပါစေ။ အဲယာကွန်း ဘယ်လောက်ပင် အေးမြပါစေ။ သဘာဝစစ်စစ် သစ်ပင်၏ အရိပ္ကို မမီတာတော့ သေချာပါ သည်။ အခုပင် ကြည့်လေ။ ဤဝါးပင်လေးများအောက် ကျွန်တော် ခိုဝင်လိုက်သည်နှင့် ရင်ထဲမှာ ဘယ်လိုအေးမှန်းမသိ အေးမြသွားရသည်။ ဝါးရွက်ကလေးများသည် ကျွန်တော့်ထံ ရောက်လာမည့် အပူငွေ့များကို သူတို့ချည်းသာ အကုန်စုပ်ယူထားလိုက်သည်ဟု ထင်မိသည်။
ကျွန်တော်သည် ကိုယ်ခန္ဓာက ဝါးရိပ် ၏ အေအးဓာတ္ကို ခံစားနေစဉ် နားကလည်း ဝါးရွက်များ အချင်းချင်း ပွတ်တိုက် ကျီစယ်သံကို နားထောင်နေမိသည်။ ထို့အပြင် မျက်လုံးကလည်း ဝါးရွက်လေးများ လေယူရာတိမ်း ယိမ်းကနေကြပုံကို ငေးကြည့်နေမိသည်။ ထိုအခိုက် လက်အစုံကလည်း ဝါးပင်၏ ပင်စည်ချောမွေ့မွေ့ကို ပွတ်သပ်ကြည့်နေမိသည်။ ထိုမျှမကသေး။ နှာခေါင်းကလည်း ဝါးနံ့သင်းသင်းလေးကို ရှူမှန်းမသိ ရှူရှိုက်နေမိသည်။ ဦးနှောက်ကလည်း ဝါးပင်အကြောင်း တွေးမှန်းမသိ တွေးနေမိပြန်သည်။ ပြောရလျှင် ကျွန်တော့်စိတ်ဝိဉာဉ်တစ်ခုလုံးကို ဝါးပင်က သိမ်းကျုံးယူငင်ထားလိုက်သကဲ့ သို့ပင်။ ထိုအခိုက်အတန့်တွင် ကျွန် တော်သည် သဘာဝနှင့် အနီးဆုံးကို ရောက်နေသူ။ သို့မဟုတ် ခေတ်မီနည်းပညာများ၏ အတုံ့အနှောင်မှ ဝေးကွာနေသူ။ သို့မဟုတ် မြို့ပြ၏ မွန်းကျပ်မှုကို စွန့်ပစ်ကာ တောတောင်ရေမြေ သစ်ပင်ပန်းမန်တို့ကြားသို့ ပြေးဝင်ခိုနားနေသူ ဖြစ်နေလေသည်။
တကယ်တော့ ဝါးရွက်ကလေးများ သည် ကျွန်တော့်ခေါင်းပေါ် မွာသာ ရှိကြသည် မဟုတ်။ ကျွန်တော့်ခြေ ထောက်အောက်မှာလည်း သူတို့ ပြန်ကြဲလျက်ရှိကြပါသည်။ သို့သော် သူတို့ကေတာ့ ဝါကျင်ခြောက်သ ယောင်းနေသည့် ဝါးရွက်ကလေးများ ဖြစ်ကြသည်။ မိခင်ပင်စည်ကို စွန့်ခွာကျောခိုင်းလိုက်သော ဝ့ါးရွက်ကျင်များ ဖြစ်ကြသည်။ တစ်ခါတစ်ခါ ဝေ့တိုက်လိုက်သော လေကြောင့်ထိုဝါးရွက်ကျင်ကလေးများ မြေပြင်ကို ရွက္တိုက္ကာ ခပ်ဝေးဝေးသို့
လွင့်စင်သွားကြသည်ကို တွေ့ရသည်။ သိပ်အဝေးကြီးတော့လည်း မဟုတ်ပြန်။ မိခင်ပင်စည်အောက်မှာပင် မခွဲနိုင် မခွာရက်သည့်သဖွယ် သူတို့ သံယောဇဉ် တွယ်နေကြတုန်း။ ထိုဝါးရွက်ကျင်များ ဖြန့်ခင်းထားသည့် မြေပြင်ကို ကြည့်ရသည်ကပင် ကျွန်တော့်မျက်လုံးထဲ အနုပညာဆန်နေသလိုလို ဘာလိုလို။ အမှတ်မထင် ကျွန်တော့်စိတ်ထဲ ဆရာဗဂျီအောင်စိုးကို သတိရလိုက်မိသည်။ ဆရာအောင်စိုး အိန္ဒိယမှာ ပန်းချီပညာသွားသင်စဉ်က ဝါးပင်အောက်သို့ နေ့စဉ်
သြားကာ ဝါးရွက်များကို ကူးဆွဲခဲ့ရဖူးသည်တဲ့။ ထိုကဲ့သို့ ရက်တော် တော်ကြာ ဝါးပင်ချည်း ထပ္တလဲလဲ ကူးဆွဲဖန်များလာသည့်အခါ ဝါးပင် ၏ အေပ်ာ့၊ အမာ၊ အနု၊ အရင့်၊ အပျောင်း၊ အနွဲ့တို့ကို တစိမ့်စိမ့်သဘော ပေါက်လာမိသည်ဟု ဆိုပါသည်။ ယခု ဝါးပင်အောက် ရောက်နေသည့် ကျွန်တော်ကတော့ ဆရာအောင်စိုးလောက် ဝါးပင်အကြောင်း နက်နက်နဲနဲ မသိသော်လည်း ဝါးပင်များကို တစိမ့်စိမ့် ငေးကြည့်နေမိသည်က တော့ အမှန်ပင်။
မနှိုင်းကောင်း နှိုင်းကောင်း ဆရာအောင်စိုးနှင့် တူသည့် တစ်ချက်တော့ ရှိပါသည်။ ဆရာအောင်စိုးက ပန်းချီဆေးဖြင့် ဝါးပင်များကို ပုံဖော်ဖို့ကြိုး စားခဲ့သလို ကျွန်တော်ကလည်း စကားလုံးများဖြင့် ဝါးပင်များကို သရုပ်ဖော်ဖို့ ကြိုးစားနေမိသည့် အချက်ပင် ဖြစ်ပါသည်။
အလို … နားထောင်ကြည့်ပါဦး။ ဝါးပင်လေးတွေ အချင်းချင်း ပွတ်တိုက်မိတဲ့ အသံ။ သာသာယာယာ ရွိပါဘိ။ ကြည်နူးဖွယ်လည်း ကောင်းပါ၏။ ။
No Comments