၆။ လျပ်စစ်ဖြင့် ရေနွေးအိုးတည်ခြင်း
မနက်ပိုင်း ကော်ဖီတစ်ခွက် သောက်သုံးတတ်တာက လူတွေရဲ့ အလေ့အထအထတစ်ခုဖြစ်သည်။ ကော်ဖီကို နေ့စဉ်သောက်သုံးတာက သိသာထင်ရှားတဲ့ အကျိုးဖြစ်ထွန်းမှုရယ်လို့ အထင်ကရပြစရာရယ်တော့ များများစားစား မရှိပါဘူး။ ဒါပေမယ့် ကော်ဖီဖျော်ဖို့ လျပ်စစ်ကိုသုံးပြီး ရေနွေးအိုးတည်တာက ပတ်ဝန်းကျင်ရင်းမြစ်တွေကို ဖြုန်းတီးရာတော့ ရောက်သည်။ လျပ်စစ်စွမ်းအင်ပမာဏသည် ဓာတ်ငွေ့နှင့်နှိုင်းယှဉ်ပါက အင်မတန်စျေးကြီးသည်။ ထို့အပြင် လျှပ်စစ် ထုတ်လုပ်ရန်အတွက် ကျောက်မီးသွေး ရေအရင်းအမြစ်များကို အသုံးပြုရသလို ထုတ်လုပ်မှု ဒီဇယ်အင်ဂျင်များကို အသုံးပြုရသည်။ ဖြန့်ဝေရေးအတွက်လည်း ရင်းမြစ်များစွာကို အသုံးပြုရသေးသည်။ ထို့ကြောင့် လျပ်စစ်ဖြင့်ရေနွေးအိုးတည်ခြင်းသည် ဓာတ်အားထုတ်လုပ်မှုကို ပိုမိုမြင့်တက်စေကာ ပတ်ဝန်းကျင်ကို နေ့စဉ် ထိခိုက်မှုရှိနေသည်။
၇။ မျက်နှာသစ်ဆပ်ပြာ အသုံးပြုခြင်း
မျက်နှာသစ်ဆေးများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာရှင်များက ပြဿနာတစ်ခုအဖြစ် သတ်မှတ်ထားသော ပလပ်စတစ် အစေ့သေးသေးများ(plastic exfoliating micro-beads) ပါဝင်။ ထိုအရာလေးများသည် အလွန်သေးငယ်သောကြောင့် ရေထွက်ပေါက်စကာများက သန့်ရှင်းမပေးနိုင်ပါ။ ထိုအရာလေးများသည် ရေထုတ်ပေါက်များမှတစ်ဆင့် မြောင်း၊ ချောင်း၊ မြစ်များအတွင်းသို့ ရောက်သွားသည်။ ထို့နောက် ထိုပလပ်စတစ်စေ့လေးများကို ငါးများနှင့် ရေနေသတ္တဝါများက မြိုချမိသည့်အတွက် ကိုယ်တွင်းအင်္ဂါများ အဆိပ်သင့်ခြင်း၊ ၎င်းတို့၏ ပါးဟပ္မ်ား ပျက်ဆီးခြင်းတို့ ဖြစ်ပေါ်စေသည်။ အဆိုပါ ပလပ်စတစ်စေ့လေးများသည် လူသားတို့၏ အရေပြားပေါ်မှ ကြေးညှော်များကို ပွတ်တိုက်ချေဖျက်ရန် ထည့်သွင်းထားသော်လည်း တိရစ္ဆာန်များအတွက်တော့ အတွင်းကလီစာများကို ထိခိုက်စေသော အဆိပ်အတောက်များ ဖြစ်သည်။
ကမ္ဘာပေါ်တွင် အကျယ်ပြန့်ဆုံး ဖန်လုံအိမ်ဓာတ်ငွေ့များထဲမှ တစ်ခုမှာ မီသိန်းဖြစ်သည်။ ဤဓာတ်ငွေ့သည် လေထုအတွင်း အပူကို စုပ်ယူသည်။ သုတေသနပြုချက်များအရ မီသိန်းဓာတ်ငွေ့အများဆုံးထုတ်လုပ်သူမှာ မွေးမြူရေးတိရစ္ဆာန်များဖြစ်သည်။ ဤသေဘာအရ တိရစ္ဆာန်ထွက်ကုန်များ ထုတ်လုပ်မှုသည် တိရစ္ဆာန်အညစ်အကြေးများနှင့် အူစော်ဖောက်ခြင်းမှ ဖန်လုံအိမ်ဓာတ်ငွေ့အများစုဖြစ်သည့် မီသိန်းဓာတ်ငွေ့ကို ပံ့ပိုးပေးရာ ရောက်သည်။ တိရစ္ဆာန်အသားထွက်ကုန်များကို ဆက်လက်တောင်းဆိုခြင်းဖြင့် လယ်သမားများသည် တိရစ္ဆာန်များ မွေးမြူပိုမိုထားရှိခြင်းဖြင့် ကုန်စည်ထောက်ပံ့မှုကို တိုးမြှင့်ကာ ဖန်လုံအိမ်ဓာတ်ငွေ့များ ပိုမိုဖြစ်ပေါ်လာစေသည်။ အသားစားမှုများပြားသည့်အခါ အသားကို ပိုထုတ်ရသည်၊ အသားကို ပိုခုတ်ရန်အတွက် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရသည်။ မွေးမြူရေးလုပ်ငန်းပိုမိုကျယ်ပြန့်လာသည်နှင့်အတူ မီသိန်းဓာတ်ငွေထုတ်လွှတ်မှုလည်း ပိုမိုများပြားလာသည်။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းစေမည့် မွေးမြူရေးအစားအစာပါဝင်သော ပရိုတင်းပါဝင်သည့် အစားအစာများပံ့ပိုးပေးသင့်သည်။
အိမ်သာကို ဆေးကြောရန် ရေချသည့်အခါတိုင်း ရေပုံးတစ်ပုံးခန့် အသုံးပြုရသည်။ အိမ်သာရေချလိုက်သည်နှင့် ရေသည် ညစ်ညမ်းသွားပြီး မိလ္လာသန့်စင်စနစ် မပြီးမချင်း အဆိုပါရေသည် အညစ်အကြေးသပ်သပ်မျှဖြစ်ပြီး မည်သည့်နေရာတွင်မှ အသုံးမဝင်တော့ပေ။ အိမ်သာရေကို အကြိမ်ချခြင်းကြောင့် ရေအရင်းအမြစ်လည်း ဆုံးရှုးမှုဖြစ်စေသည်။ ပိုမိုကောင်းမွန်သောနည်းလမ်းမှာ မြေဆွေးအိမ်သာများကို အသုံးပြုရန်ဖြစ်သည်။ အမှိုက်များကို မြေဩဇာထုတ်လုပ်ခြင်းကဲ့သို့သော ပရောဂျက်များတွင် အသုံးပြုနိုင်မည်ဖြစ်သောကြောင့် ရေအစား ဤရွေးချယ်မှုသည် ကောင်းမွန်သောရွေးချယ်မှုတစ်ခုဖြစ်သည်။ သို့သော်လည်း မြေဆွေးအိမ်သာကို အသုံးပြုရန်မှာ နေရာတိုင်းအတွက် အဆင်မပြေ။ မြို့ပြဒေသများတွင် နေထိုင်သူများအတွက် အခက်အခဲရှိနိုင်သည်။ ထို့ကြောင့် အျခားရွေးချယ်ရန်တစ်ခုမှာ အိမ်သာ ရေဆွဲသည့်အကြိမ်ရေကို လျှော့ချရန် သို့မဟုတ် ရေအသုံးပြုမှု နည်းပါးသော အိမ်သာများကို တပ်ဆင်သင့်သည်။
၁၀။ သွားတိုက်ခြင်း
ပတ်ဝန်းကျင်ကို တဖြည်းဖြည်းချင်း သတ်ဖြတ်နေသော လူသားတို့၏ နေ့စဉ်အလေ့အထများတွင် သွားတိုက်ခြင်းလည်း ပါဝင်သည်။ လက်ရှိ လူအမ်ားစု အသုံးပြုနေသော သွားတိုက်ခြင်းသည် ရေအရင်းအမြစ်ကို ဖြုန်းတီးသလိုဖြစ်နေသည်။ တစ်ဦးတစ်ယောက်ချင်း ရေအသုံးပြုမှုတွင် မသိသာသော်လည်း သန်းပေါင်းမြောက်များစွာသော လူတို့၏ သွားတိုက်ခြင်းအတွက် ရေအသုံးပြုမှုကို ခြုံငုံကြည့်လျင် ရေအရင်းအမြစ်ဆုံးရှုုံးရမှုကို တွက်ဆနိုင်မည်ဖြစ်သည်။
လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာကတည်းက လူသားတို့သည် ဆေးဖက်ဝင် အပင်နှင့်အရွက်များကို သွားနှင့် ခံတွင်း သန့်ရှင်းရန်အတွက် အသုံးပြုခဲ့ကြသည်။ အဓိက ဥပမာမွာ တန်ဇန်းနီးယားနှင့် ကင်ညာရှိ Maasai တို့တွင် ဖြစ်သည်။ သူတို့သည် သွားတိုက်တံပင် (Salvadorapersica) ဟု လူသိများသော ချုံပင်ကို အသုံးပြုကြသည်။ ချုံပင်၏ ပင်စည်ကို သြားမ်ားကို သန့်ရှင်းရန် အသုံးပြုပြီး ဒူလာနှင့် ချောင်းဆိုးခြင်းမှ ဖြစ်ပေါ်လာသော နောက်ဆက်တွဲပြဿနာများကို ကုစားပေးသောကြောင့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်စေပါသည်။(မြန်မာလူမျိုးများလည်း ရှေးယခင်က တံပူဟုခေါ်သော တမာရိုးကို အသုံးပြုခဲ့ကြသည်။)
၁၁။ ဖန်သားပြင်ရှေ့တွင်အချိန်ဖြုန်းခြင်း
ဖန်သားပြင်ရှေ့ (တီဗြီ၊ မိုဘိုင်း၊ ကွန်ပြူတာ) ရှေ့မှာ အချိန်ဖြုန်းသည် လူသားတို့၏ အကျင့်ဆိုးတစ်ခုဖြစ်သည်။ စက်ပစ္စည်းမှ စွမ်းအင်ကို ထုတ်လွှတ်ရသည့်အတွက် စွမ်းအင်ကို ဖြုန်းတီးရာရောက်သည်။ အချိန်ကြာလေ စွမ်းအင်ထုတ်လုပ်ရမှု ပိုမ်ားလေဖြစ်သည်။ ထို့အပြင် စွမ်းအင်သုံးခြင်းသည် ကာဗွန်ဒိုင်အောက်ဆိုက် ထွက်ပေါ်စေသည့်အတွက် ဖန်သားပြင်ရှေ့တွင် အချိန်ဖြုန်းမှုကို လျှော့ပေါ့သင့်သည်။
ကမ္ဘာတစ်ဝန်းတွင် နေ့စဉ်အင်တာနက်အသုံးပြုသူ ၄ ဘီလီယံကျော်ရှိပြီး ယူကျုကြည့်သည့်အချိန်ကလည်း နာရီပေါင်း ၁ ဘီလီခန့်ရှိသည်ဟု ဆိုသည်။
ကေဇက်အေ- ရေးသည်၊
No Comments