သမုဒ္ဒရာ အောက်ကြမ်းပြင်က သန္တာကျောက်တန်းတွေအကြောင်း

သမုဒ္ဒရာ အောက်ကြမ်းပြင်က သန္တာကျောက်တန်းတွေအကြောင်း

သန္တာကျောက်တန်းတွေက မြောက်လတ္တီကျူ၃၀°နဲ့ တောင်လတ္တီကျူ၃၀°ကြား အပူပိုင်း ပင်လယ်တွေမှာ တည်ဆောက်ကြတယ်…

ဘာကြောင့်လဲဆိုရင် သန္တာကောင်တွေက ပူနွေးကြည်လင်တဲ့ ရေတိမ်မှာ ကောင်းစွာ ရှင်သန်နိုင်ကြတယ်….

သို့သော် သဘာဝဖြစ်‌စဉ်အရ ကမ်းနီး ကမ်းဝေးနဲ့  ပုံဏ္ဌာန်အမျိုးမျိုး အမျိုးအစားခွဲထားတယ်…

🏝️🏝️🏝️🏝️

(၁)ကမ်းနီးသန္တာကျောက်တန်း(Fringing Reef) 🏝️🏝️🏝️

ဒီသန္တာကျောက်တန်းက သန္တာကောင်နဲ့ မသက်ဆိုင်တဲ့ ကမ်းခြေ၊ ကျွန်းအနီးတွေမှာ တွေ့ရတယ်…

(သနွာကျောက်တန်းနဲ့ မဆိုင်တဲ့ ကျွန်းဆိုတာ မြိတ်ကလို ကုန်းမြေက ကွဲထွက်သွားတဲ့ ကျွန်းတွေ၊

ဟာဝိုင်အီကျွန်းစုလို မီးတောင်ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ ကျွန်းတွေ)

🏝️🏝️🏝️🏝️

(၂)ကမ်းကွာ သန္တာကျောက်တန်း(Barrier Reef)🏝️🏝️🏝️🏝️

ကမ်းကွာသန္တာကျောက်တန်းက ကမ်းခြေ(ကုန်းမြေ)နဲ့ အနည်းငယ်ကွာဝေးတယ်..

ယင်းနဲ့ ကုန်းမြေကြား ရေလက်ကြား(သို့မဟုတ်) ပင်လယ်ထံုးအိုင်တွေ ရှိတက်တယ်..

ကမ်းကွာသန္တာကျောက်တန်းတွေက အနည်း နဲ့ အများ ဝိုင်းစက်ကြတယ်

သို့သော် ပင်လယ်နီကမ်းခြေက သန္တကျောက်တန်းကြီးနဲ့ ဩစတြေးလျ အရှေ့မြောက်ဘက်ကမ်းခြေက Great Barrier Reef သန္တာကျောက်တန်းကြီးတွေက ပိုက်ကွန်သဖွယ် ရှုပ်ထွေးကျယ်ပြန့်လွန်း‌ေတာ့  ပုံဏ္ဌာန်ခန့်မှန်းရခက်တယ်…

🏝️🏝️

(၃)အလယ်တွင်ပင်လယ်ထုံးအိုင်ရှိသော သန္တာကျောက်တန်း(Atoll Reef)🏝️🏝️🏝️

ဒီကျောက်တန်းကတော့ အလယ်မှာ ကုန်းမြေမရှိတော့ဘူး‌…

ဝိုင်းနေတဲ့ ကျောက်တန်းအလယ် ထုံးအိုင်အပြာ‌ေရာင်ကြီး‌တွေ သာ တွေ့ရတယ်

သန္တာကျောက်တန်းတွေ သိပြီဆိုတာနဲ့  ရိုးရှင်းနေမှာတော့မဟုတ်ဘူး ကျောက်တန်းအမျိုးအစားတွေ တစ်ခုမက သဘာဝအလျောက် ရောထွေးလှပနေတက်တယ်

သန္တာကျောက်တန်းတွေမှာ သန္တာကျွန်းကြီးကျွန်းငယ်များ ဖြသ်ပေါ်လာရတဲ့ အကြောင်းအရင်း နှစ်မျိုးရှိတယ်

👉အပေါ်ကို မို့တက်လာခြင်း (uplift)နဲ့

👉ဘေးသို့ ချဲ့ကားခြင်း(accretion)

#uplift

🏝️သန္တာကျွန်းအပေါ်ကို မို့တက်တယ်ဆိုတာ သန္တာကျွန်း ကြီးထွားလာခြင်းပါပဲ..

ပင်လယ်ကြမ်းပြင်တွင် ပို့ချတဲ့ အနည်တွေ တွန့်ခေါက်ရာမှ

သန္တာကျောက်တန်းရဲ့ တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း၊ သန္တာကျောက်တန်းတစ်ခုလံုးသော်လည်းကောင်း ဖြစ်ပေါ်လာတယ်….

🏝️သန္တာကျွန်းက ရေငုတ်သ‌‌ေင်္ဘာ မောင်းနေသလို ရေပြင်ထက်  ခပ်နိမ့်နိမ့်ကုန်းပြင်မြင့်လေးအဖြစ် မြင်တွေ့ရပါတယ်..ဒီကျွန်းမျိုးက မာကျောတဲ့ ကျောက်သားတွေနဲ့ ဖွဲ့စည်းထားတယ်..

🏝️ကျွန်းပတ်ပတ်လည်မှာတော့ ထုံးရေ ပျော်ဝင်ခြင်းကြောင့် စက်ဝိုင်းသဏ္ဌာန်‌ေကျာက်တန်းလေး    ‌ဖြစ်လာတယ်

🏝️ဒီလိုနဲ့ သန္တာကျွန်းနဲ့ ပတ်လည်ဝိုင်းရံနေ‌ေကျာက်တန်းအကြားတဲ့‌ ပင်လယ်ထုံးအိုင်ကြီးက ရေပိုပြီး နည်းလာလေ သို့မဟုတ် လုံးဝနီးပါးအထိ ခမ်းခြောက်သွားလေ သန္တာကျောက်တန်းပိုမို တည်ဆောက်နိုင်လေပဲ…

ဒါကြောင့် ဝန်းရိုးစွန်းဒေသက ရေခဲအရည်ပျော်ရင် ပင်လယ်ရေမျက်နှာပြင် မြင့်‌တက်နေတာက သန္တာကျောက်တန်းဖြစ်စဉ်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်

#accretion

🏝️ဒီဖြစ်စဥ်က‌ေတာ့ သန္တာကျွန်း ဘေးသို့ ပြန့်ပြူးလာတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်…

မတ်စောက်နေတဲ့ သန္တာကျွန်းကို ရေလှိုင်းယိုင်ခြင်း၊မုန်တိုင်းတိုက်ခြင်းတွေကြောင့် သန္တာကျောက်တန်းမှ ကျိုးပဲ့လွှင့်မြောလာတဲ့ ကျောက်စကျောက်နတွေနဲ့အခြား‌စီး‌ေရနဲ့အတူ မျောလာတဲ့ အနည်သစ်‌တွေက ပြုပြင်ပေးခြင်းဖြစ်တယ်  ….

ကျွန်တော်တို့နိုင်ငံကို ဝင်တိုက်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း‌တွေဆိုရင်  မုန်တိုင်းဖြစ်စဉ်တစ်ခုတည်းနဲ့ သန္တာကျောက်တန်းတွေ အပေါ်သဲသောင်ခုံတွေ ပို့ချနိုင်တယ်…

ပင်လယ်အတွင်း တိုက်လေက ပေါ့ပါးလေ  သောင်ခုံပတ်လည် အနည်တွေ ပိုမိုပို့ချလေဖြစ်တယ်…

🏝️နောက်အကြောင်းအရင်းက မိုးရေ…

မိုးရေကလဲ အနည်တွေအားလုံးကို သယ်ဆောင်စုစည်းပေးတယ်..

💨💨💨🏝️🏝️🏝️accretionဖြစ်စဉ်နဲ့ သန္တာကျွန်းကြီးတွေ ဖြစ်ပေါ်လာတာကတော.ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းနဲ့တောင်ပိုင်း‌၊ အိန္ဒိယသမုဒ္ဒရာအနောက်ပိုင်းတို့မှာ တွေ့ရပါတယ်…

သန္တာကျောက်တန်းတွေက ပင်လယ်ရေမျက်နှာပြင်ထက် အနည်းငယ်ပဲ မြင့်လို့ ရေရှည်မတည်မြဲပါ၊

‌ဆိုင်ကလုန်းမုန်တိုင်းကလဲ အမြဲ ထိန်းသိမ်းပြုပြင်ပေးသလို ဖျက်လဲ ဖျက်စီးတက်တယ်…အခုလို ပင်လယ်ရေမျက်နှာပြင် တစ်နှစ်ထက်တစ်နှစ်မြင့်တက်နေတော့ ပိုလို့တောင် အန္တရာယ်များသေးတယ်.. ဒါပေမယ့် လူတွေက ဘယ်လိုပဲ အနာဂတ်ဝေဝါးပါစေ ပစိတ်ဖိတ် သမုဒ္ဒရာက ပိုလီနီးရှား၊ မိုက်ခရိုနီးရှား၊အိန္ဒိသမုဒ္ဒရာက မော်လ်ဒိုက် သန္တာကျွန်းစုတို့မှာတော့ ပင်လယ်ပျော်လူသားတွေ  အနေမြဲနေခဲ့တာ ကြာလေပြီ …

Joel

(Ref:Britannica)

About The Author

greenness_mm

No Comments

Leave a Reply