သီချင်းရဲ့အဆုံးမှာ

သီချင်းရဲ့အဆုံးမှာ

ရုတ်တရက်
လေတိုက်နှုန်း ငြိမ်သွားတယ်
ရေအောက်ကြမ်းပြင်ထိ မြင်ခဲ့ရတဲ့ ကြည်လင်မှုဟာ
နှောက်ကျိသွားတယ်
မြစ်ကမ်းပါး တစ်ဖက်တစ်ချက်ပေါ်မှာ
အငွေ့ပျံနေဆဲ ဒေါသအခိုးတွေ
ရေလယ်ခေါင်မှာ
နဂါးအဖြစ် အသွင်ပြောင်းသွားတဲ့ ရေဘဲတစ်ကောင်
ကလေးတွေကို ခိုးယူသွားကြတယ်
စဉ်းစားဆင်ခြင်ခြင်းတွေ ထုတ်ပိုးထားတဲ့ မီးပုံးကြီး
ကောင်းကင်ပေါ် တအိအိတက်သွား
သီချင်းအစကနေ အဆုံးထိ
မားမားမတ်မတ်ရပ်ခဲ့သူ သူရဲကောင်းဟာ
မြစ်ထဲကို ခုန်ချသွားတယ်
အိမ်မက်က နိုးလာတယ်
နောက်ထပ် သီချင်းတစ်ပုဒ်ကို ဆိုညည်းဖို့
မြစ်ရှိရာကို ထွက်လာခဲ့ကြတယ်။ ။

ရွှေပိုးအိမ်(ပဲခူး)
၂၀၂၀

About The Author

greenness_mm

No Comments

Leave a Reply