အင်ဒိုနီးရှား ရွာအချို့ မိုင်းခွဲ ငါးဖမ်းတာကို ဆန့်ကျင်ကန့်ကွက်ပြီ
မိုင်းခွဲပြီး ငါးဖမ်းတဲ့ လုပ်ငန်းကို အင်ဒိုနီးရှားမှာ တားမြစ်ထားတာကြာပါပြီ ။ ဒါပေမဲ့ ဒေသတွင်း စီးပွားလုပ်ငန်း ဖြစ်တဲ့အတွက်ကြောင့် အာဏါပိုင်တွေ က မိုင်းခွဲပြီး ငါးဖမ်းတာကို မသိချင်ယောင် ဆောင်နေတာလည်း ကြာပါပြီ ။ ဒါပေမဲ့ ပြီးခဲ့တဲ့ လပိုင်းမှာ ဆူလာဝီဆီ ပြည်နယ်က လူမှုအဖွဲ့ အစည်းတစ်ခု ဦးဆောင်တဲ့ ကျေးရွာအချို့ က မိုင်းခွဲငါးဖမ်းတာကို တာဆီးလာကြပါတယ်။
ရေထဲမှာ မိုင်းခွဲ လိုက်ပြီဆိုတာနဲ့ သန္တာကျောက်တန်းလို ရေအောက်သယံဇာတ တွေ ပျက်စီးတော့တာပါပဲ ။ ဆယ်စုနှစ်များစွာ မိုင်ခွဲလာကြတော့ ဒေသတွင်း မှာ ငါးအနေနည်းလာပြီး ငါးဖမ်းဖို့ အခက်အခဲ တွေဖြစ်လာ ကြပါတယ်။
“ အရင်တုန်းကဆိုရင် ကျနော်တို့ ရေငုတ်လိုက်တာနဲ့ ရေအောက်မှာ ရောင်စုံသန္တာကျောက်တန်းတွေ ကိုတွေ့ရတယ်။ ဘယ်လောက်တောင်လှလဲဆိုရင် နတ်ဘုံနတ်နန်းကို ရောက်သွားသလိုပဲ ရေအောက်ရှု့ခင်းက တော်တော်လှပါတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“ ကျနော်တို့ ရွာမှာ အိမ်ခြေ ၄၀၀ ကျော်ရှိပါတယ်။ ကျနော်တို့တွေ ငါး အရနည်းတာ နှစ်တော်တော်ကြာပြီ ၊ ဘာကြောင့်လည်းလို့ ကျနော်တို့ မသိခဲ့ကြပါဘူး ။
လော်ရာလို့ခေါ်တဲ့ အန်ဂျီအိုအဖွဲ့ က ကျနော်တို့ ဆီကို လာပြီး ငါးသယံဇာတ နဲ့ ပတ်သက်ပြီးလာရှင်းပြတော့မှပဲ ကျနော်တို့တွေ သိလာရတာ ။ ကျနော် ကိုယ်တိုင် မိုင်းခွဲ ငါးဖမ်းခဲ့တာလေ ။ အခုကျနော်တို့ ရွာ တစ်ရွာလုံး မိုင်ခွဲ ငါးမဖမ်းကြတော့ဘူး ။ မနှစ်ကထက် ပိုပြီး ငါးတွေရလာကြတယ်” လို့ အဲ့ဒိဒေသခံက ဆိုပါတယ်။
အင်ဒိုနီးရှားမှာ လှေငယ်တွေနဲ့ တစ်နိုင်တစ်ပိုင် ငါးဖမ်းတဲ့ ဦးရေ ၂သန်းခွဲကျော်ရှိပါတယ်။ ဓာတ်မြေသြဇာနဲ့ ရေနံဆီရောပြီး လက်လုပ်မိုင်းတွေ လုပ်ပြီး ငါးဖမ်းကြပါတယ်။ ငါဖမ်းလုပ်ငန်းမှာ သဘာဝပတ်ဝန်းကျင် အပျက်ဆီးဆုံး ငါးဖမ်းနည်းနဲ့ အသက်မွေးကြတာပါ။ သန္တာကျောက်တန်း ၊ ငါး ဥများ နဲ့ လင်းပိုင်တွေ သေကြေပျက်စီးတဲ့အထိ အန္တရာယ်ဖြစ်စေပါတယ်။
ဆူလာဝီဆီဆိုတာ ဘော်နီယိုကျွန်းရဲ့ အောက်ဖက်က ကျွန်းကြီးတစ်ကျွန်းပါ။ အခုတော့ မိုင်းခွဲပြီး ငါးဖမ်းတာက အဲ့ဒိဖက်မှာ နည်းသွားတယ်ဆိုပေမဲ့ တစ်ခါတစ်ရံမှာ မိုင်းကွဲသံတွေ ကြားနေရပါသေးတယ်။ ဒေသခံအချို့ ကနေစပြီး တဖြည်းဖြည်း နားလည်လာကြပါပြီ ။ ဒါပေမဲ့ အလုံးစုံပျောက်ကွယ်သွားအောင်တော့လုပ်ရဦး မယ် လို့ ၎င်းကပြောပါတယ်။
မောင်ယဿ
REF: mongabay
Photo : mongabay
No Comments