အနာတရ မြစ်ဆုံ

အနာတရ မြစ်ဆုံ

မေခနှင့် မလိခ
ချစ်စရာ့ မြစ်နှစ်သွယ်။
ညီညီညာ အတူစီး
ခရီးသာတယ်။
ဧရာရဲ့ အစကွယ်
အလှရယ် စုံသည်ပေါ့။
ရာဇဝင်တွင် သတို့သမီးတဲ့
ရှုမငြီးစရာနော့။
ဧရာကို အမှီပြု
လူမှုဘဝ ဖွံ့ဖြိုးစေ။
တိုင်းနိုင်ငံ ပြည်အဝှမ်း
အေးချမ်းခဲ့ပေ။
မိခင်သို့ ပမာပေ
ဖြာဝေသည့် သူ့အလှ။
တို့မြန်မာ သမီးသားနဲ့
ခွဲခြားမရ။
ဧရာကို မောင်ပိုင်ပြု
လူတစ်စု ဖေါက်ပြန်ချိန်။
တို့ခေတ်မှာ ရေကြည်နောက်
ပျောက်မလောက်မှိန်။
မြန်မာရဲ့ ဂုဏ်သိန်
တိမ်တိမ်လာနေပြီမို့။
မြစ်ဧရာ နဒီကြောရယ်
(အမှိုက် သရိုက်တွေကလေ…)
မျောရှာပြီပေါ့။ ။
အောင်ကိုထိုက် (အရာတော်)
Photos Credit.

About The Author

greenness_mm

No Comments

Leave a Reply