အပင်များဖြင့်ငွေရှာခြင်း၊ (Green Tourism)

အပင်များဖြင့်ငွေရှာခြင်း၊ (Green Tourism)

တချို့နိုင်ငံတွေဟာ ကျွန်းနိုင်ငံမလို့ ဘာစိုက်စိုက်မဖြစ်ထွန်းဘူး သို့သော်……..

တချို့နိုင်ငံတွေမှာ သဲကန္တာရတွေ အပြည့်မလို့ ဘာစိုက်စိုက်မဖြစ်ထွန်းဘူး သို့သော်………

တချို့နိုင်ငံတွေမှာ ရာသီဥတု ဆိုးလွန်းလို့ ဘာစိုက်စိုက်လွယ်လွယ်နဲ့မဖြစ်ထွန်းဘူး သို့သော်………

သူတို့နိုင်ငံတွေကို တကူးတက သွားလည်ပြီး ဓာတ်ပုံတွေရိုက်ကြ။ ကမ္ဘာသိအောင် ကြေငြာကြပြီး ကိုယ်နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေတွေရကြတယ်။

Australiaနိုင်ငံမှာ စိန်ပန်းပြာပွင့်ချိန်ကို တခန်းတနားကျင်းပပြီး တကမ္ဘာလုံးကို ကြေငြာပြီး စိန်ပန်းပြာရောင် ဝတ်စုံတွေဝတ်ပြီးပွဲတော်လုပ်ကြတယ်။

Japanမှာတော့ ချယ်ရီပွဲတော်၊ ကြာပန်းပွဲတော်၊ ဘိန်းပန်းပွဲတော်၊ Fujiပန်းပွဲတော်၊ ဒေလီယာပန်းပွဲတော်၊ cosmosပန်းပွဲတော်၊ ပန်းအမျိုးတိုင်းအတွက်တန်ဖိုးထားပြီး ပွဲတော်လုပ်ကာ tour attraction လုပ်ကြပါတယ်။

Africaက ကင်ညာ မှာ သဲကန္တာရမှာအလေ့ကျပေါက်တဲ့ပန်းကို ထိန်းသိမ်းပြီး tourတွေကို ဆွဲဆောင်ပါတယ်။

Vietnamနိုင်ငံမှာတော့ ရေထဲမှာ ကန္ဒမာ ပန်းတွေစိုက်ပြီး ပန်းလဲရောင်း နိုင်ငံခြားသားကိုလဲဆွဲဆောင်တဲ့ အလုပ်ကို လုပ်ကိုင်ပြီး ဝင်ငွေရှာကြပါတယ်။

Thailand မှာလဲ မာလာဖူးအပင်တွေကို ပြပြီးပိုက်ဆံရှာသလို၊ ကန္တာရချယ်ရီပင်နဲ့ ရွှေခယာပင်တွေပွင့်ချိန်ကို ပန်းပြပွဲဆိုပြီး နိုင်ငံခြားသားတွေကို ဆွဲဆောင်ကြပါတယ်။

တောင်ကိုးရီးယားမှာ ဘူးသီးပင်တွေကို စနစ်တကျစိုက်ပြီး နိုင်ငံခြားသားဆီက ပိုက်ဆံရှာပါသတဲ့။

တရုတ်ပြည်မှာလဲ Gingoပင်နဲ့အခြား အရွက်ရွှေဝါရောင်ရှိသောအပင်များကို စနစ်တကျစိုက်ပျိုးလို့ နိုင်ငံဝင်ငွေရှာကြပါတယ်။

အိန္ဒိယ နိုင်ငံမှာ ငုဝါပန်းပွင့်ချိန်ကို ပွဲတော်တွေလုပ်ပြီး ဧည့်သည်တွေဖိတ်ခေါ်ကြတယ်။

ဘာစိုက်စိုက်အောင်မြင်ဖြစ်ထွန်းတဲ့ မြန်မာနိုင်ငံမှာရော……..

ကျွန်မတို့တွေလဲ သူတို့လို ဘာလို့ဝင်ငွေမရှာနိုင်ရမှာလဲ။ ယခုပုံတွေကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာမပေါက်တဲ့အပင်မရှိပါဘူး။

အင်းလေးကန်ကြီးမှာ ကြာပန်းရော၊ ဗေဒါပန်းရော၊ Vietnam နိုင်ငံမှ ပုံများကလို ပန်းတွေပါစိုက်ပြီး နိုင်ငံခြားသားတွေ၊ခရီးသွားဧည့်သည်တွေဆီကငွေရှာနိုင်ပါတယ်။

ရှမ်းပြည်မှာဆို ဒေလီယာပန်းတွေအလေ့ကျပေါက်သလို့၊ နေကြာရိုင်းတွေ၊ ပန်းနှမ်းခင်းတွေ၊ အလေ့ကျ လာဗန်ဒါနှင့်တူသော အရိုင်းပင်များ၊ မုန်ညှင်းခင်း၊ လိမော်သီးခြံများ၊ ကြာပန်း၊ စိန်ပန်းပြာပင်များ၊ ချယ်ရီပင်များ အားလုံးပေါက်ရောက်ဖြစ်ထွန်းပါတယ်။

ထိုမျှ များစွာများစွာသော ပန်းတို့ကိုပိုင်ဆိုင်ပြီဖြစ်ပါတယ်။ စနစ်တကျဖြင့် စိုက်ပျိုး ထိန်းသိမ်းပြီ ပါးပါးနပ်နပ်လုပ်မည်ဆိုရင် မကြာခင်မှာ Green Tourismကို လုပ်ကိုင်နိုင်တဲ့ ဒေသ ဖြစ်ပါတယ်။

အပင်များ၊ ပန်းများဖြင့် ဝင်ငွေများစွာ ရှာနိုင်ကြပါစေ။

မျှဝေခြင်းသည် မေတ္တာဖြစ်သည်။

Heart Su

Credit U U Yeဲ

….

Toesandaroo@copy. .

2018 ကတင်ထားတဲ့post

 

About The Author

greenness_mm

No Comments

Leave a Reply