အလွမ်းစာစီ မူးအင်းဆီသို့

အလွမ်းစာစီ မူးအင်းဆီသို့

 
ဝသန်ချိန်ခါ ဝါဆိုမှာလေ
ရွာကာမိုးများ မြောင်းချောင်းကြားက
ရေအားကြီးသည် မူးအင်းဆီ ။
သွန်းဖြိုးနောက်ထက် မိုးကောင်းဆက်လျှင်
မြေပက်ကြားမှ ပြည့်လျှံစကာ
အင်းကရေများ ပြည့်သည်သား ။
ရေထဲပျော်ပါး နိုင်လွန်ငါးနှင့်
စလားပီယား ပုဇွန်များရ
ငါးမြှားဖမ်းကြ ပိုက်ချကြ ။
ရွာကမူးအင်း ရေချိုးခြင်းနှင့်
ကူးရင်းကစား အဝတ်များလျော်
ကမ်းပါးပေါ်အောက် ပြေးကာလျှောက် ။
သြော်——-
ခုများဝေးရောက် အသက်ထောက်ခဲ့
ရှေးနောက်ဖြစ်စဉ် ပြေး၍မြင်ပြီး
ငယ်စဉ်ဘဝ တမ်းတရသည်
ရွာ က မူအင်း မြင်ယောင်ရင်း ။ ။
ခေတ်သစ် (ကြွေပုဂံ)
Photo -ကြွေပုဂံကျေးရွာ မူးအင်းမြင်ကွင်း

About The Author

greenness_mm

No Comments

Leave a Reply