ဧည့်သည်ငှက်လေးတွေ (ကဗျာ)
ရွှေ့ပြောင်းပျံသန်းလာခဲ့ပြီ
မိုင်ပေါင်းထောင်သောင်းချီ
ရေခဲရာသီဆောင်းအစ
ကမ္ဘာ့မြောက်ခြမ်းက ။
အိမ်ကသာလို့ ဧည့်သည်လာ
မြန်မာနိုင်ငံပါ
ကမ္ဘာလှည့်သူခရီးသွား
ရေပျော်ငှက်လေးများ ။
ယာယီခိုနားအရောင်စုံ
ဘဲရစ် ရေကြက်ဒုံ
ဗွတ်ကလုံလေး လွန်လှပ
ဟင်္သာငှက်စုံစွ ။
မိန်းမလှကျွန်း တောင်သမန်
ပျူ နဲ့ အင်းလေးကန်
မြစ်ဝမကျန် မိုးယွန်းကြီး
က်က္စား အင်းတော်ကြီး ။
ခရီးသာလို့မာပါစေ
ဆောင်းခိုငှက်လေးတွေ
ကမ္ဘာမြေနဲ့ချိတ်ဆက်ထား
စောင့်ရှောက်ကြစို့လား ။
#ဝင်းမင်းစိုး(မိတၳီလာ)
အောက်တိုဘာ ၁၀ ရက်နေ့ ကမ္ဘာ့ဆောင်းခိုငှက်များနေ့သို့
No Comments