ထန်းဥယျာဉ်တဲ

ထန်းရွက်အမိုး ၊ ထန်းသားထိုးခံ
အုတ်ရိုးအထက် ၊ လှေကားတက်နှင့်
လိုက် ဖက်အလှ ၊ ရှုမဝ
လာကြဧည့်သည် ၊ လွမ်းမောဖွယ် ။

အရောက်ခိုနား ၊ လူအများတွက်
ထူးခြားနေရာ ၊ အသေချာ
ဝင်ကာသောက်ကြ ၊ ထန်းရည်ရ
အေးမြစိတ်ထား ၊ ခရီသွား ။

စွဲမြဲရှိရာ ၊ ထိုနေရာ
သာယာစိမ်းလန်း ၊ ပုဂံ လမ်းဝယ်
စိတ်မှန်းတမ်းတ ၊ သတိရ
နောက်ကြတဖန် ၊ ရောက်လိုပြန် ။ ။
ခေတ်သစ် (ကြွေပုဂံ)
Photo- Credit FB
No Comments