သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အမေရိကန်လျှပ်စစ်ကား ထုတ်တဲ့အစီအစဉ်မှာ ဖို့ဒ်လည်း ပါဝင်လာ
ကမ္ဘာပေါ်မှာ ထရက်ကားတွေ နဲ့ပတ်သက်လာရင် အမေရိကန်တွေက နည်းနည်းပိုရူးတယ်လို့ ပြောရမှာပါ။ အင်ဂျင်ပါဝါပိုကောင်း ပြီး ခရီးဝေးတွေ သွားနိုင် ထရက်ကားတွေကို သူတို့ကြိုက်အောင် GM တို့ ဖို့ဒ်တို့ က ထရက်ကားတွေ ကိုတိုးထုတ်ခဲ့ကြပါတယ်။
အခုတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သမ္မတ ဂျိုးဘိုင်ဒန်က ငွေသုံးပြီး လျှပ်စစ်အားဖြည့်တဲ့ ဆိုင်တွေ ကို တိုင်းပြည်အနှံ့ဖွင့်မယ်လို့ စီမံကိန်းရေးထားတဲ့အတွက် လျှပ်စစ်ထရက်ကားတွေကို ထုတ်ဖို့အတွက် အမေရိကန်ကား ကုမ္ပဏီတွေက ပြိုင်ပွဲတစ်ရပ်လို ထုတ်လုပ်ဖို့ကြိုးစားနေကြပါတယ်။
ဖို့ဒ် ကားကုမ္ပဏီကတော့ ကန်ဒေါ်လာ ၁၁ ဘီလီယံကျော်သုံးပြီး လျှပ်စစ်ကားထုတ်တဲ့ စက်ရုံ ၃ရုံ တည်ဆောက်ဖို့ လုပ်နေပြီဖြစ်လို့ အခုဆိုရင် စတုတ္ထမြောက် လျှပ်စစ်ထရက်ကား ထုတ်တဲ့ ကုမ္ပဏီဖြစ်လာပါပြီ။
တစ်စင်းကို ကန်ဒေါ်လာ ၂သောင်းအောက်နိမ့်တဲ့ ကားအစီးရေ ၁သိန်းကိုလည်း အမှာစာရထားပါတယ်။ လတ်တလောကတော့ ၂ဘီးမောင်း ထရက်ကားတွေ ထုတ်မှာပါ။ လာမယ့်နှစ်နွေဦးမှာ ပထမဆုံး ထရက်ကားကို စထုတ်မှာဖြစ်ပြီး စမ်းသက်ကာလပြီးတာနဲ့ တစ်နှစ်အတွင်း အစီးရေ ၁၃၀၀၀၀ ကို ထုတ်မှာပါ။
ဖို့ဒ် လိုမျိုး လျှပ်စစ်ထရက်ကားတွေ ထုတ်ဖို့ တက်စလာကလည်း ဆိုက်ဘာထရက်လို့ နာမည်ပေးထားတဲ့ လျှပ်စစ်ကားတွေ ထုတ်မှာဖြစ်ပေမဲ့ သူတို့ ကတော့ နည်းနည်းနောက်ကျဖို့ရာရှိပါတယ်။ GM ကလည်း ဆေးလ်ဗာရာဒို နောက်ပွင့်ကားတွေ ထုတ်ဖိုကလုပ်နေပါတယ်။
မီဆာကတော့ မိုင်၅၀၀ ခရီးကို ၁၅မိနစ် အားပြန်ဖြည့်ရုံနဲ့ သွားလို့ရတဲ့ နောက်ပွင့်ကားတွေ ထုတ်နေပါတယ်။
မောင်ယဿ
REF: greencitizen
Photo : electrek

258
People Reached
17
Engagements
-4.9x Lower
Distribution Score
Boost Post
12
1 Share
Like
Comment
Share
No Comments