မလိုချင်တဲ့ကမ္ဘာ
ရောဂါဘယတွေ
ပွေလီနေတဲ့ ကမ္ဘာ
အကြမ်းဖက်မှုတွေ
တောထနေတဲ့ ကမ္ဘာ
တောရိုင်းဥပဒေတွေ
မျိုးပွားနေတဲ့ ကမ္ဘာ
ဂေဟစနစ်တွေ
ပျက်ယွင်းနေတဲ့ ကမ္ဘာ
စစ်မီးလျံတွေ
တောက်လောင်နေတဲ့ ကမ္ဘာ
ကဗ်ာဆရာ
တန်ခိုးရှင်သာဆို
အဲဒီကမ္ဘာကို
စကြာဝဠာအပြင်ရောက်အောင်
ကိုင်ပေါက် လွှင့်ပစ်လိုက်ချင်တာ…။
မောင်ခင်မှိုင်း(ချောက်)
No Comments