ဝါကောက်ချိန်
ဆောင်းအကြောင်းပြောတော့ နှင်းတွေက တပေါက်ပေါက်နဲ့။ လရောင်က တိမ်တွေကို ခစရာ မလိုတော့တဲ့ အချိန်။ ဝါပင်တွေသာ စကားပြောတတ်မယ် ဆိုရင် ဖြည့်စွက်ရေလိုတဲ့ အချိန်ပဲ။ မြန်မာပြည်မှာ မိုးနှောင်းဝါကို ရေသွင်းပြီး သိသလောက်တော့ မစိုကျနိုငျကွသေးဘူး။ ကုန်းမြင့်တဲ့ ယာတွေချည်းမှာပဲ အများစုက စိုက်ထားကြတာ။ ကြက်ဥတထောက် ဝါတပေါက်တဲ့။ ဝါတွေ သစ္စာရှိလိုက်ပုံများ ပြောပါတယ်။ လက်ဖျားသီးတဲ့။ လက်ရင်းသီးတဲ့။ ဝါသီးတာနဲ့ ပက်သက်ပြီး သုံးနှုံးကြတဲ့ ဘာသာ စကား။ ဝါထွက်ကောင်းမကောင်းက နောက်မိုးကောငျး မကောင်း အပေါ်မှာ မူတည်နေတယျ။
ယာထဲမှာ အဖေနဲ့ ဝါကောက်ရတယ်။ ကိုယ့် ယာထဲ ကိုယ်ပါပဲ။ အဖေကြီးက ဝါကောက်သမ မခေါ်ချင်ဘူး။ ဝါ လှိုင်လှိုင် ပေါက်ရင်တော့ တမျိုး။ သူကိုယ်တိုင် စိတ်တိုင်းမကျလို့တဲ့ လေ။ အပင်ပန်း ခံပြီး ကောက်လေ့ ရှိတယ်။ ဝါတွေ သီးတာပွင့်တာက ပညာရပ် ဆန်တယ်။ လက်ရင်းသီးပွင့်ရင် ခါးလည်သီးက မပွင့်သေးဘူး။ လက်ရင်းသီးကုန်လို့ ခါးလည်သီးပွင့်ရင် ဝါခင်းကြီးက သိပ်ကြည့်လို့ကောင်းတာပဲ။ တခင်းလုံးကို ဖွေးနေတာပဲ။ သိပ်ကိုလှတယ်။ ခါးလည်သီးက ရတဲ့ အသီးဆို စက်ကြိတ်သမားက တအားကြိုက်တယ်။ ငွေအားများများနဲ့ ခါးလယ်သီး ပိုက်မိတဲ့ စက်ပိုင်ဆိုရင် တအားထောပြီ။ အလုအယက်ဝယ်ကြတာ။ လက်ဖျားသီးကတော့ ဂွမ်းစတို တော့ ချည်သမားတွေက သိပ်မကြိုက်ကြ ဘူး။ ဝါက သိန်းသောင်းချီပြီးရင်းနှီးရတာ ဆိုတော့ သာမန်ကုန်သည်လောက်က ဝယ်ရောင်းပဲ လုပျနိုငျတယျ။
အဖေတို့ ခေတ်ကတော့ အစိုးရ ဒိုင်ပေါ့။ ယာခင်းထဲက ကောက်လာတဲ့ ဝါတွေကို ပုဆိုးကို အိတ်လုပ်ပြီးထည့်တယ်။ ဝါက ဘာသဘောလဲတော့ မသိဘူး။ ချည်သားနဲ့ ထည့်ထားတဲ့ အိတ်နဲ့ဆို ဝါက ပိုခြောက်တယ်။ ဝါကို အပွင့်အတိုင်း ရောင်းရတဲ့ တောင်သူဆို ခြောက်လေတွက်ခြေ မကိုက်လေပဲ။ ဂွေးကုန်း ဆိုတဲ့ ဆတုံချောင်းဘေးက တောင်တွင်းကြီးနားကပ်နေတဲ့ ရွာမှာရှိတဲ့ အစိုးရဒိုင်ကို သွားရောင်းရတာ။ အမေကတော့ သားဖနှစ်ယောက် ထမင်းကြမ်းစားဖို့ ထမင်းတွေ ဖျင်လွယ်အိတ်ကလေးနဲ့ ထုပ်ပေးတာပေါ့။ ကိုယ်ကတော့ ဘယ်သိပါ့မလဲ။ လှည်းကြီးစီးပြီး မြို့ကိုသွားရရင်ကို သိပ်ပျော်နေတာ။ သွားရမှာက မြို့တောင်မဟုတ်သေးဘူး။ မြို့က အန်တီတို့ ဝယ်ပေးထားတဲ့ အနွေးထည်လေး ဝတ်။ အဝတ်အနှေးထညျလေးကလညျး ကြာလာတော့ ဟောင်းနေပါပြီ။ မနက် ငါးနာရီလောက် ထမောင်းရတာ ချမ်းမယ်များ ထင်နေလား။ အဖေကြီးကတော့ အဖေါ်ရအောင် သူ့သား ကိုယ့်ခေါ်လာတာပါ။ လှည်းပေါျကဝါဂှမျးပုံအိတျတှေ ပေါ်မှာ ကွေးတော့တာပဲ။ မျက်စိမှိတ်လိုက် လက ကွေးလိုက်။ နွားနှစ်ကောင်ရဲ့ ခြေသံဟာ ဘယ်လား ညာလားတောင် မသိတော့ဘူး။
ဝါဒိုင်ရောက်တော့ ရောက်တာ အစောကြီး ဖြစ်နေသေးတယ်။ အဲဒီတုန်းက ငါးကျပ်ဆို ဘယာကြော်ကောင်းကောင်းစားလို့ ရတယ်။ အကြော်ဆိုင်လေးကတော့ ဖွင့်နေပြီ။ ဗိုလ်ချုပ်ထိပ်ပြောင်ပြောင်နဲ့ ငါးကျပ်ပေါ့။ ဗိုလ်ချုပ်လည်း သနားဖို့တော့ကောင်းပါတယ်။ ဆင်းရဲသား လယ်သမားလက်ထဲမှာမှ ငုပ်လျှိုး နေခဲ့ရတာ။ အဲဒါနဲ့ ဘယာကြော်တွေစား။ ကိုယ်က ကလေးပဲ ရှိသေးတော့ ဘယာကြော်ပဲ ဝါးတယ်။ ဒိုင်က မဖွင့်သေးဘူး။ ကိုယ်တတွေလို ဝါလှည်းတွေက တဖြည်းဖြည်း ရောက်လာတယ်။ တန်းစီကြပေါ့။ တောသူတောင်သားပဲ။ ရိုးတဲ့သူတွေလည်း ရှိတယ်။ မရိုးမအ တွေလည်းရှိတယ်။ ကိုယ့်ထပ်ဖင်ပြန်ခေါင်းပြန် လည်တဲ့သူတွေကလည်း ရှိသေး။ အချင်းချင်းတောင် ဂုပ်သွေး စုပ်ကြသေးတယ်။ ဒိုင်မှူးကြီး နိုးလာပါပြီ။ ဆရာ ကြီးပေါ့လေ။ သူတပည့်တွေနဲ့ ချိန်စရာရှိတာ ချိန်ပေါ့။ အစိုးရ ဒိုင်ပဲ။ သူလုပ်ချင်သလို လုပ်ခွင့်ရရှာတယ်။ အစိုဖြတ်တယ်။ ကြွယ်သီး ပယ်တယ် ဘာညာလုပ်တာပေါ့။ ပယ်တယ် ဆိုတာက ဝါလာရောင်းတဲ့ တောင်သူရဲ့ ဝါအလေးချိန်ထဲက ပမာဏ တခုသတ်မှတ်ပြီး အလေးချိန်ကို ဖြတ်ယူ လိုက်တာ။ အဲဒီခေတ်က သူတို့ ပါးစပ်ထဲ ရှိတာ။ ခုခေတ်လည်း ပါးစပ်ထဲရှိတာပါပဲ။ ဒါပေမယ့် ကိုယ်တတွေက သင်္ချာတော့ တွက်တတ်ပြီနဲ့တူတယ်။ အစိုဖြတ်တာတော့ သဘောမကျဘူး။ အဖေကြီးကလည်း ဘောင်ချာဖြတ်ပိုင်းလေး ယူပြီး ဒိုင်က ငွေကိုင်စာရေးဆီမှာ ငွေထုတ်တယ်။ ပြီးတော့ ဘောင်ချာလေးတွေ သိမ်းတယ်။ တာဝန်ကျေ တာဝန်သိ ဝါတောင်သူလယ်သမားကြီးများအတွက် ဆု လိုချင်တာ နေမယ်။ ပထမဆု နာရီစင် ဓာတ်ခဲ နှစ်လုံး တဲ့။
ဝါကို ချည်ယက်ရင် ခါးလည်သီးက အကောင်းဆုံးထင်တယ်။ အဖေကတော့ နောက်နှစ် ဝါမျိုးချန်ဖို့ အတွက် ခါးလယ်သီးကောက်ပြီ ဆိုကတည်းက အပွင့်အကောင်းဆုံး ဝါဖတ်တွေကို ရွေးပြီးကောက်တယ်။ မျိုးကို အပြင်က ဝယ်ယူတာ အတော့်ကို ရှားတယ်။ အဆင်မပြေတဲ့ တနှစ်တလေ မှ အပြင်က ဝယ်တတ်တယ်။ ဝယ်မိ စိုက်မိပြီ ဆိုရင်လည်း မျိုးရောတွေများတော့ အတော့်ကို ဒုက္ခရောက်တယ်။ မျိုးက စိတ်ချရမှ အထွက်က ကောင်းတာ ဆိုတော့ အဖေက မျိုးထားရင် သေချာရွေးထားတယ်။ မျိုးစေ့ ထုတ်ယူမယ့် ဝါအိတ်ကို သပ်သပ်ထားထားတာ။ သူ့မျိုးမှ သူ။ ခါးလယ်သီးလည်း ဖြစ်တော့ မျိုးစေ့ အပင်ပေါက်ဖို့ကလည်း သေချာတယ်။ ကိုယ့်မျိုးကို ထားတော့ အပိုကုန်ကျစားရိတ်တွေ မရှိတော့ဘူး။ ဟိုဆွဲ ဒီဆွဲ မဆွဲရတော့ဘူး။ နည်းပညာတွေ တိုးတက်လာတော့ ဝါသီးလုံးဖောက်ပိုးဒဏ် ခံနိုင်တဲ့ bt ဝါမျိုးတွေ ပေါ်လာတယ်။ ဗီဇနည်းပညာအရ ထုတ်ထားတာ ဖြစ်တဲ့ အတွက် နောက်သားဆက်က သိပ်အထွက်မကောင်းတော့ဘူး။ နောက်မျိုးထားလို့ မရတော့ဘူးပေါ့။ ကိုယ့်မျိုးကိုယ်ထားချင်တဲ့ တောင်သူတွေအတွက်လည်း နည်းပညာက မညှာတာတော့ဘူး။ ခုတွေးမိနေတာ တခုတော့ ရှိတယ်။ နည်းပညာထုတ်လုပ်သူတွေက တောင်သူကို ဈေးကွက်လို့ မြင်လာကြတာ လည်း ဆိုးတယ်။ နိုင်ငံရေး သမားက အစ။ အထှကျကောငျးမြိုးဆိုပမေယ့ျ အင်တွေလည်း လုပ်တတ်ကြတော့ မျိုးမစစ်တာ ဝယ်စိုက်မိတဲ့ တောင်သူက မျိုးစေ့ဖိုးတက်သာ ဆုံးရှုံးတာ မဟုတ်ဘူး။ တရာသီလုံး လုပ်ကွက်ကျယ်သလောက် ဆုံးရှုံးပါတယ်။ သွားမလုပ်နဲ့။ နွားပြုတ်သွားမယ် ဆိုလား။
မျိုးစေ့ မစစ်မှန်မှုအတွက် တရားစွဲလို့ရတဲ့ ဥပဒေတွေ ရှိပေမယ့် တရားစီရင်ရေး စနစ်တွေကလည်း အဆင့်ဆင့် ရှုပ်ထွေးနေသေးတယျ။ သက်သေခံဥပဒေ အရ မူတည်ပြီးတရားစစ်ရတာဆိုတော့သက်သေခံချက်အတွက် သက်သေပေးဖို့ ဓာတ်ခွဲခန်းတွေ ဘာတွေက စစ်ချက်တွေက သိပ်အရေးကြီးတယ်။ တရားရုံးတွေ ထားလိုက်ဦး။ ဓာတ်ခွဲခန်းတွေ ဘာတွေက တောင်သူတွေ အလွယ်တကူ သုံးနိုင် မှီနိုင်တဲ့ အနေအထားမဟုတ်တော့ တရားစွဲဖို့လိုအပ်တဲ့ သက်သေခံချက်အတွက် ဓာတ်ခွဲခန်း အဖြေကရဘို့ တောင်သူတွေ အခြေအနေမှာ သိပ်ကို ခက်ခဲနေပါတယ်။ မြန်မာလူမျိုးကလည်း အရစ်သိပ်မရှည်တတ်တော့ အဲဒီအဆင့်ထိလည်း မရောက်တော့ပါဘူး။ ဆက်ဆံ မနေတော့ ဘူးလေ။ ဘာထူးမှာလဲ။ ကိုယ့်ကို လိမ်ရောင်းတဲ့ ကောင်တွေကိုတောင် အလှူတွေ ဘာတွေကျရင် ဖိတ်ပြီး ဘီယာတွေ ဘာတွေတိုက် ထမင်းတွေ ဘာတွေ ကျွေးလိုက်ကြသေးတာ။
ဘိုးဘွား လက်ထက်ကတည်းက အိမ်မှာ ဝါကြိတ်ခုံလေး ရှိတယ်။ ကျွန်တော့်ဘကြီးက အိမ်ရဲ့ထုပ်ပေါ် သေချာသိမ်းထားတာ။ ဝါစိုက်တဲ့ နှစ်တွေက စိုက်တဲ့နှစ် စိုက်လိုက်။ မစိုက်တဲ့ နှစ်မစိုက်ဆိုတော့ ဝါကြိတ်စက်ကလေးဟာ ထုပ်ပေါ်နေရတာ များမယ်နဲ့ တူတယ်။ ဝါစိုက်တဲ့ နှစ်တွေမှ သူ့ခမျာ ထုပ်ပေါ်က ဆင်းကြရရှာတယ်။ ကိုယ်က မြေးယောက်ျားလေးဆိုတော့ ဝါကြိတ်ခုံလေး မြင်ရင်ဆော့ ချင်တာပဲ သိတယ်။ လက်နဲ့ လှည့်လို့ရတာလေး သဘောကျတော့ ခလေးဆိုတော့ လှည့်ပဲ လှည့်ချင်နေတာ။ အမေကတော့ ဝါကြိတ်ခုံလေးကို ဖုန်တွေပြောင်အောင် ရေသေချာဆေးပြီး နေတနေ လှန်းတယ်။ ဝါကြိတ်ခုခုံကလေး ခြောက်ပြီဆိုမှ ဝက်ဆီဖတ်ဆီနဲ့ ကြိတ်လုံးလေးတွေကိုအဝတ်စလေးနဲ့ ပွတ်ပေးရတယ်။ဝက်အူလိမ်လို ပွတ်လုံးလေးတွေ ချိတ်ဆက်ထားရတဲ့ နေရာကျ ကြက်တောင်ကလေးကို ဆီဆွတ်ပြီး ကြပ်ပေးရတယ်။ တကျွီကျွီနဲ့ ကြိတ်လို့ရတဲ့ အနေအထားရောက်မှ ဝါကြိတ်ခုံလေး ပြုပြင်ထိန်းသိမ်းရတဲ့ လုပ်ငန်းဟာ ပြီးသွားတယ်။ ပြီးသွားမှ အဖေမျိုးစေ့ထုတ်ဖို့ ချန်ထားတဲ့ ဝါထုပ်တွေကို ခေါင်မိုးပေါ်က ချပြီး ဖျာပေါ်ဖြန့်ခင်း။ အမေ့လုပ်ငန်းက ခုမှ စတော့မယ်။ ယက်ကန်း အဆင့်ထိမရောက်သေးဘူး။ ဗိုင်းငင်ဖို့ ပြင်တော့တယ်။
ဝါကြိတ်ခုံလေး ကြမ်းပြင်မှ ချ။ လကလေးက သာနေတယ် ထင်တယ်။ အဖေခရီးထွက်လို့လား မသိဘူး။ အမေ့ အဖေ ကျနော့ ဘကြီးက အိမ်လာအိပ်တယ်။ ဘကြီးအတွက် အမြည်းတွေ လုပ်ပြီး ရေနွေးကြမ်းအိုး ချထားတယ်။ ဘကြီးက ရေဒီယိုကြီး ဖွင့်ပြီး ြငိမ့်နေတာ ။ ကိုယ်က သူ့အမြည်းအုပ်ကို ဝင်နွှဲဖို့ချောင်းနေတာ။ အမေမရိပ်မိအောင်လည်း နေ နေရသေးတယ်။ သူလစ်မှ ပဲကြမ်းသုပ် တဇွန်းကို ပါးစပ်ထဲ အတင်းသွတ်ရတာ။ အမေက အလုပ်တွေ ရှုပ်နေတယ်။ ဝါကြိတ်ဖို့တဲ့။ ဝါကြိတ်ခုံလေးက ပြင်ပြီးသွားပြီဆိုတော့ အဆင်သင့်ဖြစ်နေပါပြီ။ လက်နဲ့ အစမ်းလှည့် ကြည့်တာတောင် တဂျွီဂျွီနဲ့ မြည်နေတယ်။ ဝါ စကြိတ်ပြီ။ ပွတ်လုံးကလေး နှစ်လုံး လက်နဲ့ အဆက်မပြတ်လှည့်ပေးရတယ်။ လည်နေတုန်း လက်တဖက်က ဝါပွင့်ကလေးတွေ ကောက်ပြီး ကြိတ်လုံးနှစ်ခုကြားကပ်ရတယ်။ ဝါးဂွမ်းစ လေးကို ကြိတ်လုံးက ဝါးသွားပြီဆိုရင် ဝါဂွမ်းဖတ်တွေချည်း တဖက်မှာကျသွားတယ်။ ဝါဂွမ်း ဖတ်တွေ ကျတဲ့ဘက်ကို ပုဆိုးသန့်သန့် ခင်းထားရတယ်။ ဝါစေ့တွေကတော့ ကြိတ်တဲ့သူ ဘက်မှာ ကျန်နေခဲ့တာပေါ့။ ဝါဂွမ်းပေမယ့် အစေ့ပိန် အစေ့ညက်ဆိုရင် သေချာ အောင်ကြိတ်ရတာ။ ဂွမ်းထဲ ဝါစေ့ ခွဲခြမ်းတွေ ပါသွားလို့ ရှိရင် ရလာမယ့် ချည်ကမကောင်းတော့ ဘူး။ အစေ့ပိန် အစေ့ညှပ်ကို သတိထားရတယ်။ တနေ့တနေ့ ကြိတ်တာ ဘယ်လောက်မှ မပြီးဘူး။ အမေ သူ့အိမ်မှုကိစ္စတွေပြီးမှ သူအားတဲ့ အခါမှ ကြိတ်ရတာလေ။ သူဝါကြိတ်နေတာ မြင်တော့ ကိုယ်က ဝါကြိတ်ကြည့်ချင်နေတယ်။ အဓိက ကတော့ ကလေးဆိုတော့ ဆော့ချင် ကမြင်းချင်တာပါ။ သူလစ်တုန်း အားနဲ့မာန်နဲ့ လှည့်ချင်သလို လှည့်ပြီး ကြိတ်တာ ဆိုတော့ ဝါစေ့ရော ဝါဂွမ်းတွေရော ဟိုဘက်ပါသွားရော။ ဝါစေ့ခြမ်းတွေကလည်း ကြိတ်လုံးကြားလေးထဲ ညပ်လို့ပေါ့လေ။ အဲဒါနဲ့ ကိုယ်လည်း လစ်တော့တာပဲ။ အမေကတော့ ပြောပြပါတယ်။ ဝါစေ့ က စိုနေရင် ဝါကကြိတ်လို့ မကောင်းဘူး တဲ့။ ဂွမ်းနဲ့ ဝါနဲ့ ရေသွားတာတဲ့။ ဝါခြောက်မခြောက်သိချင်ရင် ဝါစေ့ကို ကိုက်ကြည့်ရတာတဲ့။ ကိုကျကွည့ျလိုကျလို့ ထောက်ကနဲ မြည်နေမှ ဝါစေ့က ခြောက်တယ်ဆိုတာ သိရတာ။ ဝါကြိတ်ခုံကို လက်နဲ့ လှည့်ကြိတ်ရင်လည်း ညင်ညင်သာသာ လေး လှည့်ကြိတ်ရတယ်။ အင်အားသုံးလို့ မရဘူးတဲ့။ ချည်တမျှင်ရဖို့ ဘယ်လောက်လက်ဝင်လိုက်တဲ့ အလုပ်လဲ။ နောက်နှစ်မှာ အဖေစိုက်ချင်တဲ့ ဝါမျိုးစေ့လညျး အဲဒီတော့မှရတာ။
အမေ သူအားတဲ့ အခါမှ ဝါကလေးကြိတ်လိုက်။ အိမ်မှု ကိစ္စတွေလုပ်လိုက်နဲ့ ဝါကလေး ကြိတ်လာလိုက်တာ မျိုးချန်ဖို့ထားတဲ့ ဝါ တွေ ကုန်သလောက် ဖြစ်သွားပြီ။ ရလာတဲ့ ဝါဂွမ်းတွေကို ဂွမ်းတောင့်ကလေးတွေ ဖြစ်အောင် ဝါဖန် ရတယ်။ ရွာမှာ ဝါဖန်တဲ့ စက်မရှိတော့ တခြားရွာကို သွားပြီး အပ်ရတယ်။ ဗိုင်းတောင့်ကလေးတွေ ရတော့မှ ချည်ငင်တဲ့ လုပ်ငန်းက စတာ။ ဗိုင်းငင်တယ်လို့ ခေါ်သတဲ့။ အဲဒီအခါမှ ချောင်ထဲ သိမ်းထားတဲ့ ဗိုင်းငင်စက်ကို ထုတ်။ အင်တွဲ တို့ ဘာတို့ အပူပေးပြီး ဗိုင်းငင်စက်ရဲ့ ဘီးကြီး ရဲ့ ကြိုးတပ်တဲ့ နေရာမှာ သုတ်။ ချည်ငင်တဲ့ နေရာမှာလည်း ဆီရွှဲရွှဲ သုတ်ပေးရတယ်။ ချည်ငင်တော့မယ်ဆိုတာနဲ့ ယက်ဖောက် လုပ်တို့ ချဉ်ပေါင်ရိုးခြောက်ကို ရေစိမ်ပြီး အနေတော် ဖြတ်ထားရတယ်။ ဗူးသီးခြောက်ကို ရေစိမ်ပြီးတော့ လည်း ချည်ကို ထိန်းနိုင်ဖို့ အဝိုင်းကလေး လုပ်ပြီး ချည်ငင်ရမယ့် စူးမှာ တပ်ရတယ်။ လိုအပ်တဲ့ အရာတွေ အကုန်ပြင်ဆင်ပြီးပါမှ ချည်ငင်တာကို စရ တာ။
ဗိုင်းငင်တယ်ဆိုတာ မိန်းမတွေတိုင်း မလုပ်တတ်ကြဘူး။ စိတ်ရှည်တတ်ဖို့ လိုသလို စိတ်ဝင်စားတဲ့ သူလည်း ဖြစ်မှ ကောင်းတယ်။ အမေကတော့ ဗိုင်းငင်တဲ့ ဘီးကြီးကို သူ့ညာဘက်လက်နဲ့ တချက်နှစ်ချက်လှည့်လိုက်တယ်။ တပြိုင်နက်တည်း သူ့ဘယ်ဘက်လက်က ဝါဗိုင်းတောင့်လေးကို ယစ်ဖောက်မှာ ကပ်လိုက်ပြီး အသာ ဆွဲယူလိုက်တယ်။ အမေ့ရဲ့ ဘယ်ဘယ်လက် ပြန် အဆုတ်မှာ ချည်မျှင်လေး တန်းပြီး ပါလာတယ်။ ပြီးမှ ဘီးကို တပါတ် နှစ်ပါတ် ထပ်လှည့်။ ဘယ်ဘက်လက်ကို ပြန်ဆုတ်သွားတယ်။ အားလုံးဟာ စက္ကန့်ပိုင်းလေးအတွင်း အချိန်ကိုက် လှုပ်ရှားလိုက်တာ။ အမေကတော့ အာရုံငါးပါးလုံး နှစ်ထားရပုံ ပေါ်တယ်။ ချည်တမျှင် ရဘို့ ဘယ်လောက် လှလိုက်တဲ့ သံယောဇဉ်လဲ။ လရောင်ကတော့ အေး၍ မြနေဆဲ။
မင်းချောမြင့်
2020.Dec 1 Daily Eleven
No Comments