ဝေလငါးများကို အမဲမလိုက်ခြင်းဖြင့် တစ်နှစ်ကိုကာဗွန်ဒိုင်အောက်ဆိုဒ် တန်ချိန်သန်း၂ထောင်နီးပါးမျှ ထိန်းသိမ်းနိုင်

ဝေလငါးများကို အမဲမလိုက်ခြင်းဖြင့် တစ်နှစ်ကိုကာဗွန်ဒိုင်အောက်ဆိုဒ် တန်ချိန်သန်း၂ထောင်နီးပါးမျှ ထိန်းသိမ်းနိုင်

ဝေလငါးဆိုတဲ့ သတ္တဝါသည် ကျနော့်တို့ဂြိုဟ်ကမ္ဘာပေါ်တွင် သာမန်မဟုတ်ဆုံး သတ္တဝါဖြစ်တယ်ဆိုတာ သံသရဝင်စရာမရှိပါဘူး။ ဒါပေမယ့် သူတို့ဟာ ရာသီဥတုပြောင်းလဲမှုဝန်ထုပ်ကို လျှော့ချပေးနိုင်တယ်လို့ပြောရင် ခင်ဗျားတို့ အံ့အားသင့်သွားမှာပါ။
လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို သစ်ပင်တွေက သဘာဝရဲ့နိယာမသဘောတရားအတိုင်း စုပ်ယူတယ်ဆိုတာ လူတိုင်းသိပြီးသားပါ။ သူတို့ရဲ့ ဇီဝကမ္မဖြစ်စဉ်က ကာဗွန်တွေကိုစုပ်ယူပြီး အောက်ဆီဂျင်ကိုထုတ်ပေးပါတယ်။ ပင်လယ်သမုဒ္ဒရာထဲမှာတော့ ကာဗွန်စုပ်ယူဖို့ကို အဲ့ဒိတိုက်တန်ကြီးတွေက အလုပ်လုပ်ပေးနေပါတယ်။
ဝေလငါးကြီးတွေဟာ သူတို့ခန္တာကိုယ်ထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်မြောက်အမြားကို သိုလှောင်ထားပါတယ်။ အဲ့ဒိကာဗွန်တွေကို သူတို့သေဆုံးတဲ့အခါမှာ သူတို့နဲ့အတူ သမုဒ္ဒရာကြမ်းပြင်ကိုယူဆောင်သွားပါတယ်။ အဲ့တာကို ဝေလငါးသင်္ချိုင်း( whale falls )လို့ ခေါ်ပါတယ်။ whale fallsတွေက အာဟာရကြွယ်ဝလို့ ရေနက်ပိုင်းနဲ့ ရေအောက်ကြမ်းပြင်မှာနေထိုင်တဲ့ သတ္တဝါတွေအတွက် အထူးအကျိုးရှိပါတယ်။
ပင်လယ်ရေအောက်ထဲမှာကာဗွန်တွေကို ဖမ်းပြီးသိမ်းထားတဲ့သဘောပါပဲ။ ဆန်ဖရန်စ္စကိုတက္ကသိုလ်က ပြုလုပ်တဲ့ အဏ္ဏဝါသုတေသနတစ်ခုမှာ whale fallsတွေက ကမ္ဘာ့ကာဗွန်ထုတ်လွှတ်မှု ၆၀%လောက်ကို သိမ်းဆည်းပေးတယ်လို့ ဆိုထားပါတယ်။ ကာဗွန်ကြောင့် ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ချပေးနိုင်ရန် ဝေလငါးအမဲလိုက်ခြင်းကို တားဆီးဖို့ လိုနေပါပြီ။
ဝေလငါးတွေကို အမဲမလိုက်မီကာလက အရေအတွက်အတိုင်း ပြန်ထားနိုင်မယ်ဆိုရင် ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုကို အထိုက်အလျောက် တားဆီးနိုင်မှာပါ။ whale falls တွေကြောင့် ပင်လယ်အောက် မြက်ပင် ချုံပင်တွေက ကာဗွန်အစာကိုရရှိနေပါတယ်။ ဝေလငါးတွေက ကာဗွန်တန်ချိန်တော်တော်များများကို သိမ်းဆည်းပေးနိုင်တဲ့အတွက်ကြောင့် ကမ္ဘာ့ရာသီပြောင်းလဲမှုကို ထိန်းသိမ်းပေးနိုင်မယ်လို့ သူတို့ကဆိုပါတယ်။
ရင်ငြိမ်းနွေ
Ref : euronews
Photo : lindsay

About The Author

greenness_mm

No Comments

Leave a Reply