သဘာဝပတ်ဝန်းကျင်ကို ဖြည်းဖြည်းချင်း သတ်ဖြတ်နေသော လူသားတို့၏ နေ့စဉ်အလေ့အထများ (၁)

သဘာဝပတ်ဝန်းကျင်ကို ဖြည်းဖြည်းချင်း သတ်ဖြတ်နေသော လူသားတို့၏ နေ့စဉ်အလေ့အထများ (၁)

လူသားတို့၏ နေ့စဉ်အလေ့အထများတွင် သဘာဝပတ်ဝန်းကျင်ကို ဖြည်ဖြည်းချင်းသတ်ဖြတ်နေသော အလေ့အထများရှိသည်။ အချို့အလေ့အထများသည် အပြစ်ကင်းသည်ဟု ထင်ရသော်လည်း ပတ်ဝန်းကျင်ကို ယိုယွင်း ပျက်စီးစေကာ ဖြည်းဖြည်းချင်း သတ်ဖြတ်သည့်အဆင့်ကို ရောက်သွားသည်။ နေ့စဉ် ကားမောင်းခြင်းမှသည် သွားတိုက်ခြင်းအထိ ပတ်ဝန်းကျင်ကို သတ်ဖြတ်နေကြောင်း Conserve Energy Future က ဖော်ပြထားသည်။ ပတ်ဝန်းကျင်ကို ဘယ်လိုအလေ့အထတွေက သတ်ဖြတ်နေကြတာလဲ၊ လေ့လာကြည့်ပါစို့ ။

၁။ ကားမောင်းခြင်း

ကားမောင်းခြင်းဟုဆိုထားသော်လည်း အင်ဂျင်ဖြင့်မောင်းနှင်ရသော လူများ နေ့စဉ်အသုံးပြုနေသော ယာဉ်များအားလုံး မောင်းနှင်ခြင်းကို ဆိုလိုသည်။ ကားမောင်းခြင်းသည် လူသားတို့ သွားရေးလာရေးနှင့် သယ်ယူပို့ဆောင်ရေးအတွက် မဖြစ်မနေ အသုံးပြုနေရသော အရာတစ်ခုဖြစ်သလို ထိုသို့ မောင်းနှင်ရသည်ကို နှစ်သက်သောကြောင့် အပျော်သဘော မောင်းနှင်ခြင်းများလည်း ရှိသည်။ အမေရိကန် တစ်နိုင်ငံတည်းတွင် ယာဉ်အစီးရေ သန်းရာကျော်ရှိသည်။ ထိုယာဉ်များအတွက် ဆီ ဂါလန်ပေါင်းမရေမတွက်နိုင်အောင် အသုံးပြုနေရသည်။ ထိုယာဉ်များက ထုတ်လွှတ်သော ကာဘွန်များသည် ပတ်ဝန်းကျင်ကို ထိခိုက် ပျက်စီးစေသလို ထိုယာဉ်များလည်ပတ်မောင်းနှင်ရန် အသုံးပြုနေရသည့် ဆီမှာ သဘာဝရင်းမြစ်များကသာ ထုတ်ပေးနေသည်ကို မေ့ထား၍မရ။ ကမ္ဘာတဝှမ်းတွင် ကိုယ်ပိုင်ယာဉ် အများအပြား ပိုင်ဆိုင်ထားသောကြောင့် ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုမှာ အလွန်ကြီးမားပါသည်။ လူများသည် ကာဗွန်ကို လျှော့ချရန်အတွက် ခရီးသွားလာမှုနည်းလမ်းအဖြစ် အများသူငှာ သယ်ယူပို့ဆောင်ရေးကို အသုံးပြုလိုစိတ် ရှိသင့်ပါသည်။

၂။ ဘက်ထရီနှင့် မင်ကျည်တောင့်များကို နည်းလမ်းမမှန် စွန့်ပစ်ခြင်း

အိမ်သုံး ဘက်ထရီများနှင့် နည်းပညာသုံး မင်ကျည်တောင့်များကို နည်းလမ်း မမှန်မကန် စွန့်ပစ်ခြင်းသည် လူတို့ အလွယ်တကူလုပ်ဆောင်နေသော ပတ်ဝန်းကျင် သတ်ဖြတ်တစ်မျိုးဖြစ်သည်။ ဘက်ထရီများနှင့် အဆိုပါ မင်ကျည်တောင့်များတွင် ပြဒါးနှင့် အဆိပ်သင့်ဓာတုပစ္စည်း ပါဝင်သောကြောင့် တောရိုင်းတိရစ္ဆာန်များနှင့် ရေနေသတ္တဝါများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လုယူကာ ဂေဟစနစ်ကို ဆိုးရွာစွာ ထိခိုက်လျက်ရှိသည်။ တောရိုင်းတိရစ္ဆာန်များနှင့် ပင်လယ်ရေသတ္တဝါများ၏ စွန့်ပစ်ပစ္စည်းများကို မလျော်မကန် စွန့်ပစ်ခြင်းကြောင့် ပြဒါးနှင့် အခြားအဆိပ်သင့် ဓာတုပစ္စည်းများ ပါဝင်ပါသည်။ တစ်ဖက်တွင်မူ မင်ကျည်တောင့်များကို မှန်ကန်စွာ မစွန့်ပစ်ပါက ပတ်ဝန်းကျင်ကို ပိုမိုအဆိပ်ဖြစ်စေပါသည်။

၃။ ပလတ်စတစ် အလွန်အကျွံသုံးစွဲခြင်း

ဆိုင်များတွင် ရောင်းချသော ပစ္စည်းအများစုမှာ ပလတ်စတစ်ဘူးများဖြင့် ထုပ်ပိုးထားသည်။ ထို့အပြင် ငွေရှင်းကောင်တာတွင် ပစ္စည်းထည့် ပေးဆောင်သော အိတ်အများစုသည် ပလတ်စတစ်အိတ်များ ဖြစ်သည်။ စာရင်းအင်းအရ အစားအသောက်ထုပ်ပိုးမှုသည် အိမ်သုံးအမှိုက်နှင့် အမှိုက်အားလုံး၏ 70% နီးပါးရှိသည်။ ထိုပလပ်စတစ်များသည် နှစ်ပေါင်းထောင်ချီ ခိုင်ခန့်ပြီး ဖျက်ဆီးပစ်ရန် ခက်ခဲသည့်အတွက် သဘာဝပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွား ထိခိုက်စေပြီး ပလပ်စတစ်အမှိုက်များ ထုထည်ပိုများလာလေလေ မြေသယံဇာတန်ဖိုးလည်း မဲ့လာလေဖြစ်သည်။

၄။ အစားအစာများကို စွန့်ပစ်ခြင်း

အစားအသောက်ဆိုသည်မှာ သယံဇာတတစ်မျိုးပင်ဖြစ်သည်။ ထို့ကြောင့် အစားအစာစားသည့်အခါ အပိုအလျှံမဖြစ်အောင် ဂရုစိုက်စားသောက်သင့်သည်။ မိမိစားနေသော အစားအသောက်များ မိမိထက် ကံဆိုး၍ စားသောက်နိုင်မည်မဟုတ်ဟု သဘောထားသွင်းသင့်သည်။ ထို့အပြင် အဆိုပါအစားအသောက်များကို ကုန်ကြမ်း(ဆန်၊ စပါး၊ ပြောင်းနှင့် အျခားကောက်ပဲသီးနှံများ) ထုတ်ရန်အတွက် သစ်တောများကို ခုတ်ထွင်ရှင်းလင်းရခြင်း၊ ရေ၊ မြေသယံဇာတများ ထိပါးပ်က္စီးစေခြင်း၊ လူ့အရင်းအမြစ်ကို ထည့်သွင်းရခြင်းစသည်တို့အပြင် သယ်ယူပို့ဆောင်ရေးနှင့် ကုန်ချောထုတ်လုပ်မှု၊ ပြုပြင်ခြင်းလုပ်ငန်းအဆင့်ဆင့်တွင် အသုံးပြုရသော ဓာတ်ငွေ့နှင့် လျှပ်စစ်မီးစသည်တို့ကို အသုံးပြုရသည်။ ထို့ကြောင့် အစားအသောက်များကို စွန့်ပစ်ရသည်အထိ အပိုအလျှံဖြစ်အောင် မစားသင့်ပါ။ အထူးသဖြင့် စားကြွင်းစားကျန်များကို စနစ်တကျ မစွန့်ပါကလည်း ရေလမ်းကြောင်းနှင့် အခြားသော ရေနေပတ်ဝန်းကျင်များတွင် အော်ဂဲနစ်ဒြပ်စင်များ တိုးပြားလာကာ ရေညှိပွင့်များကြီးထွားမှုကို တိုးလာစေနိုင်သည်။

၅။ စက္ကူအသုံးပြုခြင်း

စက္ကူကို ပုံစံအမျိုးမျိုးဖြင့် လူသားများနေ့စဉ်အသုံးပြုကြသည်။ မီးဖိုချောင်၊ ထမင်းစားခန်းမှသည် ပုံနှိပ်မီဒီယာများ၊ အစိုးရရုံးများအထိ စက္ကူကို သုံးစွဲကြသည်။ ဥပမာ အိမ်သာသုံးစက္ကူ (tissue role)မွ အစိုးရဌာနထုတ်ပြန်ချက်များအထိ စက္ကူ ကို သုံးသည်။ လူသားများသည် စက္ကူကို အသုံးချစရာ ပစ္စည်းဟူ၍သာမြင်ပြီး ထိုစက္ကူများကို ဝါးပင်၊သစ်ပင်များမှ ထုတ်လုပ်သည်ကိုတော့ လျစ်လျူ ရှုထားကြသည်။ ကျွန်ုပ်တို့၏ လူနေမှုဘဝပုံစံကြောင့် စက္ကူများ၏ ဝယ်လိုအားမှာ တိုးပွားလျက်ရှိသည်။ ထိုသို့ တစ်ရှုးနှင့် စက္ကူများ ဝယ်လိုအား ဆက်တိုက်တိုးပွားလာခြင်းကြောင့် စျေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းရန် ဝါးပင်၊ သစ်ပင်များကို ပိုမိုခုတ်လှဲလာကြသည်။ သစ်တောပြုန်းတီးမှု မြင့်တက်လာခြင်းတွင် စက္ကူ အသုံးပြုမှုကလည်း တစ်ထောင့်တစ်နေရာက ပါဝင်သည်။

ကေဇက်အေ ရေးသည်။

အပိုင်း(၂) ကို ဆက်လက်ဖော်ပြပါမည်၊

ဓာတ်ပုံ-အင်တာနက်

About The Author

greenness_mm

No Comments

Leave a Reply