နားရှိ၍သာ

နားရှိ၍သာ

* မြစ်တစ်သွယ်ကို ချစ်တယ်ဆိုသည့်
ထိုထိုစကား ဖန်ဖန်ကြားရ
နားဝသကာ ချိုမြိန်စွာလည်း…။
* မြစ်ရေပြင်၌ ပုံအောတိုက်အောင်
အမှိုက်ပေါလော ဘယ်သူမျှော ။
* သန့်သောမြစ်ရေ ညစ်စွန်းလေအောင်
ကောင်သေပုပ်ပွ ဘယ်သူချ ။
* သန့်သန့်စင်စင် မြစ်ရေပြင်ဝယ်
ကျင်ငယ်ကျင်ကြီး ပုပ်ယိုစီးကို
တားဆီးမဝံ့ ဘယ်သူစွန့် ။
* စက်ရုံညစ်ကြေး ဓာတုဆေးနှင့်
ဘေးထွက်သောင်းပြောင်း ဤမြစ်ကြောင်းမှာ
မြောင်းသွယ်စွန့်ထုတ် ဘယ်သူလုပ် ။
* မြစ်တစ်သွယ်ကို ချစ်တယ်ဆိုသည့်
ထိုထိုစကား နှုတ်ထွေပြားကို
နားရှိ၍သာ ကြားရပါလည်း
သာဓုခေါ်ရေး အလှမ်းဝေး ။
ယုံရခက်ခက် ရှက်လှသေး ။ ။
ချစ် စု အောင်

About The Author

greenness_mm

No Comments

Leave a Reply