အစာကျွေးမယ့်သူကို မျှော်နေရှာတဲ့ မျောက်ကလေးတွေ

အစာကျွေးမယ့်သူကို မျှော်နေရှာတဲ့ မျောက်ကလေးတွေ

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့ရှိ သမိုင်းဝင်ကျောက်တော်တောင်ဘုရားမှာနေထိုင်ကြတဲ့မျောက်တွေဟာ အစား အစာတွေစားရဖို့ ဘုရားဖူးတွေကိုသာမျှော်နေကြရပါတယ်။
အဲဒီဘုရားဂေါပကအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးအောင်ထွန်းမြက”အသီးအနှံတွေ၊ငတ်တော့ မြက်ကလေးတွေကို ရှာစားတယ်။မစားရတာကြာရင် တံတားသို့ သွားပြီး လူတွေဆီက အစာတောင်းကြတယ်။ကားတွေနဲ့တိုက်မိလို့ သေသွားကြတာတွေလည်း ရှိတယ်။”လို့ ဆိုပါတယ်။
အဆိုပါကျောက်တော်တောင်ဘုရားတောင်တန်းတွင် မျောက်ကောင်ရေ တစ်ထောင်နီးပါးနေထိုင်နေကြတာဖြစ်ပြီး ရခိုင်စစ်ပွဲမှ ခုအချိန်ထိ မြန်မာစစ် တပ်က ဘုရားတောင်ပေါ်မှာ တပ်စွဲထားဆဲဖြစ်ပါတယ်။
အဲဒီကျောက်တော်တောင်ဘုရားမှာနေပြီးမျောက်စာများရောင်းချနေတဲ့ ဒေါ်သိန်းရင်က”ခုတော့ ဘုရား ဖူးနည်းနည်း ပါးပါးလာကြပါတယ်။ဘုရားဖူးအလာနည်းတော့ မျောက်တွေက အစာမဝကြဘူး။”လို့ ဆိုပါတယ်။
ရခိုင်မှာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှစတင်ကာမြန်မာ စစ်တပ်နှင့်ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲများရပ်တန့်ပြီးနောက် ပိုင်းမှသာ ဘုရားဖူးများကိုလာရောက်ခွင့်ပြုထားပေမယ့် မြန်မာစစ်တပ်ဖက်က
ဘုရားတောင်ပေါ်မှာ ဒီနေ့ထိစခန်းချတပ်စွဲနေထိုင်နေကြဆဲဖြစ်ပါတယ်။

BNA သတင်းမှကူးယူဖော်ပြပါသည်။

About The Author

greenness_mm

No Comments

Leave a Reply