တရုတ်နိုင်ငံမှာ ခေတ်စားလာတဲ့ လယ်သမားသစ် လှုပ်ရှားမှု
လွန်ခဲ့တဲ့ အနှစ် ၄၀ ၊ ၅၀ လောက်က တရုတ်ကွန်မြူနစ်အစိုးရက မြို့ပြထွန်းကားရေး နဲ့ ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးကိုဇောင်းပေးပြီး ဆိပ်ကမ်းမြို့တွေ နဲ့ စီးပွားရေး ဇုံတွေကို တိုးချဲ့က ပြည်တွင်း အခြေခံ အဆောက်အအုံ တွေကိုတိုးမြှင့်ခဲ့ပါတယ်။
မြို့ပြစနစ်တွေ ထွန်းကားလာပြီးနောက် မြို့ပြ ယဉ်ကျေးမှုစနစ်နဲ့ လူတွေက စက်ရုပ်တွေ သဖွယ် အလုပ်တွေကို လုပ်ကိုင်လာရပါတယ်။ မြို့ပြတွေမှာ လုပ်သားအင်အားတွေ တိုးအောင်လို့ ရွှေ့ပြောင်း တွေကို မြို့ပြမှာအခြေစိုက်ခွင့်ပေးလိုက်တဲ့အတွက် လုပ်သားတွေက အလုပ်အတွက် ယှဉ်ပြိုင်မှုတွေများလာရပါတယ်။
ခေတ်မီလူ့အဖွဲ့အစည်းကြီး တွေတစ်ခုပြီး တစ်ခုဖြစ်လာပြီးနောက်မှာ အလုပ်လုပ်ရတဲ့ အချိန်တွေ တိုးလာသလို ရတဲ့ လုပ်အားခနဲ့ မြို့ပြ အသုံးစရိတ်တွေက ပိုပိုလျှံလျှံ မဖြစ်တော့ပါဘူး ။ အဲ့ဒိတော့ မြို့ပြက လူငယ်အများစု က မြို့ပြစီးမျောမှုကို တဖြည်းဖြည်းနဲ့ နှာခေါင်းရှုံ့လာကြပါတယ်။
အဲ့ဒိတော့ သန်းပေါင်း များစွာသောလူငယ်တွေက မြို့ ပြကနေထွက်ပြေးပြီး ဘဝသစ်တစ်ခုကို တည်ထောင်ဖို့ အတွက် ကြိုးစားလာကြပါပြီ ။ အဲ့ဒိဖြစ်စဉ်ကို လယ်သမားသစ်လှုပ်ရှားမှုလို့ခေါ်ပါတယ်။
ရှန်ဟိုင်းမြို့က fortune 500 ဆိုတဲ့ ကုမ္ပဏီမှာ ၁၀နှစ်ကျော် အလုပ်လုပ်ခဲ့တဲ့ ဟူစီကင် ဆိုတဲ့အမျိုးသမီး က ပိုက်ဆံကို ကျစ်ကျစ်ပါအောင်စုပြီး ရှန်ဟိုင်းမြို့ပြင်မှာမြေကွက်တစ်ခု ငှားပြီး စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်ခဲ့ပါတယ်။
အော်ဂဲနစ် အပင်တွေ စိုက်တဲ့ သူမက “ လူတွေက ရုပ်ဝတ္ထု ချမ်းသားမှုတွေ နောက်ကို လိုက်ပြီး ဘဝကို ပိတ်လှောင်ခံနေကြတာပါ။ မကျေနပ်မှုတွေနဲ့ အရာရာကို ခေါင်းငုံ့ခံခဲ့ရတဲ့ ဘဝကမှ တကယ်ငြီးငွေ့ဖို့ ကောင်းတာပါ။ အဲ့တော့ ကျမက ဘာကိုစစဉ်းစားလဲဆိုတော့ ၊ ဘဝရဲ့ရည်ရွယ်ချက်က ဘာလဲ ၊ ဘာအတွက်ရှင်သန်နေထိုင်နေရတာလဲဆိုတာကို စဉ်းစားလာရတောပေါ့” လို့ ဆိုပါတယ်။
သူမနဲ့စိတ်ကူးချင်းတူတဲ့ လူငယ်တွေ စုပေါင်းပြီး အချို့တစ်ဝက်က မြို့ပြမှာ အလုပ်လုပ်တယ်။ အချို့ က တောနယ်ဖက်မှာ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းတွေ လုပ်လာကြပါတယ်။
ကျမတို့နိုင်ငံက နှစ်ကို ထောင်နဲ့ချီပြီ စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်လာကြတာပါ။ ကျမတို့ ၂၀ ရာစုအစောပိုင်းကို ပြန်သွားဖို့ ပြင်ဆင်ခဲ့ကြပါတယ်” လို့ ဆိုပါတယ်။
အခုတော့ တရုတ်လူငယ်တွေက တောပိုင်းကို သွားပြီး ခေတ်မီတဲ့ လယ်ယာလုပ်ငန်းတွေဆီကို သွားနေကြပါပြီ ။ သူတို့က မြို့ပြဆိုတာ အပြင်ပိုင်းမှာပျော်စရာတွေ ရှိပေမဲ့ အတွင်းမှာတော့ ဘာအနှစ်သာရမှ မရှိပါဘူးလို့ ဆိုလာကြပါပြီ ။
ရှန်ဟိုင်းမြို့ပြင်မှာ ဓာတ်မြေသြဇာကင်း ၊ ပိုးသတ်ဆေးကင်းတဲ့ သြဂဲနစ် ကန်စွန်းဥတွေ ၊ ပဲတောင့်ရှည်တွေ နဲ့ အခြားကောက်ပဲသီးနှံတွေ ကို စိုက်ပျိုး နေကြပါတယ်။
အခုဆိုရင် လယ်သမားသစ် လှုတ်ရှားမှုက ကောင်းကောင်း အသက်ဝင်လာလို့ အစိုးရ က အဲ့ဒိလှုတ်ရှားမှုအတွက် ထောက်ပံ့ပေးမှုတွေ လုပ်လာပါတယ်။ မြို့ပြကိုစွန့်ပြီး လယ်ယာလုပ်လိုတဲ့ လူငယ်တွေကို စာရင်းကောက်ခံရာမှာတော့ သန်း၂၀ ကျော်တောင် ရနေပါပြီ။
မောင်ယဿ
REF: euronews
Photo : greenhouse
No Comments