အိန္ဒိယ အမျိုးသမီး အမြဲစိမ်းတော အဖွဲ့ မြွေဟောက်တွေကို ထိန်းသိမ်းနေရပြီ

အိန္ဒိယ အမျိုးသမီး အမြဲစိမ်းတော အဖွဲ့ မြွေဟောက်တွေကို ထိန်းသိမ်းနေရပြီ

ယူနက်စကို ယဉ်ကျေးမှုအမွေအနှစ် စာရင်းပေါက်တဲ့ အိန္ဒိယနိုင်ငံအနောက်ပိုင်း က ဂါရက်တောင် ပတ်ပတ် လည်က ဂုရုကူလာ ရုက္ခဗေဒ ဥယျာဉ်က မျိုးတုန်းနိုင်တဲ့ အပင်မျိုး ၊ အကောင်မျိုး ၊ ငှက် ၊ တွားသွား နဲ့ ငါး မျိုး ၃၂၀ ကျော်ကို ထိန်းသိမ်းထားတဲ့ နေရာပါ။ အဲ့ဒီဥယျာဉ်ရဲ့ ထူးခြားချက်က အမျိုး သမီး ၂၇ ယောက်နဲ့ ဖွဲ့ ထားတဲ့ အမြဲစိမ်းတော အဖွဲ့ ပါပဲ ။ သူမတို့ က အန္တရာယ်ရှိနေတဲ့ မျိုးစိတ်တွေကို အထူးကာကွယ်စောင့်ရှောက်ပေးတဲ့အဖွဲ့ ပဲဖြစ်ပါတယ်။ သူမတို့ က အဲ့ဒိတောင်ပတ်ပတ်လည်မှာ ရှိတဲ့ အပင် ၊ အကောင် ၂မျိုးလုံး ရဲ့ ဇီဝစောင့်ရှောက်မှု လုပ်ငန်းတွေကို လုပ်ကိုင်နေတာပါ။
“ ကျမတို့ အဖြစ်က ပြန်သုံးသပ်ကြည့်တော့ ဒုက္ခသည် စခန်းထဲကို ရောက်နေသလိုလို ၊ ဆေးရုံထဲကို ရောက်နေသလိုလို ဖြစ်နေတယ်။ အဲ့ဒိထဲက အရာတွေကို ကယ်တင်ရေး ၊ ပြုစုစောင့်ရှောက်ရေး တွေ လုပ်နေရသလိုပါပဲ “ လို့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ စူပရာဘဟာ ဆီရှန် ကို ဆိုပါတယ်။ “ ကျမတို့မှာ လည်း အရေးပေါ်ခန်း ( ICU ) ဆိုတာ ရှိပါတယ်။
ပျက်စီမှုများလာတဲ့ အပင်တွေ ဆိုရင် အိုး တွေနဲ့ ပြန်ပျိုးရပါတယ်။ ဒီဧရီယာထဲမှာတောင် မျိုးတော်တော်များ များ ဆုံးရှုံး မှုရှိနေပါတယ်။ ဒီတောရဲ့အပြင်ကဆိုရင်တော့ အရင်နှစ် ၃၀ လောက်နဲ့ ယှဉ်ကြည့်ရင် တော်တော်ကြီး ကို ပြုန်းကုန်ပါပြီ ။အခုအပူရှိန် က ကဲလာတော့ ဒေသခံ အပင်တွေတောင် ကောင်းကောင်းမရှင်ချင်တော့ဘူး “ လို့ ဆိုပါတယ်။ ဂူရုကူလာ ဥယျာဉ်ကို လွန်ခဲ့တဲ့ နှစ် ၅၀က ဂျာမန်သစ်တော ထိန်းသိမ်းရေးသမား ဝုဂေါင်သုရာဖတ် က တည်ထောင်ပေးခဲ့တာပါ။
“ ဂုရုကြီး နဲ့အတူ ဆုတ်ခွာခြင်း “ လို့ အဓိပ္ပါယ်ရတဲ့ ဥယျာဉ် ကြီးမှာ မြွေဟောက်မျိုးတွေ လုံးပါးပါးလာလို့ ပြန်ပြီး ရှိလာအောင်လို့ အမျိုးသမီးတွေက သားစပ်တဲ့ လုပ်ငန်းတွေ လုပ်နေရပါတယ်။ “ လက်ရှိအထိကတော့ အောင်မြင်တယ်လို့ ပြောရမှာ ပါ ။ အကောင်တွေဖောက်လို့ ကတော့ ပြီးသွားပါပြီ ။ သူတို့ အတွက် တောထဲမှာ အသိုက်လုပ်ပေးဖို့ ကိစ္စတော့ ရှိနေပါသေးတယ်။ နောက်ပြီးတော့ ဒီက အပင်တွေကိုလည်း နွားသေးနဲ့ လုပ်ထားတဲ့ သဘာ၀ မြေသြဇာတွေ လိုက်ဖြည့်ဖို့ ကိစ္စလည်း ရှိပါသေးတယ်။ ကံကောင်းတာက ကျမတို့ ရွာတွေမှာ ပလက်စတစ် အသုံးမတွင်သေးလို့ အမှိုက်တွေ မပုံသေးတာပါပဲ “ လို့ အဲ့ဒိအမျိုးသမီးက ဆိုပါတယ်။
မောင်ယဿ (ဒီဇင်ဘာ ၁ )
REF; euronews
Photo : euronews

About The Author

greenness_mm

No Comments

Leave a Reply