သဘာဝ၏ ဟာမိုနီ
ကျွန်တော် ကြည့်နေစဉ်မှာပင် လမ်းဘေးရှိ သစ်ပင်များ နောက်တွင် တရိပ်ရိပ် ကျန်ရစ်ခဲ့ကြသည်။ ထိုသစ်ပင်များသည် ဘယ်တော့မှ ဆုံး တော့သည့် အတိုင်းပင်။ သစ်ပင်တစ်ပင်နောက်သို့ သစ်ပင်တစ်ပင်က လိုက်ပါသွားသည်။ တစ်ပင်ပြီး တစ်ပင် … နောက်တစ်ပင်ပြီး နောက်တစ် ပင်။ ထိုအခါ စီတန်းနေသော သစ်ပင် အတန်းကြီးသည် တဝဲလည်လည်နှင့် ကျန်ရစ်ခဲ့ကြတော့သည်။ ကျွန်တော့် စိတ်ထဲမှာ ကားစီးရင်း ကြည့်နေရသည်ဟု မထင်ဘဲ ခြားရဟတ်စီးရင်း ကြည့်နေရသလို ထင်မိလေသည်။
နေရောင်သည် ညနေချိန်််ဖြစ်သောကြောင့် စူးလည်းစူး၊ တောက်လည်းတောက်ပလှသည်။ ပြဇာတ်ခင်းနေသည့် ဇာတ်ခုံပေါ်မှာ စလိုက်မီးတွေ ပြိုင်ထိုးသည့်အတိုင်းပင်။ ကျွန်တော်သည် ပြေးနေသည့် ကားပေါ်မှာ လိုက် ပါလာရင်း ညနေခင်းပြဇာတ်ကို ထိုင်ကြည့်ရသည်နှင့် တူနေလေမလားမသိ။ သဘာဝက်လွေသာ ပြဇာတ်တစ်ပုဒ်။ သို့မဟုတ် ညနေခင်း ရှုခင်း ပန်းချီကား တစ်ချပ်။ တစ်ခါတစ်ခါ နေရောင် စူးရဲရဲက ကျွန်တော့်မျက်စိကို ကျိန်းစေသည်မှ အပ ကြည့်၍ ကောင်းလှသော အခင်းအကျင်းတစ်ခုပါပေ။ ခံစား၍ ကောင်းလှသော မ်က္စိပသာဒ တစ်ခုပါပေ။ ပီတိဖြစ်ဖွယ်ကောင်းလှသော စိတ်လှုပ်ရှားမှု တစ်ခုပါပေ။
ကျွန်တော်သည် ယခုနောက်ပိုင်း သစ်ပင်များကို အမြင်တစ်မျိုးဖြင့်ကြည့်ဖြစ်နေသည်ဟု ဆိုရပေမည်။ယခင်ကသော် မိမိပတ်ဝန်းကျင်မှာ သစ်ပင်များ ရှိနေပါလျက် မရွိသလို နေမိသည်။ သစ်ပင်များကို မြင်နေပါလျက် မမြင်သလို နေမိသည်။ သစ် ပင်များကို ထူးထူးခြားခြား စိတ်ဝင် စားစရာဟု မထင်မိခဲ့ချေ။ သို့သော် ယခုအခါမှာတော့ သစ်ပင်များသည် ကျွန်တော်၏ ဇာတ်လိုက်များ ဖြစ်နေကြလေပြီ။ ကျွန်တော့် မ်က္လုံးကို ညှို့ငင်နေသည့် အာရုံများ ဖြစ်နေကြလေပြီ။ ကျွန်တော် သူတို့ကို မကြည့်ဘဲ မနေနိုင်။ သူ့တို့အကြောင်း မေတြးဘဲ မနေနိုင်။ သူတို့ကို ကျွန်တော် စိတ်ဝင်စားမိနေပြီ။ ကျွန်တော်သည် သူတို့ကို မိမိ၏ သွေးရင်း သားရင်းလို သဘောထားချင်သည်။ သူတို့ကို မိမိ ၏ ငယ်ပေါင်းကြီးဖော်လို ဆက္ဆံ ချင်သည်။ သူတို့နှင့်အတူ သေတူ ရှင်ဖက်လို ပေါင်းသင်း နေထိုင်ချင်သည်။ သူတို့သည် ကျွန်တော့်ဘဝ၏ မပါမဖြစ်သော အစိတ်အပိုင်းများပင် မဟုတ်ပါလား။
ကျွန်တော်သည် နေရောင်ဖြာကျနေသော သစ်ပင်များကို ငေးကြည့်နေမိသည်။ နေရောင်သည် ရွှေရောင်သမ်းလျက်။ သစ်ရွက် သစ်ခက်များသည် ရွှေရောင် ဆမ်းလျက်။ သစ်ပင်များသည် တိုက်ခတ်နေသော လေကို ရွူရွိုက္ကာ နေရောင်၏ အပွေ့အဖက်ကို ခံစားနေကြလေသည်။ လေ၊ နေ၊ သစ်ပင်။သူတို့သည် အနှောင့်အယှက် အတားအဆီးမရွိဘဲ လွတ် လပ်နေကြသည်။ လိုက်လျောညီထွေ ရွိလွေသာ သဘာဝ အေနအထား တစ်ခုပင်။ ကျွန်တော်သည် သူတို့ကို ကြည့်ရင်း စိတ်ချမ်းသာနေသည်။ တမင်ဖန်တီးထားမှုများ မပါဝင်သည့်အတွက်လည်း ပျော်ရွှင်ဝမ်းမြောက်မိသည်။ သူတို့၏ ထိုအခင်းအကျင်းကို မြင်ရလေလေ ကျွန်တော် ပီတိဖြစ်မိလေလေပင်။ အလင်္ကာကျမ်းများထဲမှာ သစ်ပင်ရေမြေတောတောင်တို့၏ အလွအပကို မြင်ရသောအခါ ခံစားလိုက်ရသည့်နှစ်သက်ခြင်း ကိုလည်း ရသတစ်မျိုးပင်ဟု ဖွင့်ဆိုပြထားပါသည်။ ထိုကြောင့် ကျွန်တော်သည် သဘာဝက ပေးအပ်သော နှစ် သက်ခြင်းကို ရရွိသူ တစ်ယောက်လို ပျော်ရွှင်မိခြင်း ဖြစ်ပါသည်။
သဘာဝက ပေးအပ်သော ရသကို ခံစားဖို့ ဆိုသည်မှာလည်း နေရာမရွေး အချိန်မရွေး အခါခပ်သိမ်း ရနိုင်သည်မဟုတ်ချေ။ သဘာဝ၏ ဖြစ်စဉ်များ မပျက်မစီး ရှိနေပါမှ၊ သဘာဝ၏ အလွအပမ်ား မဆိတ်သုဉ်း မပျောက်ကွယ်ပါမှ ရရှိနိုင်သော အရာမ်ား ဖြစ်ပါသည်။ ယခု အခိုက်အတန့်ပင် ကြည့်ပါ။ နေရောင်ကလည်း သဘာဝက်က် ဖြာကျနေသည်။ သစ်ပင်များကလည်း သဘာဝက်က် ပေါက်နေသည်။ လေကလည်း သဘာဝက်က် တိုက်ခတ်နေသည်။ ထိုသဘာဝဖြစ်စဉ်ကို ဟန့်တားမည့်သူများ မရွိ။ နှောင့်ယှက်မည့် အရာမ်ား မရွိ။ ထို့ကြောင့် ကျွန်တော်သည် သဘာဝကရေးဆွဲသည့် ရှုခင်းတစ်ကွက်ကို လွတ်လွတ်လပ်လပ် ကြည့်ရှုနိုင်ခြင်း ဖြစ်သည်။ သဘာဝက ပေးအပ်သော ရသကို ခံစားနိုင်ခြင်း ဖြစ်သည်။
သဘာဝသည် အတားအဆီး မခံရသမျှ ကာလပတ္လုံး သဘာဝကျနေပေလိမ့်မည်။ အတားအဆီးခံလိုက်ရပြီ ဆိုသည်နှင့် သဘာဝကျတော့မည် မဟုတ်ချေ။ ထိုအခ်က္က ရှင်းပါ သည်။ သို့သော် ထိုအခိုက်မရှင်းမလင်း ဖြစ်နေသူများသည် သဘာဝ၏တန်ဖိုးကို လျစ်လျူ ရှုကြလေတော့သည်။ ထိုအခါ ဘာဖြစ်သ နည်း။ သဘာဝမကျသည်မှ တစ်ပါးဘာမှ မဖြစ်ပါဟု ဆိုချင်သူများ ရှိကောင်းရှိကြပါလိမ့်မည်။ ဟုတ်ပြီ။ သို့ဆိုပါလျှင် သဘာဝ မကျတော့ခြင်းသည် သဘာဝကို သတ်လိုက်ခြင်းဟုရော မမြင်သင့်ပါသလော။ဤနေရာတွင် ခေတ္တရပ်တန့်၍ ကျွန် တော်တို့ ပတ်ဝန်းကျင်တွင် သဘာဝမကျတော့သည့် ဖြစ်ရပ်များကို ပြန်ပြောင်း စဉ်းစားကြည့်သင့်ပါသည်။ဥပမာ – ပူလွန်းသောကြောင့် အဲယားကွန်းတပ်ဆင်ခြင်း။ ပန်ကာသုံးခြင်း။ခရီးလမ်းကို ချုံ့ချင်သောကြောင့် စက်တပ်ယဉ် အမျိုးမျိုး အသုံးပြုခြင်း။ အသီးအနှံ အထွက်တိုးချင်သောကြောင့် ဓာတ်မြေသြဇာသုံးခြင်း။ နဂိုရှိသည်ထက် ပို၍လှပချင်သောကြောင့် အလှပြင်ပစ္စည်းများ အသုံးပြုခြင်း။ စသည့် ဖြစ်ရပ်များသည် သဘာဝကို သွေဖည် ကျောခိုင်းသွားသော အရာမ်ား ဖြစ်ပါသည်။ တစ်နည်းပြောရလျှင် သဘာဝမကျတော့သည့် ဖြစ်စဉ်များ ဖြစ်ပါသည်။ ကျွန်တော်တို့ ပတ်ဝန်း ထိုကျင်မှာ သဘာဝကို ဖျက်ဆီးပစ်လိုက်သော အရာမ်ား မည်မျှ တိုးပြား များပြား လာကြပြီနည်း။ ကျွန်တော်တို့သည် လူနေမှု ခေတ်စနစ်၏ တောင်းဆိုမှုအရ သဘာဝကျသည့်အရာများ နေရာမှာ သဘာဝမကျသည့်အရာများကို အစားထိုး သုံး စွဲလာရတော့သည်။ ထိုအခါ ကျွန် တော်တို့သည် သဘာဝကို တဖြည်း ဖြည်း ကျောခိုင်းကာ သဘာဝမက်မွုထဲ တစ္စတစ္စ နစ်မြုပ် ပျော်ဝင်လာရသည်နှင့် တူနေတော့သည်။ ကျွန် တော်တို့ သဘာဝဆီသို့ ဘယ်အချိန်ပြန်သွားကြမည်နည်း။ သို့မဟုတ် သဘာဝကို တဖြည်းဖြည်းချင်း စွန့်ခွာချန်ထားခဲ့မှာလား။ ထိုမေးခွန်းများကို အပူတပြင်းမေးကာ စဉ်းစဉ်းစားစား အဖြေရှာရတော့မည်။ အဘယ်ကြောင့်ဆိုသော် သဘာဝသည် ကျွန်တော်တို့ကို သည်အတိုင်း မလှုမ်မယှက် ငြိမ်ပြီး ကြည့်နေမှာ မဟုတ်သောကြောင့်ပင်။ တစ်ချိန်ချိန်မှာ သဘာဝက ကျွန်တော်တို့ကို တစ္စုံတစ္ခု ဆိုးဆိုးရွားရွား ပြုလုပ်ခဲ့သော် ကျွန်တော်တို့ မည်ကဲ့သို့ တုံ့ပြန်ကြမည်နည်း။ သဘာဝကို အပြစ်တင်စကားဆိုရင်း မျက်ရည်လည်ရွဲလေးနှင့် သဘာဝပြုသမျှ နုရတော့မည်လော။ကျွန်တော်တို့မှာ ယခုကဲ့သို့ သဘာဝဆန်သည့် ရှုခင်းမျိုး၊ မြင်ကွင်းမျိုး ဘယ်နှခုလောက်များ ကျန်ပါသေးသနည်း။ ကျွန်တော်သည် တရိပ်ရိပ်ပြေးနေသည့် ကားပေါ် မွ မြင်ရသော
သစ်ပင်များကို ငေးရင်း တွေးနေမိခြင်း ဖြစ်ပါသည်။ တျခား ဝေးဝေးမကြည့်ပါနှင့်။ ယခုပင် ကြည့်ပါ။
ကျွန်တော်သည် မော်တော်ကားစီးကာ အိမ်ပြန်နေခြင်း ဖြစ်သည်။ သဘာဝရှုခင်းများကို ယခုလက္တေလာ မြင်နေရသော်လည်း ခဏကြာလျှင် ထိုမြင်ကွင်းများ ပျောက်ကွယ်သွားတော့မည်။ ကျွန်တော်သည် သဘာဝကျသော နေရာမှ သဘာဝမကျသော နေရာသို့ သွားနေသည်နှင့် တူပါသည်။ ကျွန်တော့်အဖို့ သဘာဝ၏ အလွအပကို မြင်ရသည်မှာ တစ္ခဏ။ သဘာဝမကျသော အရာမ်ားကို မြင်ရသည်မှာ ထာဝရ။ ထိုကဲ့သို့ပင် ဆိုရတော့မည် ထင်၏။ တကယ့် လက်တွေ့မှာလည်း ကျွန်တော်သည် မကြာခင် အချိန်အတောအတွင်း မြို့ပြ၏ ဆူညံရှုပ်ထွေးမှုထဲ တိုးဝင်ရပေတော့မည်။ မီးခိုးငွေ့များ၊ ကြော်နံ့ ညှော်နံ့များ၊ ရေဆိုးမြောင်းများ၊ ယင်တလောင်းလောင်းအမှိုက်များ၊ လျှပ်စစ် မီးရောင်စုံများ၊ တဝီဝီလည်နေသော ပန္ကာမ်ား စေသာ အရာများကြားမှာ နေထိုင် အသက်ရှင်ရပေဦးမည်။
ကျွန်တော်သည် နေရောင်မကုန်သေးသော ညနေခင်းကို ငေးနေမိဆဲ။ သစ် ပင်များသည် ကျွန်တော့် မြင်ကွင်းထဲမှာ တဖြည်းဖြည်းကျဲပါးလာကြသည်။ သစ်ပင်ရိပ်များ ပိုမို ရှည်လျားလာကြပြီ။ လင်းနေသော ပတ်ဝန်း ကျင်သည် အမှောင်ရိပ်များကို နေရာဖယ်ပေးလိုက်ရပြီ။ လယ်ကွင်းများ နေရာမှာ အိမ်ခြေများ ရောက်လာခဲ့လေပြီ။ မြို့ပြနှင့် နီးလာလေလေ သဘာဝနှင့် ဝေးလေလေဟု ဆိုရလေမလား မသိ။ ကျွန်တော်သည် သစ်ပင်၊ လေ၊ နေ တို့၏ ဟာမိုနီ ဖြစ်မှုကို မကြာခင် ကျောခိုင်း ချန်ထားရတော့မည်။ အဘယ်ကြောင့်ဆိုသော် သဘာဝ မကျ ဖန်တီးထားသော မော်တော်ကား တစ်စင်းသည်ကျွန်တော့်ကို သဘာဝမကျသော အရပ်ဒေသသို့ အပြေးအမြန် ခေါ် ဆောင်နေသောကြောင့် ဖြစ်ပါသည်။ ကျွန်တော်သည် နေရောင်ကို နောက် ဆုံး နှုတ်ဆက်သည့် အနေဖြင့် ကြည့်လိုက်သည်။နေလုံးက သဘာဝဖြစ်စွာဝင်သွားသည့်အချိန်မှာ ကျွန်တော်ကတော့ သဘာဝမကျစွာပင် မြို့ထဲသို့ ဝင်လာခဲ့ပါပြီ။ ထိုအခါ မြို့အဝင်ဂိတ်မှာ ပိတ်ဆို့နေသော ကားပေါင်းစုံတို့၏ ဆူညံသော ဟွန်းတီးသံက ကျွန်တော့်နားထဲသို့ တစ်ပြိုင်တည်း တိုးဝင်လာကြပါတော့သည်။ ။
photo-Tun Ko
No Comments