စကားရင်ကွဲ

စကားရင်ကွဲ

ဇာပုဝါပါး
မြူတွေ…
မှိုင်းညို့တောင်တန်းတစ်ဖက်
စိမ်းတစ်ဝက်
ပြာရည်လဲ့ ညိုမှောင်
ဝါးရွက်ကလေး
မြေပြင်ပေါ် နားနေပေါ့
ကိုင်းခြောက်ခို
ရင်ကွဲနေသူရယ်
လေချွန်သံထဲ
အငိုတွေ ထပ်ထပ်ထည့်
တောင်တွေဆီ…
ပဲ့တင်ထပ်စေခဲ့တယ်။
သင်းရည်လွင်

About The Author

greenness_mm

No Comments

Leave a Reply