အမာရွတ်

အမာရွတ်

သစ်ပင်တွေက မနုပျိုတော့တာကလွဲရင်
အရင်တုန်းက နာမည်တွေအတိုင်းပဲ
သီးမြဲ ပွင့်မြဲ လှမြဲ စိမ်းမြဲ
စကားပြောရင် အဲဒီတုန်းကလို့ ထည့်ထည့်ပြောရတယ်
တချို့အရာတွေက မရှိတော့ဘူး
မရှိတော့တဲ့အထဲ ကိုယ့်ငယ်ရွယ်မှုပါ ပါသွားတယ်
ရေဆင်းချိုးခဲ့ဖူးတယ် ဆိုတဲ့အဖြစ်နဲ့
ဓားထစ်ပြီး မှတ်သားထားခဲ့တဲ့ မြစ်ရေတွေဟာ
အထစ်အငေါ့မရှိ စီးဆင်းသွားပေါ့
ရေတိုက်စားခြင်းခံရတဲ့ ကမ်းပါးတွေသာ ငေးကျန်ရစ်ခဲ့ ။ ။

#စိုးခိုင်ညိမ်း
illustration-Amadeus

About The Author

greenness_mm

No Comments

Leave a Reply