ရိုင်းတဲ့မြစ်
နွေဦးရဲ့သောင်ခပ်မှုထဲ
မြစ်ဝမှာ ခေါင်ရေဆုတ်တော့
သောင်လွဲကမ်းများ အစီအရီပေါ်လို့
ဒီရိုက်သံချိုအလင်္ကာမှာ
ရိုးရေစစ်ပြီ နဒီ။
ကြည့်စမ်းပါဦး
လတာနုန်းပြင် မဲကျံလိမ်းလျက်
ဆူးခက်တင်ရင်း ဒီမျှော်ဆင်းသည်
မျက်နှာမွဲချို ကပ်ပါးအိုလဲ
ကမ်းပျိုငယ်ဝယ်
လှေငယ်ခေါင်ထီး နေစောင်းပြီးလျှင်
နဒီလွမ်းတေးဖွဲ့မိသည်။
ကေဇော်မိုး
No Comments